Thursday, August 15, 2013

First Community Service Program


Program Report of First Community Service Program

First Community Service Program was held on 28th July 2013 at Masjid Nurussaadah, Cheras Baru. The program was organized by Dr. Sheila Nu Nu Htay (Assistant Professor, Programme Coordinator (PhD), IIUM Institute of Islamic Banking and Finance, International Islamic University Malaysia) and Fayas Ahmad (Secretary General, Arakan Rohingya Council) together with Thant Zin Htwe (MMA-M) and other volunteers. About 300 Myanmar Muslims from Selayang, Kuala Lumpur, Ampang and Kampung Cheras Baru have participated to the event.

Wednesday, April 3, 2013

လူမျိုးရေး အကြမ်းဖက်မှု ကာကွယ် တားဆီးရေး အပြည့်အဝ မဆောင် ရွက်ခဲ့ကြောင်း ကင်တာနားပြော

RFA : 2013-04-02

မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်တဲ့ နိမိတ်လက္ခဏာတွေရှိနေပေမဲ့၊ အစိုးရဟာ ကာကွယ်တားဆီးရေး ဆောင်ရွက်မှုတွေကို အပြည့်အဝ မဆောင်ရွက်ခဲ့ဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနားက ပြောလိုက်ပါတယ်။

Thursday, March 21, 2013

မီတ္ထီလာ ပဋိပက ကြီးထွားရန် သင်္ကန်းခြုံ ၀ီရသူ၊ ၉၆၉ အဖွဲ့ ၀င်များနှင့် RNDP ပါတီဝင်များ မဟုတ်မမှန် ၀ါဒဖြန့် လှုံဆော်

 

မီတ္ထီလာဖြစ်ရပ်အား ပိုမိုကြီးထွားစေရန် မစိုးရိမ်တိုက်သစ်မှ သင်္ကန်းခြုံ ၀ီရသူ နှင့် ၉၆၉ အဖွဲ့ ၀င်များ RNDP ပါတီဝင်များ ပူးပေါင်း၍ မဟုတ်မမှန် ၀ါဒဖြန့် လှုံဆော်လျက်ရှိ


Myanmar Muslim Net
မစိုးရိမ်တိုက်သစ်မှ သင်္ကန်းခြုံ ၀ီရသူ က Myanmar Express ဖေ့စ်ဘုတ်စာမျက်နှာတွင် လုပ်ကြံသတင်းများ ထုတ်လွှင့်ခြင်း သတင်းဓါတ်ပုံ နေရာတွင် လက်ပန်းတောင်းတောင် အရေးအခင်းတွင် မီးလောင်ဒဏ်ရာရသော ကိုယ်တော်ပုံအား ဖေါ်ပြ၍ လိမ်လည် ၀ါဒဖြန့်လျက်ရှိပြီး ၉၆၉ အဖွဲ့ဝင်များ
RNDP ပါတီဝင်များ က ပူးပေါင်း ၀ါဒဖြန့်က မီတ္ထီလာဖြစ်ရပ်အား ပိုမိုကြီးထွားစေရန် ဆောင်ရွက်လျက်ရှိနေကြောင်း သတင်းရရှိပါသည်၊ မိတ္ထီလာဖြစ်ရပ် သည် ဒေါက်တာအေးမောင် မှ မြန်မာပြည် အနှံ အရေးအခင်းများ ဖြစ်မှ သာ ရခိုင်ပဋိပက္ခ ရပ်မည်ဟု ပြောပြီး မကြာမှီ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

မိတ္တီလာ မြို့တွင် ဗလီ ၈ လုံးနှင့် နေအိမ်များ ဖျက်ဆီး ခံရ


 
 RB News
21.3.2013

မိတ္တီလာ ။ ။ မိတ္တီလာ မြို့တွင် ယမန်နေ့ နံနက် ပိုင်းတွင် စတင် ခဲ့သည့် ပဋိ ပက္ခသည် ည ၁၀ နာရီ ခန့်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်သော်လည်း အခြေ အနေမှာ တည်ငြိမ် အေးချမ်း မသွားဘဲ အစ္စလာမ် ဘာသာဝင် များအထွဋ် အထိပ် ထားရာ ဗလီ ၀တ်ကျောင်းတော် (၈) လုံး မီးရှို့ ဖျက်ဆီး ခံရကြောင်း သိရှိရ ပါသည်။ ထို့အပြင် အစ္စလာမ် ဘာသာဝင် များ၏ နေအိမ် များလည်း မီးရှို့ ဖျက်ဆီး ခံရကြောင်း သတင်း ရရှိပါသည်။

