Monday, March 18, 2013

မင်းပြားတွင် ရိုဟင်ဂျာ (၃) ဦးအသတ်ခံရ

RB News

17.3.2013

မင်းပြား ။ ။ ရခိုင် ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တို ဘာလ များတွင် အကြမ်း ဖက်မှု များ ဖြစ်ပွား ပြီးသည့် နောက်ပိုင်းတွင် ရိုဟင်ဂျာ လူမျိုး များအား သွားလာခွင့် ကန့်သတ် ထားခဲ့ ရာ စား ၀တ် နေရေး အတွက် အခက် အခဲများ နေ့စဉ် ကြုံတွေ့ လျက်ရှိ ကြသည်။


မင်းပြား မြို့နယ် ဘားဘူတောင် ကျေးရွာ အုပ်စု၊ ဆင်ကြီးပြင် ကျေးရွာ (ဆာန်းကြီး ဖာရာ) တွင် လပေါင်း များစွာ သွားလာခွင့် ကန့်သတ် ထားမှုကြောင့် စားဝတ် နေရေး အခက် အခဲ ကြုံတွေ့လျက် ရှိသူ များထဲမှ ရိုဟင်ဂျာ (၃) ဦးသည် နာဂါရာ ကျေးရွာ အုပ်စု၊ လက်မ ချေရွာ (လင်ဘော် ရှော်ရ်) သို့ ရွာသားများ အ တွက် စားနပ် ရိက္ခာ ၀ယ်ယူရန် မတ်လ (၁၄) ရက်နေ့၊ ကြာသ ပတေးနေ့ တွင် စက်လှေဖြင့် ထွက်ခွာ ခဲ့ သည်။

လမ်းခရီးတွင် အသင့်စောင့်ဆိုင်း နေသော ရခိုင် အစွန်းရောက် အကြမ်းဖက် သမားများ၏ လူမဆန် စွာ သတ်ဖြတ်မှု ကိုခံရပြီး အသတ်ခံ ရသော ရိုဟင်ဂျာ (၃) ဦး၏ အလောင်း များကို မတ်လ (၁၆) ရက်နေ့၊ စနေနေ့ တွင် မြောက်ဦး မြို့နယ်၊ ဘူးတလုံး ကျေးရွာ အနီးရှိ မြောင်းဘွေ ချောင်းတံတား အနီးတွင် ရှာဖွေ တွေ့ရှိ ခဲ့သည်။

အလောင်းကို ရှာဖွေ တွေ့ရှိသည့် အချိန်တွင် မြောက်ဦး မြို့နယ် အခြေစိုက် ခမရ (၃၈၀) မှ လုံခြုံရေး တာဝန်ယူ ထားသည့် တပ်သားများ လည်းရှိခဲ့သည်။ အလောင်းကို စစ်ဆေးရာတွင် အသတ်ခံရ သူများ၏ ခန္ဓာကိုယ်တွင် ဓါးဒဏ်ရာ ပေါင်း များစွာဖြင့် ပြည့်နှက်လျက် ရှိပြီး၊ လည်ပင်းကို လှီးထားသည့် ဒဏ်ရာများ၊ အရှက် အင်္ဂါကို လှီးဖြတ် ထားသည့် ဒဏ်ရာများ၊ နှာခေါင်းနှင့် နားရွက် တို့ကို လှီးဖြတ် ထားသည့် ဒဏ် ရာ များ လည်း ပါဝင်ကြောင်း သိရှိ ရပါသည်။


ရခိုင် အစွန်းရောက် အကြမ်းဖက် သမားများ၏ လူမဆန်စွာ ရက်စက် ကြမ်းကြုတ်စွာ သတ်ဖြတ် ခံရသူ (၃) ဦးမှာ ဆင်ကြီးပြင် ကျေးရွာမှ ဖြစ်ပြီး၊ ၎င်းတို့၏ အမည်များမှာ -


(၁) ဦးမာမတ်ဒုလ္လာ (ဘ) ဦးအာမီနုလ္လာ (အသက် ၃၈ နှစ်)

(၂) ဦးမောန်ဇူရ် အာလောမ် (ဘ) ဦးနူရ် အာလောမ် (အသက် ၃၇ နှစ်)

(၃) မာမတ်အာယုပ် (ဘ) ဦးရရှစ် (အသက် ၂၀ နှစ်) - တို့ဖြစ်ပါသည်။

No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.