(RTT သတင်း) ဥရောပ သမဂ္ဂအနေနဲ့ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်စလင်(မ) များအစုလိုက် အပြုံလိုက် မတရားသတ်ဖြတ် ခံရခြင်းရပ်တန့်စေရန် နည်းလမ်းကောင်းများဖြင့် ခြေလမ်းစတင်နေပြီ ဖြစ်ကြောင်း တနင်္ဂနွေနေ့က တူရကီမှ အေနာတိုလီယာ (Anatolia) သတင်းဌာနက ပြောဆိုလိုက်ပါတယ်။
၎င်းသတင်းဌာနက ဆက်လက်ပြောကြားသည်မှာ ဥရောပ သမဂ္ဂ၊ နိုင်ငံခြားရေး ပေါ်လစီ အကြီးအကဲ တာဝန်ရှိပုဂ္ဂိုလ် ကေဿရိန်း အဆ်တွန် ဧ။်ပြောရေးဆိုခွင့်ရှိသူ မိုက်ကလ် မန်း ကသူတို့သည် မြန်မာနိုင်ငံ ရှိ လူနည်းစု မွတ်စလင်(မ)များအပေါ် မတရားအနိုင်ကျင့်ခံနေရမှုကို နီးကပ်စွာ မျက်စိမပြတ် စောင့်ကြည့်နေကြောင်းပြောဆိုထားပါတယ်။
ဥရောပ သမဂ္ဂ သံတမန်များသည် ကေဿရိန်း အဆ်တွန်ဧ။် ညွန်ကြားချက်များအတွက် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ခဲ့သည်။ ဥရောပ လူသားချင်းစာနာရေး အသိုင်းအ၀န်းရုံးမှ ကျွန်းကျင်သူများ ကို မြန်မာမွတ်စလင်(မ) များအရေးပေါ်လိုအပ်ချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်ရန် မြန်မာနိုင်ငံသို စေလွတ်လိုက်ပြီး ဖြစ်ကြောင်း မန်းက ပြောဆိုသည်။
ဥရောပ သမဂ္ဂမှ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုကို မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသား အမြောက်အများ လွတ်ပေးမှု၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အတိုက်အခံပါတီအား ရွေးကောက်ပွဲ ၀င်ခွင့်ပေးခြင်း များကို အကြောင်းခံ၍ ဒီနှစ်အစောပိုင်းက ဖယ်ရှားပေးခဲ့ကြောင်း။ မြန်မာနိုင်ငံအနေဖြင့် ဥရောပ သမဂ္ဂဧ။် အကန့်အသတ်မဲ့ ကုန်တင်သွင်းနိုင်ခွင့် အခွင့်အလမ်းကို ဆင်းရဲတဲ့ နိုင်ငံများအတွက် ရယူလိုကြောင်း။
ဥရောပ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ဧ။်မူများကို လက်ခံခဲ့ပြီး နိုင်ငံအတွင်း အတင်းအဓမ္မခိုင်းစေမှုများကို ၂၀၁၅ ခုနှစ်ကိုနောက်ဆုံးထားပြီး ရပ်တန့်ပေးမည်ဟု ကတိပေးခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် အကန့်အသတ်မဲ့ ကုန်တင်သွင်းနိုင်ခွင့်နှင့်ပတ်သက်၍ ပို၍အလေးထား ခဲ့ကြောင်း။
အပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ကပြီးခဲ့တဲ့ အပတ်ကပြောကြားရာတွင် ရိုဟင်ဂျာမွတ်စလင်(မ)များမှာ မတရားသတ်ဖြတ်ခြင်း၊ အမျိုးသမီးမျာ အတင်းအဓမ္မကျင့်ခံရခြင်းနှင့် ကိုယ်ထိလက်ရောက် ဆော်ကားခြင်းများကို လွန်လွန်ကျူးကျူး အစီအမံများဖြင့် ပစ်မှတ်ထားခံနေရကြောင်း၊ လုံခြုံရေးတပ်သားများနှင့် ရခိုင်အမျိုးသားများ ပူးပေါင်းပြီး ရိုဟင်ဂျာများအပေါ် တိုင်းတပါးသားဟု စွပ်စွဲကာ တိုက်ခိုက်မှုသစ်များပြုလုပ်နေကြောင်းနှင့် နိုင်ငံတော် အစိုးရမှ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒဲရှ်မှ ခိုးဝင်လာသူများဟု ခိုင်လုံမှုမရှိသော စွပ်စွဲချက်ဖြင့် တဖက်သတ် အနိုင်ကျင့်ကာ နိုင်ငံသားအခွင့် အရေးများကို ပိတ်ပင်ထားကြောင်း ပြောဆိုလိုက်ပါသည်။
စာရေးသူ - RTT ၀န်ထမ်း
ဘာသာပြန်- နိုင်စိုး (မလေးရှား)
No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.