မတ် ၁၃
ရခိုင်(မောဂ်) ရိုဟင်ဂျာပဋိပက္ခအတွင်း တည်ငြိမ်မှုအပြည့် ရှိခဲ့သည့် သံတွဲမြို့တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် အစ္စလာမ်ဘာသာဝင် ကျောင်းသားများအား အခန်းခွဲကာ သီးသန့်ဖြေဆိုစေမှုသည် နှစ်စဉ်နှစ်တိုင်း ထူးချွန်ကျောင်းသား စာရင်းဝင်သည့် မွတ်စလင်မ် ကျောင်းသားများ၏ အစဉ်အလာကို ထိခိုက်စေနိုင်ဖွယ်ရှိ နေသည်ဟု ပညာရေးဝန်ထမ်း တစ်ဦးက myanmarmuslim.net သို့ပြောသည်။
နှစ်တိုင်းနှစ်တိုင်းမှာ မြို့နယ်အဆင့်ရော၊ ပြည်နယ်အဆင့်မှာပါ ပထမရတဲ့ ကလေးတွေမှာ မွတ်စလင်မ် တွေ ရှိတယ်။ အခန်းခွဲဖြေရတဲ့အတွက် အထွေအထူး အနှောင့်အယှက်မကြုံရပေမဲ့ မွတ်စလင်မ် ကလေးတွေရဲ့ ခုံနံပါတ် တွေက သီးခြားခွဲထုတ် ထားရတယ်ဆိုကတည်းက သိပ်မဟုတ်ဘူး ဟု အထက်ပါ ပညာရေးဝန်ထမ်းက ပြောသည်။
ကျွန်တော်တို့က ပုံမှန်အတိုင်း ကိုယ့်ခုံနံပါတ်ရှိတဲ့ အခန်းကို သွားထိုင်တော့ ကျွန်တော်တို့ကို သီးခြားအခန်းကို သွားဖြေရမယ်လို့ပြောလို့ သီးခြားအခန်းမှာ သွားဖြေရတယ် ဟု စစ်တွေ အထက ၁ တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသည့် မွတ်စလင်မ်ကျောင်းသား တစ်ဦးက ပထမနေ့ အတွေ့အကြုံကို ပြောသည်။
စစ်တွေ အထက ၁ တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရန် အခန်း ၁၄ ခန်းသတ်မှတ်ထားပြီး အစ္စလာမ်ဘာသာဝင် ကျောင်းသားကျောင်းသူများကို အခန်းနံပါတ် ၁၃၊ ၁၄ တွင်သီးသန့်ခွဲထုတ် ဖြေဆိုစေခဲ့ခြင်းဖြစ်သည် ဟုလည်း သိရသည်။
အဖြေလွှာတွေကို စစ်တွေတက္ကသိုလ်မှာ စစ်မှာ ဂုဏ်ထူးထွက်တဲ့ ကလေးတွေရဲ့ အဖြေလွှာကိုသာ အထက်ကို ထပ်ပို့ရမှာ ဒါကြောင့် စိုးရိမ်တာ နှစ်တိုင်း ထူးချွန်ကလေးတွေထဲမှာ မွတ်စလင်မ်တွေရှိတယ် ဟု အထက်ပါ ပညာရေးဝန်ထမ်းကပြောသည်။
ပဋိပက္ခဖြစ်ပွားနေချိန်တွင်ပင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲသင်ကြား နိုင်ခဲ့သည့် ကျောင်းသားများအား စာမေးပွဲဖြေဆိုချိန်ကာလတွင် သီးသန့်ရွေးထုတ် ဖြေကြားစေခြင်းကို ကန့်ကွက်ကြောင်း ဦးလှဝင်းနှင့် ဦးမျိုးမြင့်တို့က နိုင်ငံတော်သမ္မတထံ ကန့်ကွက်စာပေးပို့ထားသည်။
No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.