မီးရှို့ ဖျက်ဆီး ခံရသော ဗလီများမှာ --

Wednesday, March 20, 2013

မိတ္ထီလာမြို့တွင် ဗလီ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတထံ မေတ္တာရပ်ခံချက်

နိုင်ငံတော်သမ္မတခင်ဗျား
ဂါရဝ၊ နိဝါသတရား ရှေ့ထား၍ မေတ္တာရပ်ခံ အပ်ပါသည်။

ငြိမ်းချမ်းသာယာမှု အပေါင်း ခညောင်းပါစေ။
ယနေ့ (၂ဝ.၃၂၀၁၃) နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့တွင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ရမည့် ဖြစ်စဉ်တစ်ခုကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင် အစွန်းရောက် အကြမ်းဖက်အဖွဲ့ (၉၆၉)က သံဃာတော်များ ဦးဆောင်ကာ အစ္စလာမ် ဘာသာဝင်များ၏ အိမ်များ၊ ဆိုင်များ၊ သာသနိက ဗလီအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

Tuesday, March 19, 2013

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်နှစ်ခုမှ ပိုင်ရှင်မဲ့ လက်လုပ် တူမီးလုပ်သေနတ်များ အစုလိုက် အပြုံလိုက်သိမ်းဆည်းရမိ

Source: Yangon Media Group

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်နှစ်ခုမှ တစ်ပတ်အတွင်း ပိုင်ရှင်မဲ့ လက်လုပ်တူမီးလုပ်သေနတ်များ အစုလိုက် အပြုံလိုက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာနှင့် မျောက်တောင်ကျေးရွာကြား ပြိုင်လောင်းတောင်တန်း အနီး တောစပ်ခြုံတောမှ တူမီးလုပ် သေနတ် ၂၈ လက် အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပြီး အလားတူ မတ်လ ၁၂ ရက်နေ့တွင်လည် ဘူးသီးတောင်မြို့နယ်၊ လက်ဝဲ ဒက်ပြင်ရှည်ကျေးရွာ အုပ်စု၊ ညောင်ခြုံကျေးရွာ အနီး တောင်ကျော် လမ်းဘေးခြုံစပ် အတွင်း တူမီး လုပ်သေနတ် ၁၈ လက်ကို ဘူးသီး တောင် ရဲစခန်းလှည်းကင်းမှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြေပုံမြို့တွင် ရိုပာင်ဂျာ ပပျောက်ရေးကော်မတီဖွဲ့

ရန်ကုန်၊ မတ် ၁၅

မြေပုံမြို့နယ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုပြီးပါက ရိုဟင်ဂျာ အမြစ်ပြတ် ချေမှုန်းမယ်ဆိုတဲ့ ဆန့်ကျင်ရေး ပြုလုပ်မယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ဒီနေ့တောင် ကျောင်းဘုန်းကြီး aကျာင်းမှာ အစည်းအဝေး လုပ်တယ်။ မြေပုံမှာ ရိုဟင်ဂျာ အမြစ်ဖြတ်ချေမှုန်းမယ် ဆိုပြီး အစည်းအဝေးလုပ်တာ။ ဆယ်တန်းစာမေးပွဲပြီးရင် အစီအစဉ်စမယ်လို့ ကြားတယ် ဟု မြေပုံဒေသခံ တစ်ဦးက ဆိုပါတယ်။

Monday, March 18, 2013

ရိုဟင်ဂျာလွှတ်တော်ကိုယ်စားလှယ် အစည်းအဝေးတက်ရောက် နိုင်ခြင်းမရှိသေး

သီဟ
RB News
18.3.2013


စစ်တွေ ။ ။ ပထမ အကြိမ် ရခိုင် ပြည်နယ် လွှတ်တော်၏ ဆဋ္ဌမ ပုံမှန် အစည်း အဝေးကို ယနေ့ (မတ်လ ၁၈ ရက်) နေ့မှ စတင် ကျင်းပနေရာ အစ္စလာမ် ဘာသာဝင် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ်နှစ် ဦး ဖြစ်သည့် မောင်တော မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးအောင်မျိုးမင်းနှင့် ဘူး သီး တောင်မြို့ နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါက်တာ ဘရှီရ် အဟမတ် တို့သည် လုံခြုံရေး အခြေ အနေကြောင့် အစည်း အဝေးသို့ တက်ရောက် နိုင်ခြင်း မရှိကြောင်း သတင်း ရရှိပါသည်။

