Tuesday, March 19, 2013

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်နှစ်ခုမှ ပိုင်ရှင်မဲ့ လက်လုပ် တူမီးလုပ်သေနတ်များ အစုလိုက် အပြုံလိုက်သိမ်းဆည်းရမိ

Source: Yangon Media Group

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်နှစ်ခုမှ တစ်ပတ်အတွင်း ပိုင်ရှင်မဲ့ လက်လုပ်တူမီးလုပ်သေနတ်များ အစုလိုက် အပြုံလိုက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာနှင့် မျောက်တောင်ကျေးရွာကြား ပြိုင်လောင်းတောင်တန်း အနီး တောစပ်ခြုံတောမှ တူမီးလုပ် သေနတ် ၂၈ လက် အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပြီး အလားတူ မတ်လ ၁၂ ရက်နေ့တွင်လည် ဘူးသီးတောင်မြို့နယ်၊ လက်ဝဲ ဒက်ပြင်ရှည်ကျေးရွာ အုပ်စု၊ ညောင်ခြုံကျေးရွာ အနီး တောင်ကျော် လမ်းဘေးခြုံစပ် အတွင်း တူမီး လုပ်သေနတ် ၁၈ လက်ကို ဘူးသီး တောင် ရဲစခန်းလှည်းကင်းမှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် မတ်လ ၁၂ ရက်နေ့ ည ၇ နာရီတွင် ကျောက်တော်ရဲစခန်းမှ လှည့်ကင်းဆောင်ရွက်စဉ် ကျောက်တော်မြို့နယ်၊ ငါးဆောင် ဘက်ကျေး ရွာ အနောက်ဘက် အာလာတောင်ခြေရင်း တောတန်းခြုံထဲမှ တူမီးလုပ်သေနတ်၂၉ လက်အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။ လက်နက်များကို ကျောက်တော်မြိုနယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းမှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး သုံးရက်အတွင်း ပိုင်ရှင်မဲ့တူမီးသေနတ် ၇၅ လက်အား ရဲတပ်ဖွဲ့များမှ ကင်းလှည့်စဉ် တွေ့ရှိရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်အတွင်း နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့ သည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့မှ စတင်ပြီး တရားမဝင်ကိုင်ဆောင်သော လက်နက် နှင့် ဆက်စပ်ပစ္စည်းများကို နီးစပ်ရာ ရဲစခန်း၊ လုံခြုံရေးအဖွဲ့များထံသို့ သတ်မှတ်ရက်အတွင်း အမြန်ဆုံး အပ်နှံစေခဲ့ရာ ရခိုင်ပြည် နယ် အတွင်းမှ တူမီး (၇၂၆)လက်၊ ဓါး (၁၃၀) လက်၊ လှံ (၅၀၆) လက်၊ လေး (၁၁၂)လက်၊ မြှား (၆၁၁)ချောင်း၊ ဂျင်ကလိ (၁၄၀၈) ချောင်းနှင့် လေးခွ (၃၉၈)လက်နှင့် ဆက်စပ်ပစ္စည်းတို့အား လာရောက်အပ်နှံ ခဲ့ကြောင်း ပြည်နယ်ရဲတပ် ဖွဲ့မှူးရုံး မှသတင်း ထုတ်ပြန်ထား ချက်အရ သိရသည်။

မာန်ယုကျော်(ရွှေဝမြေ)

http://www.yangonmedia.com/index.php/local/2012-11-09-05-29-08/262-2013-03-19-08-35-23

No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.