Tuesday, March 19, 2013

မြေပုံမြို့တွင် ရိုပာင်ဂျာ ပပျောက်ရေးကော်မတီဖွဲ့

ရန်ကုန်၊ မတ် ၁၅

မြေပုံမြို့နယ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုပြီးပါက ရိုဟင်ဂျာ အမြစ်ပြတ် ချေမှုန်းမယ်ဆိုတဲ့ ဆန့်ကျင်ရေး ပြုလုပ်မယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ဒီနေ့တောင် ကျောင်းဘုန်းကြီး aကျာင်းမှာ အစည်းအဝေး လုပ်တယ်။ မြေပုံမှာ ရိုဟင်ဂျာ အမြစ်ဖြတ်ချေမှုန်းမယ် ဆိုပြီး အစည်းအဝေးလုပ်တာ။ ဆယ်တန်းစာမေးပွဲပြီးရင် အစီအစဉ်စမယ်လို့ ကြားတယ် ဟု မြေပုံဒေသခံ တစ်ဦးက ဆိုပါတယ်။


မြေပုံမြို့နယ်မှာ ရိုဟင်ဂျာပပျောက်ရေး ကော်မတီကို တောင်ကျောင်းဘုန်းတော်ကြီးက ဦးဆောင်ပြီး မတ်လ (၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို မြေပုံမြို့မှ ပပျောက်ရေး၊ ရိုဟင်ဂျာတွေကို အစားအသောက် ကုန်ပစ္စည်းမရောင်းချရေး စတာတွေကို အဆိုပါကော်မတီက အဓိကထား လုပ် ဆောင်မယ်လို့ သိရပါတယ်။ ရိုဟင်ဂျာတွေကို အကူအညီပေးတဲ့ ရခိုင်တွေရော၊ စစ်တပ်ရော၊ ရဲတွေကိုပါ အရေးယူ ချေမှုန်းသွားမယ်လို့ အဆိုပါကော်မတီက ဆိုပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေပြီးဆုံးပါက ရိုဟင်ဂျာအမြစ်ပြတ် ချေမှုန်းရေး အစီအစဉ်ကို စတင်မယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဆိုပါအစီအစဉ်ကို မြေပုံမြို့ တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ လုပ်ဆောင်မယ် လို့လည်း သိရပါတယ်။ မြေပုံမြို့ပေါ် လူတွေသာမက မြေပုံအပိုင် ကျေးရွာအားလုံး ပါဝင်ရမယ်လို့ သိရပါတယ်။


စစ်တပ်ကတော့ သူတို့ ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာ သွားတားသေးတယ်။ ဒါပေမယ့် မရဘူး။ ဗိုလ်ကြီးကတော့ ကျွန်တော်တို့ကို သတိဝီရိယနဲ့နေဖို့ သတိပေးထားတယ် လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ရိုဟင်ဂျာတွေနေနဲ့တော့ မိမိတို့လုံခြုံရေးအတွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးနောက်ပိုင်းမှာ အသွားအလာ ဆင်ခြင်မယ်လို့ဆိုပါတယ်။ စစ်တပ်အနေနဲ့တော့ ရိုဟင်ဂျာတွေကို သတ်မှတ်နေရာ အတွင်းမှာ နေရန်နှင့် တပ်က အပြင်ပိုင်းကို ၀န်းရံပေးမယ်လို့ သိရပါတယ်။


ရိုဟင်ဂျာတွေ အနေနဲ့လည်း မိမိတို့လုံခြုံရေးအတွက် စခန်းတွင်း ကင်းချတာတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်။ ကလေးသူငယ်တွေကိုတော့ လုံခြုံတဲ့နေရာမှာ ရွှေ့ထားမယ်လို့ သိရပါတယ်။

မြေပုံမြို့နေ ရိုဟင်ဂျာ ဒုက္ခသည်တွေ စိုးရိမ် ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ရိုဟင်ဂျာပပျောက်ရေး ကော်မတီက ရိုဟင်ဂျာအရေးအတွက် ထုတ်ပြန်ထားတဲ့ စာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြေပုံမြို့နေ ရိုဟင်ဂျာတွေအပေါ် ခြိမ်းခြောက်မှုတွေ ပြုလုပ်နေပါတယ်။