မင်းပြားတွင် ရိုဟင်ဂျာ (၃) ဦးအသတ်ခံရ

RB News

17.3.2013

မင်းပြား ။ ။ ရခိုင် ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တို ဘာလ များတွင် အကြမ်း ဖက်မှု များ ဖြစ်ပွား ပြီးသည့် နောက်ပိုင်းတွင် ရိုဟင်ဂျာ လူမျိုး များအား သွားလာခွင့် ကန့်သတ် ထားခဲ့ ရာ စား ၀တ် နေရေး အတွက် အခက် အခဲများ နေ့စဉ် ကြုံတွေ့ လျက်ရှိ ကြသည်။

Saturday, March 16, 2013

Rohingya Students' Union




RNDP အထွေထွေ အတွင်းရေးမှုးမှ ရိုဟင်ဂျာ မွတ်ဆလင် အခွင့် အရေး ကာကွယ် မည်ဟုပြော

ကျော်စွာဝင်း
RB News
16.3.2013

ကင်ဘာရာ ။ ။ ၂၀၁၃ ခု မတ်လ ၁၅ - ၁၆ ရက်နေ့တွင် သြစတေးလျနိုင်ငံ ကင်ဘာရာမြို့ Australia National University ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ရခိုင်တိုင်းရင်းသား များတိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးစောလှမှ ရိုဟင်ဂျာ မွတ်ဆလင်များ အပါအ၀င် မည်သူ့ကိုမဆို ဖိနှိပ်နေခြင်းအား မိမိအနေဖြင့်မ ကြိုက်ကြောင်း၊ ထိုသို့ဖိနှိပ်မှုတို့အား ဆန့်ကျင်သွား မည် ဖြစ်ကြောင်း ပြော ကြား လိုက်ပါသည်။

မွတ်စလင်မ် ကျောင်းသားများရခိုင်ပြည်နယ် အတွင်း သီးခြားဖြေဆိုရမှုကြောင့် စိုးရိမ်မှုများမြင့်တက်

ပိာန်းအောင်

မတ် ၁၃

ရခိုင်(မောဂ်) ရိုဟင်ဂျာပဋိပက္ခအတွင်း တည်ငြိမ်မှုအပြည့် ရှိခဲ့သည့် သံတွဲမြို့တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် အစ္စလာမ်ဘာသာဝင် ကျောင်းသားများအား အခန်းခွဲကာ သီးသန့်ဖြေဆိုစေမှုသည် နှစ်စဉ်နှစ်တိုင်း ထူးချွန်ကျောင်းသား စာရင်းဝင်သည့် မွတ်စလင်မ် ကျောင်းသားများ၏ အစဉ်အလာကို ထိခိုက်စေနိုင်ဖွယ်ရှိ နေသည်ဟု ပညာရေးဝန်ထမ်း တစ်ဦးက myanmarmuslim.net သို့ပြောသည်။

ဘီလူးများ သားလုပွဲ

ဌေးလွင်ဦး

RB News

15.3.2013

ရာဇ၀င်မှာ ဘီလူးမ သားလုပွဲ ဆိုတာပဲ ရှိပါတယ်။ လူသားမိခင်အရင်းနဲ့ လူသားကို စားချင်တဲ့ ဘီလူးမက လူဟန်ဆောင်ပြီး- သားကို လုတဲ့ပွဲပါ။ ဒီမှာ ရာဇ၀င်လာ ပညာရှိသုခမိန် မဟော်သဓာက- ဘယ်သူဟာ မိခင် အရင်း ဖြစ်သလဲ- “ကလေးကို ရအောင်လုနိုင်သူက ကလေးကို ယူစေ”လို့ ပြောပြီး သားကို လုခိုင်း လိုက်တယ်။ မိခင်လို့ ဆိုသူနှစ်ဦး သားလေးကို အပြိုင်ဆွဲလုတော့- မိခင်အရင်းက သားလေးနာသွားမှာ စိုးရိမ်စိတ်နဲ့ လက် လွှတ် အလျှော့ပေးလိုက်ခဲ့တယ်။- (သားကို ရမယ်- မရမယ်ဆိုတာ က နောက် ကိစ္စ၊ လောလောဆယ် သားလေး ကို ခြေက တစ်ယောက်ဆွဲ၊ ခေါင်းက တစ်ယောက် ဆွဲ- နှစ်ပိုင်းပြတ်- သေ သွားမှာက လတ်တစ်လောကိစ္စ ဖြစ် နေခိုက်- မိခင်အရင်းက သားလေးကို ကရုဏာတစ်ကယ်ရှိပြီး- လက်လွှတ်ပေးလိုက်ခဲ့တာပါ။)- ဒီမှာ သုခမိန် မဟော်သဓာဟာ မိခင် အရင်းရဲ့ စိတ်ကို သိမြင်ခွင့်ရခဲ့ပါတယ်။-

