ကယ်ဆယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဆင်ဒိက် ၏အကြံပေးအရာရှိ နှင့် ပါကီစတန် မွတ်စလင်(မ) လိခ် ရုံချုပ် (PML-Q) ၏ခေါင်းဆောင် ဖြစ်သူ ဟာလိင်(မ) အာဒီလ် ရှိခ်က မြန်မာမွတ်စလင်(မ) များသတ်ဖြတ်ခံရမှု ကိုရပ်တန့်စေရန် ကရာချီတွင် ရှိသော အီစ္စလာမ်နိုင်ငံအပါအ၀င် နိုင်ငံတကာမှ သံတမန်များ နှင့်ဆက်သွယ် ဆောင်ရွက်သွားမည်ဟု သတင်းထောက်များအား တနင်္လာနေ့ ကပြောကြား လိုက်ပါသည်။
အဆိုပါ လူမဆန်စွာ မွတ်စလင်(မ)များအပေါ် လူမျိုးရေး အကြမ်းဖက်မှု ရန်တန့်စေရန် အလိုငှာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ဆက်သွယ်သွားရန် ရှိကြောင်းနှင့် ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးကိုလည်းဆက်သွယ် သွားမည်ဟု ပြောကြား လိုက်ပါသည်။
ပါကီစတန် မွတ်စလင်(မ) လိခ် ရုံချုပ် (PML-Q) ကမြန်မာနိုင်ငံတွင် မွတ်စလင်(မ) များအား သတ်ဖြတ် နေခြင်းအား ဆန့်ကျင်သောအနေ ဖြင့် စီတန့်လှည့်လည် ဆန္ဒပြပွဲတစ်ရပ်ကို ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ဆူန္နီ တာဟ်ရေး ဖာဟိမ့် ရှိခ် ၏ပြော ရေးဆိုခွင့်ရှိသူက ၎င်းတို့ပါတီအနေဖြင့် မွတ်စလင်(မ)များ အပေါ် ရက်စက်ကြမ်းကြုပ်မှု များအား ရပ်တန့်စေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောဆိုထားပါသည်။
ဂျာမာအာသ်သေ့အီစ္စလာမ့် မြို့ဝန် မူဟာမဒ် ဟူစိုင်း မဟန်တီ မြန်မာမွတ်စလင်(မ) များသတ်ဖြတ် ခံရခြင်းနှင့် ပတ်သက်၍ ၀မ်းနည်းပူဆွေးရကြောင်းနှင့် ကုလသမဂ္ဂအဖွဲ့ (UN) နှင့် အီစ္စလာမ့် ကွန်ဖရက်အဖွဲ့ (OIC) တို့မှ ၎င်းတို့၏အရေးပါသော အခန်းကဏ္ဍမှပါဝင်ပြီး မြန်မာမွတ်စလင်(မ) များ သတ်ဖြတ်ခံရမှုကို ရပ်တန့်ပေးရန် တောင်းဆိုလိုက်ပါသည်။

၎င်းသူက ဆက်လက်၍ ဗမာပြည် လူနည်းစု မွတ်စလင်(မ) များအား အစွန်းရောက် ဗုဒ္ဓဘာသာဝင်များနှင့် ဗမာစစ်တပ်မှ ကျောထောက် နောက်ခံပြုပြီး နည်းပေါင်းစုံဖြင့် ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် အရုံစူးစိုက်မှု ရှိလာစေရန်အတွက် ကုလသမဂ္ဂအဖွဲ့ (UN) ၊ အီစ္စလာမ့် ကွန်ဖရက်အဖွဲ့ (OIC)၊ နိုင်ငံတကာမှ သံတမန်များနှင့် အစိုးရအဖွဲ့များသို့ ဂျာမာအာသ်သေ့အီစ္စလာမ်က စာများပေးပို့ခဲ့ပြီးဖြစ် ကြောင်းပြောဆို ပါသည်။
Killing of Muslims In Myanmar Condemned
Killing of Muslims In Myanmar Condemned
Tuesday, July 24, 2012
ဘာသာပြန်- နိုင်စိုး (မလေးရှား)
ဘာသာပြန်- နိုင်စိုး (မလေးရှား)
No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.