![]() |
Myanmar Version |
This Video is in Rohingya Language
ဤဗွီဒီတွင် ရိုဟင်ဂျာဘာသာ စကားအသုံး ပြုထားသည်။
နောက်ဆုံးအသုတ် အလုပ်သမားများလက်ခံခြင်း
အစ္စလာမို အာလိုင်ကုမ် ၀ရဟ်မတုလ္လာဟ်ဟေ့ ၀ဗရကာတူ
ရည်ညွှန်းချက် ။ ။ ၂၀၁၇ ခုနှစ်၊ မတ်လ၊ ၂၃ ရက်ထုတ်၊ မြန်မာပြည်သား မူစလင်(မ) များအတွက်အလုပ်အကိုင် အခွင့်အလမ်း ကြေညာချက်။
အာရကာန် ရိုဟင်ဂျာကောင်စီ (အေအရ်စီ) မလေးရှားသည် ၂၀၁၇ ခုနှစ်၊ ဧပြီလ၊ ၂၂ ရက်တွင် မလေးရှားနိုင်ငံ၊ နီဂရီ ဆီမ်ဘီလန်ပြည်နယ်၊ နီလိုင်မြို့ရှိစက်ရုံးတခု၏ ကုန်ထုပ်ပိုးရေးကဏ္ဍတွင် အလုပ်ခန့်အပ်ရန်အတွက် ရိုဟင်ဂျာများ အပါအ၀င်မြန် မာပြည်သား မူစလင်(မ) များအား နောက်ဆုံးအသုတ်အဖြစ် လက်ခံသွားမည်ဖြစ်သည်။
· လူဦးရေကန့်သတ်ထားပါသဖြင့် ဦးရာလူစနစ်ဖြင့် လက်ခံသွားမည်။
· စိတ်ပါဝင်စားသောမြန်မာပြည်သား မူစလင်(မ)များအနေဖြင့် ကျွန်တော်တို့ထံကြိုတင်ဆက်သွယ် စာရင်းပေးသွင်းနိုင်သည်။
· အေအရ်စီ အင်တာနက် စာမျက်နှာမှတဆင့် အွန်လိုင်းတွင် မှတ်ပုံတင်နိုင်သည်။
နေ့ရက် ။ ။ ၂၀၁၇ ခုနှစ်၊ ဧပြီလ၊ ၂၂ ရက် (စနေနေ့)
အချိန် ။ ။ နံနံက် ၉း၀၀ နာရီမှ နေ့လယ် ၁၂း၀၀ နာရီအထိ
နေရာ ။ ။ ချီရာစ်ဘာရူရှိ ဂျမာအသ်ခါနာဟ်
နေ့ရက် ။ ။ ၂၀၁၇ ခုနှစ်၊ ဧပြီလ၊ ၂၂ ရက် (စနေနေ့)
အချိန် ။ ။ နံနံက် ၉း၀၀ နာရီမှ နေ့လယ် ၁၂း၀၀ နာရီအထိ
နေရာ ။ ။ ချီရာစ်ဘာရူရှိ ဂျမာအသ်ခါနာဟ်
(NO.26, JALAN 28/A, KAMPUNG CHERAS BARU 56100, KUALA LUMPUR)
မှတ်ချက်
- မှတ်ပုံတင်ခြင်းနှင့် လူတွေ့မေးမြန်းခြင်းများပြုလုပ်ပြီး နေ့လယ် ၃ နာရီဝန်းကျင်တွင်တခါတည်း အလုပ်ခွင်သို့ ခေါ်ဆောင်သွားမည်ဖြစ်ပါသဖြင့် အ၀တ်အစားများနှင့် လိုအပ်သော ပစ္စည်းများ ယူဆောင်လာရန်။
- အလုပ်ခွင်သို့တခါတည်း လိုက်ပါနိုင်သောသူများကိုသာ လက်ခံသွားမည်။
- စိတ်ပါဝင်စားသူများနှင့် အသေးစိတ်သိရှိလိုသူများ အောက်ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
- တရားဝင်လက်ထပ် ထားသော ဇနီးမောင်နှံများ အတူတူ အလုပ်လုပ်နိုင်သည်။
- ပွဲစားခပေးစရာမလိုပါ။
