မေယုမျိုးအောင်
RB News
1.3.2013
ရိုဟင်ဂျာ လူမျိုးများကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတ စ၀် ရွှေသိုက်မှ
အသိအမှတ် ပြုခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု၊
ကာကွယ်ရေးဝန်ကြီး ဦးဘဆွေနှင့် ၀န်ကြီးအဖွဲ့ ဆုံးဖြတ်ချက် အရ
မေယုနယ်ခြား ခရိုင်တွင် နေထိုင်သော လူနည်းစု ရိုဟင်ဂျာတိုင်းရင်းသားအဖြစ်
သတ်မှတ်၍ ရိုဟင်ဂျာတိုင်းရင်းသား ဘာသာအစီအ စဉ်ကို
(၁၉၆၁ ခုနှစ်၊ မေလ၊ ၁၅) ရက်နေ့မှစ၍ မြန်မာ့ အသံတိုင်းရင်းသား ဘာသာအစီအစဉ်မှ
အသံလွှင့်ခွင့်ပြုခဲ့ပါသည်။ ပြန်ကြားရေး နှင့် အသံလွှင့် ဦးစီး
ဌါနထုတ်နှစ်(၃၀)မြန်မာ့အသံ စာအုပ်စာမျက်နှာ (၇၁)တွင် တရားဝင်ဖော်ပြထား ပါသည်။
(၂၅.၉.၁၉၅၉) ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ မြန်မာ့အသံမှအသံလွှင့်မိန့်ခွန်း တွင် ဘူးသီးတောင်မောင်တောနယ်တွင် နေထိုင်ကြသောပြည်ထောင်စုသားများ မှာ များသောအား ဖြင့် ရိုဟင်ဂျာမူစလင်များဖြစ်ကြောင်း မိန့်ကြားခဲ့သကဲ့သို့ ကာကွယ်ရေးဝန်ကြီးဦးဘဆွေကလည်း (၃-၁၁-၁၉၅၉)နှင့် (၄-၁၁-၁၉၅၉)နေ့များတွင် မောင်တောဘူးသီးတောင်လူထုအစည်းအေ ၀းတွင် ရိုဟင်ဂျာတိုင်းရင်းသားများသည် အခြားသောတိုင်းရင်းသားများနှင့် တန်းတူနှစ်ပေါင်းများစွာအတူ နေထိုင်ခဲ့ကြောင်းရာဇ၀င်အထောက်အ ထားများနှင့်တကွ မိန့်ကြားဟောပြောခဲ့ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာနပညာရေးနှင့် စိတ်ဓာတ်ရေးရာညွှန်ကြားရေးမှူးရုံးမှ ၁၉၆၁ နှစ် တွင် ထုတ်ဝေခဲ့သည့်တပ်မတော်ခေတ်ရေးစာ စောင်များအနက်
(၈.၈.၆၁)နေ့ထုတ်အတွဲ ၁၂၊ အမှတ် (၉)စာစောင်တွင် ''ပျောက်ဆုံးနေသော
ညီအစ်ကိုတစ်ဦးကို ရှာတွေသည့်ပမာနှယ်'' ခေါင်းစဉ်ဖြင့်
ဘူးသီးတောင်မောင်တောတွင် ရိုဟင်ဂျာလူမျိုး (၉၇%)ရှိကြောင်း
ဖော်ပြပါရှိပါသည်။
မေယုရှေ့ရေးစာအုပ်တွင် (၁၉၆၁)ခုနှစ်၊ နိုဝင်ဘာလ၊ (၁၅)ရက် မေယုနယ်ခြားခရိုင် မောင် တောမြို့၌ဒု-ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်မှူးချုပ်အောင်ကြီး၊ ဒု-ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ်သန်းဖေနှင့် နယ်ခြားဒေသအုပ်ချုပ်ရေးအရာရှိချုပ် ဗိုလ်မှူးကြီးစောမြင့် မိန့်ကြား ချက်များတွင် မေယု နယ်ခြားခရိုင်ရှိ ရိုဟင်ဂျာတိုင်းရင်းသားလူမျိုးများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနှင့်ဘာသာရေး တို့ကို ဆောင်ရွက်ရန် ဖော်ပြထားကြောင်း လေ့လာသိရှိနိုင်ပါသည်။
ဗဟိုအစိုးရဆုံးဖြတ်ချက်နှင့်အညီ မေယုနယ်ခြားခရိုင်အုပ်ချုပ်ရေးရုံးမှ ရိုဟင်ဂျာလူမျိုးများမှာ တိုင်းရင်းသား လူမျိုးဖြစ်ကြောင်း(၂၀.၁၁.၁၉၆၁) ခုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
မြန်မာ့အသံ (၂၅)နှစ်မြောက် ငွေရတုသဘင်စာအုပ်အဖြစ်(၁၉၇၁)၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့ရာ '' ရိုဟင်ဂျာဘာသာ''ဖြင့် အသံလွှင့်ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
မြန်မာသမိုင်းဖြစ်ရပ်မှန်များ (၁၉၅၈-၁၉၆၂) မြန်မာ့နိုင်ငံရေး မြန်မာ့သမိုင်းဖြစ်မှန်များ စီစစ်ရေးအဖွဲ့က စီစစ်ပြီး(၁၉၉၁)နှစ်ထုတ်ဝေခဲ့ရာ တွင်လည်း
ရိုဟင်ဂျာလူများနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာအသင်းမှ
ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်ပေးသင့်မပေးသင့် ဆွေးနွေးခဲ့ကြောင်း