မြေပုံမှာ WFP ကပေးတဲ့ ဆန်ပဲရတယ်။ ချက်စားဖို့ ထင်းမရှိဘူး၊ ဟင်းစားမရှိဘူး။ ပိုက်ဆံပေးပေမယ့် ၀ယ်လို့မရဘူး။ အဲဒီတော့ သူတို့ဘယ်လိုလုပ်ပြီး ရှင်သန်မလဲလို့ စစ်တွေ ဒေသခံတစ်ဦးကဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးရေးဆိုတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ အကြမ်းဖက် ဖြစ်ရပ်တွေ အပေါ် ရခိုင်ပြည်နယ် အစိုးရ၊ မြို့နယ် အာဏာပိုင်နဲ့ ဗဟိုအစိုးရတို့မှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ အုပ်ချုပ်သူတွေဟာ ကိုယ်ချင်းစာတရား၊ ကြင်နာတရားနည်းပါးတာ လူကိုလူလို့မမြင်တာ တွေဟာ ကမ္ဘာ့အလယ်မှာ အရှက်ရစရာပါ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်မှာ တာဝန်အပြည့်ရှိပါတယ်။ ဒီလူတွေ တစ်ခုခုဖြစ်ခဲ့ရင် တာဝန်ရှိသူတွေရဲ့ အပြစ်သာဖြစ်ပါတယ်။ ဒီအပြစ်အတွက် ကမ္ဘာ့စစ်ခုံရုံးအထိ တင်ဖို့လည်း စဉ်းစားထားပါတယ် လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရိုဟင်ဂျာပပျောက်ရေး ကော်မတီတွင် အဖွဲ့ဝင်(၅၀)၀န်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။ တောင်ကျောင်း ဘုန်းကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်နဲ့ အောင်မင်္ဂလာ ဆရာတော်တို့က ဦးစီးဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ခေါင်းဆောင်ပိုင်းပါဝင်တဲ့ လူအချို့ကတော့အောက်ပါ အတိုင်းပဲဖြစ်ပါတယ်။


(၁) မောင်ရီရှင်း (ဘ) မောင်ရှီထွန်း မြေပုံဈေးပိုင်းရပ်ကွက်

(၂) မောင်းချမ်းမြား (ဘ) မောင်ရှီထွန်း သဲတန်းရပ်ကွက် မိသားစုထမင်းဆိုင်

(၃) ဦးအောင်သာစံ (ဘ) ဈေးပိုင်းရပ်ကွက် ၀ိုင်းဝိုင်းလည်းလည်ထမင်းဆိုင်
(၄) ဦးဥာဏ်ဝင်း (ဘ) မောင်ရှီထွန်း မြစံပယ်လ္ဘက်ရည်ဆိုင်

(၅) ဦးအောင်တန်း တရုတ်တန်းရပ်ကွက် ကုန်စုံဆိုင်

(၆) ဦးမောင်စောမြား ဈေးပိုင်းရပ်ကွက် ဇွဲဝပ်ရှော့

(၇) ဦးတင်ထွန်း (ဘ) ဦးတင်အေး လှည်းတန်းရပ်ကွက် ကုန်စုံဆိုင်

(၈) ဦးဘစောမော် အလယ်ပိုင်းရပ်ကွက်

(၉) ဦးကျော်သန်း ရဲအငြိမ်းစား ဈေးပိုင်ရပ်ကွက် ဆေးဆိုင်
(၁၀) ဦးလှိုင်းဋ္ဌေး တရုတ်တန်းရပ်ကွက် လျှပ်စစ်ပစ္စည်းဆိုင်

(၁၁) ဦးထွန်းအေး တရုတ်တန်းရပ်ကွက် အင်ဂျင်စက်ပစ္စည်းဆိုင်


Myanmar Muslim Net

No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.