Saturday, March 9, 2013

သမိုင်းရေးတဲ့နေ့

RB News
10.3.2013

၂၀၁၃ ခု မတ်လ ၉ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဓော တက္ကသိုလ်မှာ ခေတ်သစ် ရခိုင်သမိုင်းကို စရေးတဲ့နေ့လို့ ခံစားလိုက်ရပါတယ်။ ထိုင်းနိုင်ငံရောက် ရခိုင်အမျိုးသားများက ကမကထ လုပ်ပြီး ရခိုင်သမိုင်းကို ရေးနိုင်ဘို့ စီစဉ်ခဲ့ပါတယ်။ ရခိုင်အမျိုးသားများ စီစဉ်ခဲ့ပေမယ့်-၊ ရိုဟင်ဂျာများကိုတော့ ဖိတ်ကြားခြင်းမရှိခဲ့ပါ။ ဒါပေမယ့်- ဘန်ကောက်ကို ကျွန်တော်ရောက်ပြီး- အခမ်းအနားစီစဉ်သူကို ကြည့်တော့ ကျွန်တော့မိတ်ဆွေ အရင်းထက် ပိုပြီး သံယောဇဉ်ရှိတဲ့ ကိုကျော်သောင်း ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ကျွန်တော်လည်း ဖိတ်စာပါ ဖုံးနဲ့ ဆက်သွယ်လိုက်ပါတယ်။ ကိုကျော်သောင်းက အလုပ်များနေပြီး ဖုံးမကိုင်ဖြစ်ပါ။- ကိုဇော်မင်းထွန်းက ဖုံး ကိုင်ပါတယ်။ ကျွန်တော် ကိုဌေးလွင်ဦး ဖြစ်ကြောင်း အခမ်းအနားကို တက်ရောက်ချင်ကြောင်း အကြောင်းကြား ခဲ့ပါတယ်။

NLD ပြည်လုံးကျွတ်ညီလာခံ စတင်












ပါတီညီလာခံ ကျင်းပမယ့် တော်ဝင်နှင်းဆီခန်းမကို ဝင်ရန် တန်းစီနေသော NLD ပါတီဝင်များ။ မတ်လ ၈၊ ၂၀၁၃။ 
ကိုအောင်လွင်ဦး

08.03.2013 (ဗီအိုအေ)

 မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တနိုင်ငံလုံးအဆင့် ညီလာခံကို ဒီကနေ့ပဲ ရန်ကုန်မှာ စတင်ကျင်းပနေပါတယ်။ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် နေရာတွေအပါအ၀င် ကိုယ်စားလှယ် အဆင့်ဆင့်ကို ရွေးချယ်တာတွေ၊ အရေးကြီးတဲ့ မူဝါဒတွေ ချမှတ်ဖို့ ရည်ရွယ်ထားတဲ့ ညီလာခံအပေါ်မှာတော့ ပါတီဝင်တွေ ထောက်ခံသူတွေကြား မျှော်လင့်ချက်တွေလည်း ကြီးထွား လာနေတာပါ။ ပြန်လည် ပြင်ဆင်ဖွဲ့စည်းမယ့် NLD ပါတီရဲ့အနာဂတ်နဲ့ မြန်မာ့နိုင်ငံရေးမှာ သက်ရောက်လာနိုင်မယ့် အလားအလာတွေကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် USAID အကူအညီပေးမည်

ဗွီအိုအေ (မြန်မာဌာန)

08.03.2013

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ခုနှစ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ဒီ သုံးနှစ်တာ ကာလအတွင်း ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ကူညီထောက်ပံ့ ပေးသွားမယ့်အကြောင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီ USAID အဖွဲ့က မနေ့က မတ်လ ၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

