RB News
27.2.2013
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၊ ဆုမာတြာ ကျွန်းရှိ ကော်တရူအန်ရွာ၏ ၁၅ မိုင်အကွာခန့်တွင် မျောနေ စက်လှေတစ်စီးမှ ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၁၂၁ ဦးကိုယမန်နေ့က ငါးဖမ်းသမားများက ကယ်တင် လိုက်ကြောင်း အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ရေးသားဖော်ပြထားပါသည်။
သစ်သားဖြင့်ပြုလုပ်ထားသော စက်လှေပေါ်တွင် အမျိုးသမီးခြောက်ဦး၊ ကလေးနှစ်ဦးအပါအ၀င် ၁၂၁ ဦးပါဝင်ပြီး ၎င်းတို့သည်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ၍ ထိုင်း နိုင်ငံသို့ထွက်ခွာ လာခဲ့သူများဖြစ်သည်။ ခရီးလမ်းတွင် ဓါတ်ဆီကုန်သွား၍ စက်လှေမှာ မျောနေခဲ့ခြင်းဖြစ် ကြောင်း ကော်တရူအန်ရွာမှ ရွာအုပ်ချုပ်ရေးမှူးမှ အေအက်ဖ်သတင်းဌာန သို့ပြောကြားခဲ့သည်။
အဆိုပါရွာ အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ ကယ်တင်လိုက်သော ရိုဟင်ဂျာ ဒုက္ခသည်များ၏ အခြေ အနေမှာ အလွန်မောပန်းနေခဲ့ပြီး၊ အစာရေစာများ ကျွေးမွေးပြီးနောက် ကောင်းမွန်လာခဲ့ကြောင်းသိရပါ သည်။
ဒုက္ခသည်များအားလုံးကို လုပ်ဆူမွှေမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေး စခန်းသို့ပို့ဆောင် လိုက်သည်ဟု ရေးသားဖော်ပြထားပါသည်။

No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.