Sunday, July 22, 2012
မြန်မာမွတ်စလင်(မ)များ သတ်ဖြတ်ခံရခြင်းအပေါ် မွတ်စလင် (မ)ထု နုတ်ပိတ်နေခြင်းအား ဂရန်အာယာတိုလာ ဝေဖန်
Qom (Persian: قم) is a holy city between Tehran and Isfahan ။ ။အစ္စလာမစ်ပြည်သူ့ သမ္မတအီရန်နိုင်ငံဧ။် ထင် ရှားသော ရှီယာဘာ သာရေးခေါင်းဆောင် ဂရန် အာယာတိုလာ နာဆာ မာကာရမ့် ချီရာဇီ (Grand Ayatollah Nasser Makarem Shirazi) က ကမ္ဘာ့မွတ် စလိင်(မ)ထုအနေဖြင့် မြန်မာနိုင်ငံတွင် မွတ်စ လိင်(မ) များ အစုလိုက်အပြုံလိုက် မတရား သတ်ဖြတ်ခံရခြင်း အပေါ် ပါးစပ်ရေငုံနုတ်ပိတ် မနေဘဲ မတရားသတ်ဖြတ်ခြင်း ရပ်တန့်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂ အားဖိအားပေးတောင်းဆိုရန် တိုက်တွန်းလိုက်ပါသည်။
အာယာတိုလာ နာဆာ မာကာရမ့် ချီရာဇီက ကမ္ဘာ့မွတ်စလိင်(မ)ထုအနေဖြင့် မြန်မာနိုင်ငံတွင် မွတ်စ လိင်(မ) များ အစုလိုက်အပြုံလိုက် မတရားသတ်ဖြတ်ခံရခြင်း ပြဿနာကိုဖြေရှင်းနိုင်ရန် ကမ္ဘာ့ကုလ သမဂ္ဂထံ အကူအညီတောင်းဆိုသင့်ကြောင်း၊
အဘယ့်အတွက်ကြောင်း ကမ္ဘာ့မွတ်စလိင်(မ)ထုက နုတ်ပိတ် ဆိတ်ဆိတ်နေကာ မြန်မာမွတ်စလိင်(မ) ထုအား ခိုကိုးရာမဲ့ အကာအကွယ်မဲ့ ပြုထားပါသနည်းဟု တနင်္ဂနွေနေ့ကပြောဆိုလိုက်ပါသည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က သောကြာနေ့က ပြောကြားရာတွင် မြန်နိုင်ငံအစိုးက မြန်မာပြည် အနောက်ပိုင်းတွင် အရေးပေါ်အခြေအနေ ကြေညား ထားရာ ခြောက်ပတ်ကျော်နေပြီးဖြစ်သော် လည်း လူမျိုးရေးပဋိပက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး လက်နက်မဲ့ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်(မ) များအနေဖြင့် ကြိုတင် စီမံထားသော အကြမ်းဖက်မူများ၊ ရက်ရက်ဆက်ဆက် သတ်ဖြတ်မူများ၊ အမျိုးသမီးများ အတင်းအဓမ္မ မုဒိမ်းကျင့် ခံရမူများ နှင့် ကိုယ်ထိလက်ရောက် ဆော်ကားမူများ ခံစားနေရဆဲ ဖြစ်ကြောင်း အေပီ (AP) သတင်းမှ ပြောဆိုထားပါတယ်။
Tehran Times မှ အင်္ဂလိပ်လို ရေးသားဖော်ပြထားမူအား နိုင်စိုး (မလေးရှား) က မြန်မာပြန်ဆိုသည်။
On Line: 21 July 2012 14:52
ှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.