အေအရ်စီမှတဆင့် ခန့်အပ်သည့် အလုပ်နှင့်ပတ်သက်၍သိမှတ်ဖွယ်ရာများ
- အလုပ် ။ ။ ကုန်ထုပ်ပိုးရေး
- အလုပ်နေရာ ။ ။ နီလိုင်မြို့၊ နီဂရီ ဆီမ်ဘီလန်ပြည်နယ်၊ မလေးရှား။
- အလုပ်ချိန် ။ ။ ၁၁ နာရီ (၇ နာရီမှ ၇ နာရီထိ)
- နားနေချိန် ။ ။ ထမင်းစားချိန် ၄၅ မိနစ်၊ မုန့်စားချိန် ၁၅ မိနစ် (တစ်နာရီ)
- လစာ ။ ။ တစ်ရက် ၅၈ ရန်းဂိဒ်၊ တနင်္ဂနွေနေ့တိုင်း ၇၅ ရန်းဂိဒ်
- ဆေးကုသမှု ။ ။ တစ်နှစ်လျှင် (၃၂၀) ရန်းဂိဒ် ကုမ္ပဏီမှ ပေးချေမည်။
- ပိတ်ရက် ။ ။ ခွင့်ရက်ယူချင်ပါက (၃) ရက်ကြိုတင် အကြောင်းကြားရမည်။
- နေစရာ ။ ။ ကုမ္ပဏီမှ စီစဉ်ပေးမည်။ တစ်လလျှင် (၁၀၀) ရန်းဂိဒ် ပေးဆောင်ရမည်။
- ကြို/ ပို့ ။ ။ ကုမ္ပဏီမှ အခမဲ့ စီစဉ်ပေးမည်။
- အထောက်အထား ။ ။ အေအရ်စီ ကတ်
- လစာပေးချေမှု ။ ။ တစ်လလျှင် (၂) ကြိမ်။
ဒုတိယအကြိမ် လစဉ်(၂၆)ရက်နေ့ ကျန်ရသင့်လစာ အပြည့်။
- အဆောင်နေခြင်း။ ။ ကုတင်၊ မွေ့ရာနှင့် ပန်ကာ စီစဉ်ပေးမည်။ စည်းကမ်းရှိရှိ သန့်ပြန့်စွာ နေရမည်။
- ဆေးကုသမှု ။ ။ နေမကောင်း၍ ခွင့်ရက်ယူပါက MC ပြရမည်။ ဆေးကုသမှုအတွက် ကုန်ကျငွေကို ကုမ္ပဏီမှပေးမည်။ တစ်နှစ်လျှင် (၃၂၀) ရန်းဂိဒ်အထိ ကုမ္ပဏီမှ ပေးချေမည်။
- အစားအသောက်။ ။ အဆောင်တွင်ချက်ပြုတ် စားသောက်နိုင်သည်။ စက်ရုံးထဲတွင် ပြင်ပအစားအသောက် သယ်ဆာင်ခွင့်မပြု။ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း ခွင့်မပြု။
- ခွင့်ယူခြင်း ။ ။ တစ်လတွင် အနည်းဆုံး (၂၅) ရက် အလုပ်လုပ်ရမည်။ ကြိုတင် အကြောင်းကြားမှု မရှိဘဲ အလုပ်မဆင်းပါက တစ်ရက် (၇၅) ရန်းဂိဒ်ဖြတ်တောက်မည်။
အဆင့်ဆင့်ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါရန်လေးစားစွာ ပန်ကြားအပ်ပါသည်။
ဖေယာစ်အဟ်မဒ်
အလုပ်အမှုဆောင်အဖွဲ့
အာရကာန် ရိုဟင်ဂျာကောင်စီ မလေးရှား
ဖုန်း။ ။ ၀၁၇ - ၆၃၃ ၆၃၀၀
(WhatsApp တွင်ဆက်သွယ်နိုင်သည်။ WhatsApp Me)
၂၀၁၇ ခုနှစ်၊ ဧပြီလ၊ ၁၇ ရက်
Click Here to See Photo & for More Information
Click Here for Online Registration
No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.