Friday, March 8, 2013

နှိုးဆော်စာ - ရခိုင် အစွန်းရောက်များမှ ရိုဟင်ဂျာနှင့် ကမန် မွတ်စလင်များအား မတ်လနှင့် ဧပြီလတွင် ထပ်မံသတ်ဖြတ်ရန် စီစဉ်နေ

နှိုးဆော်စာ - ရခိုင်အစွန်းရောက်များမှ ရိုဟင်ဂျာနှင့် ကမန်မွတ်စလင်များအား မတ်လနှင့် ဧပြီလတွင် ထပ်မံသတ်ဖြတ်ရန် စီစဉ်နေသည်ကို အတိအကျ သတင်းရရှိထား ၂၀၁၂ ခုနှစ် ဇွန်လ ဆန်းပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင် မြို့နယ်နှင့် စစ်တွေ မြို့နယ်များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များကြောင့် ရိုဟင်ဂျာ မွတ်စလင်များနှင့် ကမန်မွတ်စလင် အများအပြား အသက် ဆုံးရှူံးခဲ့ရသည်။

Tuesday, March 5, 2013

အင်ဒိုနီးရှား၌လှေစီးဒုက္ခသည် ၁၂၁ ဦးကိုကယ်တင်ခဲ့

RB News
27.2.2013

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၊ ဆုမာတြာ ကျွန်းရှိ ကော်တရူအန်ရွာ၏ ၁၅ မိုင်အကွာခန့်တွင် မျောနေ စက်လှေတစ်စီးမှ ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၁၂၁ ဦးကိုယမန်နေ့က ငါးဖမ်းသမားများက ကယ်တင် လိုက်ကြောင်း အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ရေးသားဖော်ပြထားပါသည်။

မလွဲမသွေပြန်လည်ရေးဆွဲရမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ

ဦးမောင်ဖေတင်
တရားလွှတ်တော်ရှေ့နေ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥဒေ အခန်း ( ၈ ) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တာဝန် များခေါင်းစဉ် အောက်တွင် ပုဒ်မ-၃၄၅ နှင့် ပုဒ်မ-၃၄၆ တို့ကို အောက်ပါ အတိုင်း ပြဌာန်းထားပါသည်။

ပုဒ်မ-၃၄၅ အောက်ဖော်ပြပါ အရည်အချင်းတစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည်။

ဗြောင်ငြင်းတဲ့ အကျင့်

ဌေးလွင်ဦး
RB News
3.3.2013

လူတစ်ဦး-၊ လူတစ်စုဟာ ဘယ်ကိစ္စကို မဆို ဗြောင်ခံငြင်းတတ်တဲ့ အကျင့်ရှိနေရင်-၊ သူဟာ အဲ့ဒီ အကျင့်ကို ဖျောက်ဖျက်ဘို့ ခက်ပါတယ်။ “ဗြောင်ငြင်းသူအဘို့ ကျမ်းကိုးမလိုပါ၊” ဗြောင်ငြင်း တတ်သူဟာ ဘယ်လို အချက် အလက်ကို သက်သေပြပြ ဆန့်ကျင်ဘက်က ခံငြင်းနေမှာပဲ ဖြစ်တယ်။

Saturday, March 2, 2013

မြန်မာနိုင်ငံတွင်ရိုဟင်ဂျာလူမျိုးရှိသည်

မေယုမျိုးအောင်
RB News
1.3.2013
ရိုဟင်ဂျာ လူမျိုးများကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတ စ၀်ရွှေသိုက်မှ အသိအမှတ် ပြုခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု၊ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေနှင့် ၀န်ကြီးအဖွဲ့ ဆုံးဖြတ်ချက် အရ မေယုနယ်ခြား ခရိုင်တွင် နေထိုင်သော လူနည်းစု ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် သတ်မှတ်၍ ရိုဟင်ဂျာတိုင်းရင်းသား ဘာသာအစီအစဉ်ကို (၁၉၆၁ ခုနှစ်၊ မေလ၊ ၁၅) ရက်နေ့မှစ၍ မြန်မာ့ အသံတိုင်းရင်းသား ဘာသာအစီအစဉ်မှ အသံလွှင့်ခွင့်ပြုခဲ့ပါသည်။ ပြန်ကြားရေး နှင့် အသံလွှင့် ဦးစီး ဌါနထုတ်နှစ်(၃၀)မြန်မာ့အသံ စာအုပ်စာမျက်နှာ (၇၁)တွင် တရားဝင်ဖော်ပြထား ပါသည်။ 