ဖော်ပြပါရှိပါသည်။
မြန်မာ့စွယ်စုံကျမ်းအတွဲ(၉) ၁၉၆၄ ခုနှစ်ထုတ် စာမျက်နှာ (၈၉-၉၀)တွင် မေယုနယ်ခြား ခရိုင်၊ ဘူးသီးတောင်မောင်တောတွင် ရိုဟင်ဂျာလူမျိုး (၇၅%) ရှိကြောင်း ဖော်ပြထားပါသည်။
(၂၀-၂-၂၀၁၃)နေ့တွင် လ၀က ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းမှာ ၁၉၇၃ နှင့် ၁၉၈၃ နှစ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာကို မှတ်တမ်းတင်ထားခြင်း မရှိကြောင်းပြောဆိုခဲ့ပါသည်။ ရိုဟင်ဂျာ များ အစဉ်အဆက် ရိုဟင်ဂျာရေးရန် တောင်းဆိုသော်လည်း လ၀က ၀န်ထမ်းအချို့မှ ရိုဟင်ဂျာ လို့ဖော်ပြရန် ၀န်လေးနေခဲ့ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည်မှာ နှစ်ပေါင်း (၆၀)ကျော်ပြီဖြစ်ပါသည်။ လွတ်လပ်ရေး ရရှိပြီး အစိုးရအဆက်ဆက်ပြောင်းသော်လည်း ပြောင်းလဲခြင်းနှင့်အတူ အခြားဝန်ကြီးဌါနများမှ ရိုဟင်ဂျာအကြောင်းရေးမှတ်ခြင်းများရှိကြောင်း
လ၀က ဒု-၀န်ကြီးမှ မပြောဘဲ လိုရာဆွဲပြောဆို သွား သည်ဟု ခံစားမိပါသည်။
ယခင်အစိုးရ အဆက်ဆက်ရိုဟင်ဂျာလူမျိုးဟု ဖော်ပြထားသော
မှတ်ပုံတင်နှင့်သန်းခေါင်စာရင်း များ၊ ရိုဟင်ဂျာပြည်သူလက်ထဲတွင် အများအပြားရှိနေကြောင်း တင်ပြအပ်ပါသည်။
မေယု-မျိုးအောင်
၁၂/မဂဒ (နိုင်) ၀၉၈၃၃၈
၂၅၊ (၄)လွှာ(ဒီ)၊ (၁၃၆)လမ်း
မအူကုန်း၊ တာမွေ
ဖုန်း-09 43189687
RB News
1.3.2013
ရိုဟင်ဂျာ လူမျိုးများကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတ စ၀်
(၂၅.၉.၁၉၅၉) ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ မြန်မာ့အသံမှအသံလွှင့်မိန့်ခွန်း
ကာကွယ်ရေးဝန်ကြီးဌာနပညာရေးနှင့်
မေယုရှေ့ရေးစာအုပ်တွင် (၁၉၆၁)ခုနှစ်၊ နိုဝင်ဘာလ၊ (၁၅)ရက် မေယုနယ်ခြားခရိုင် မောင် တောမြို့၌ဒု-ကာကွယ်ရေးဦးစီးချုပ
ဗဟိုအစိုးရဆုံးဖြတ်ချက်နှင့်အညီ
မြန်မာ့အသံ (၂၅)နှစ်မြောက် ငွေရတုသဘင်စာအုပ်အဖြစ်(၁၉၇၁)၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့ရာ '' ရိုဟင်ဂျာဘာသာ''ဖြင့် အသံလွှင့်ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
မြန်မာသမိုင်းဖြစ်ရပ်မှန်များ (၁၉၅၈-၁၉၆၂) မြန်မာ့နိုင်ငံရေး မြန်မာ့သမိုင်းဖြစ်မှန်များ စီစစ်ရေးအဖွဲ့က စီစစ်ပြီး(၁၉၉၁)နှစ်ထုတ်ဝေခဲ့ရာ
မြန်မာ့စွယ်စုံကျမ်းအတွဲ(၉) ၁၉၆၄ ခုနှစ်ထုတ် စာမျက်နှာ (၈၉-၉၀)တွင် မေယုနယ်ခြား ခရိုင်၊ ဘူးသီးတောင်မောင်တောတွင် ရိုဟင်ဂျာလူမျိုး (၇၅%) ရှိကြောင်း ဖော်ပြထားပါသည်။
(၂၀-၂-၂၀၁၃)နေ့တွင် လ၀က ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းမှာ ၁၉၇၃ နှင့် ၁၉၈၃ နှစ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာကို မှတ်တမ်းတင်ထားခြင်း မရှိကြောင်းပြောဆိုခဲ့ပါသည်။ ရိုဟင်ဂျာ များ အစဉ်အဆက် ရိုဟင်ဂျာရေးရန် တောင်းဆိုသော်လည်း လ၀က ၀န်ထမ်းအချို့မှ ရိုဟင်ဂျာ လို့ဖော်ပြရန် ၀န်လေးနေခဲ့ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည်မှာ နှစ်ပေါင်း (၆၀)ကျော်ပြီဖြစ်ပါသည်။ လွတ်လပ်ရေး ရရှိပြီး အစိုးရအဆက်ဆက်ပြောင်းသော်လည်း ပြောင်းလဲခြင်းနှင့်အတူ အခြားဝန်ကြီးဌါနများမှ ရိုဟင်ဂျာအကြောင်းရေးမှတ်ခြင်းမ
မေယု-မျိုးအောင်
၁၂/မဂဒ (နိုင်) ၀၉၈၃၃၈
၂၅၊ (၄)လွှာ(ဒီ)၊ (၁၃၆)လမ်း
မအူကုန်း၊ တာမွေ
ဖုန်း-09 43189687
No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.