၁၃၅ မျိုးမှာ မပါလို့

February 25, 2013
ဌေးလွင်ဦး

ရခိုင်ဒေသခံ မွတ်ဆလင်များကို “ရိုဟင်ဂျာ” လူမျိုးရယ်လို့ ခေါ်ဆိုကြောင်း အင်္ဂလိပ်များ ရခိုင်ဒေသကို မ၀င် ရောက်မှီ နှစ်ပေါင်း ၅၀ နီးပါး မှတ်တမ်းများကပင် ဖေါ်ပြပြီး ရှိနေပါတယ်။ ဂျာမန်ဘာသာနဲ့ မှတ်တမ်းများအရ ဒီထက်ပိုစောတဲ့ ခုနှစ်များကပဲ ရှိနေပြီး- ပါရှား အိန္ဒိယ မှတ်တမ်းများအရ ဆိုရင် နှစ်ပေါင်းထောင်ချီပြီး မှတ်တမ်း များ ရှိနေပါတယ်။

မွတ်ဆလင်များကို ကုလားများလို့ ခေါ်ဝေါ်သမုတ်ခဲ့တဲ့ စကားအရ ဆိုရင် ရခိုင်ဒေသနဲ့ ရခိုင်လူမျိုး ဆိုတာ ကိုယ်က မွတ်ဆလင်ဒေသနဲ့ မွတ်ဆလင်များကိုသာ ခေါ်ဆိုကြောင်း- သို့မဟုတ် ရခိုင် ဆိုတာ မွတ်ဆ လင်များသာ ဖြစ်ကြောင်း နိုင်ငံတစ်ကာအသိအမှတ်ပြု မြန်မာ့သမိုင်းအကျော် ဒေါက်တာသန်းထွန်းရဲ့ မြန်မာ ရာဇ၀င် ပြန်တမ်း အတွဲ ၂ စာမျက်နှာ ၂၁၉ မှာ “ရခိုင် ဆိုတဲ့ လူမျိုးကို ကုလား မျိုး ခြောက် ဆယ့် လေးနွယ်” ထဲမှာ ထည့် သွင်း ရေတွက်ထားခြင်းက သက်သေ တည်နေပါတယ်။ ဒီသမိုင်း အထောက် အထားအရ ရှေးမြန်မာမင်းများ ကိုယ်တိုင် ရခိုင် ဆိုတာ မွတ်ဆလင်များ အများစု နေ ထိုင်ရာ ဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း ထင်ရှားလှပါ တယ်။ ဘိုးတော်မောင်ဝိုင်း ရခိုင်နယ် ကို သိမ်းပိုက် စဉ်က ရခိုင်ဒေသ မွတ်ဆလင်များ အတွက် တရားရေး ကိုင်တွယ်ဘို့ရာ “ဃာဇီ”များ ခန့်အပ်ထားပေးပြီး ရခိုင်ဒေသ တရားသူကြီး “ဃာဇီ“ အဗစ်ဟူစိန်နီ သခင်ကြီးကို ပင် တာဝန်ပေးခဲ့ကြောင်း သမိုင်းဖျက်လို့ မပျက်နိုင်သေး ပါ။

သန်းခေါင်ကျော်ခဲ့ပြီ


ဌေးလွင်ဦး
RB News
1.3.2013

အမှန်ကို အမှန်အတိုင်း လက်မခံ နိုင်သူများ- ကိုယ့်ဒုက္ခ ကိုယ်ရှာနေ သူများသာ ဖြစ်ပါတယ်။ အမှောင်ခေတ်မှာ အကုသိုလ်ကျူးလွန်မှု၊ မတရားမှု၊ ရာဇ၀တ်မှုများကို ကလိမ်ကကျစ်ကောင်များက တစ်စုံတစ်ရာ လုပ်နိုင်ခွင့် ရှိ ပေမယ့်-၊ ရှင်းလင်းထင်ရှားလာတဲ့ ခေတ်ကာလမှာ-၊ ထိုထိုသော မအပ်မရာသည့် အမှုများအား ကျူးလွန်သူများ ကို ကမ္ဘာကြီးက ရာဇ၀တ်ကောင်များလို့ သတ်မှတ်ပြီး-၊ အများသူငါက အမှန်တရားကို သိနေပါလျှက် ထပ်ဆင့် ထပ်ဆင့် လိမ်ညာနေသူများကို ကျပ်မပြည့်သူများလို့ သတ်မှတ်ပါတယ်။