Wednesday, August 29, 2012

ထေရ၀ါဒဓမ္မကွန်ယက်ဖွင့်ပွဲတွင် အခြေခံဥပဒေအား ဆန့်ကျင်ဟောပြော

ထေရ၀ါဒဓမ္မကွန်ယက်ဖွင့်ပွဲတွင် အခြေခံဥပဒေအား ဆန့်ကျင်ဟောပြော

သြဂုတ်လ၊ ၂၈ ရက်၊ ၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
သတင်း - မြင့်မြတ်သူ

ထေရ၀ါဒ ဓမ္မကွန်ယက် စတင်ဖွဲ့စည်းသောမိန့်ခွန်းတွင် အခြေခံဥပဒေပါ နိုင်ငံတော် ဘာသာသတ်မှတ်ခြင်း ဆိုင်ရာ အခန်းအား ဆန့်ကျင် ဟောပြောမှု တစ်ရပ်အား ထည့်သွင်း ဟောကြားသွားခဲ့ကြောင်း Eleven Media ၏ သြဂုတ်လ ၆ ရက် သတင်းတစ်ပုဒ် တွင် ယခုကဲ့သို ပါရှိခဲ့ပါသည်။

''ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် နိုင်ငံတော်က တရားဝင် သတ်မှတ်ခဲ့တာ ၁၉၆၂ ခုနှစ်ကဆိုတော့ ဒီနှစ်မှာ ၅၂ နှစ်ရှိပါပြီ။ ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ပြန့်ပွားရေးအတွက် ထေရ၀ါဒဓမ္မကွန်ရက် စတင်ဖွဲ့စည်းခဲ့တာပါ''ဟု နာယက ဆရာ တော်တစ်ဦးက ပြောကြားခဲ့ပါသည်
ပြည်ထောင်စုမြန်မာနိုင်ငံသည် မည်သည့် ဘာသာကိုမှ နိုင်ငံတော် ဘာသာ အဖြစ်သီးသန့် သတ်မှတ်ထားခြင်းမရှိ ပါ။ နိုင်ငံသားအများစု ကိုးကွယ်သော ဘာသာသည် ဗုဒ္ဓဘာသာအဖြစ် အသိအမှတ်ပြုထားခြင်းသာရှိပါသည်။ 

ယခင်ဦးနု အစိုးရခေတ်တွင် ဗုဒ္ဓဘာသာအား နိုင်ငံတော် ဘာသာအဖြစ်သတ်မှတ်ရန်ကြိုးပမ်းမှု၏ အကျိုးဆက်အဖြစ် တိုင်းရင်းသားများ လက်နက်ကိုင် တောခိုခဲ့သော သမိုင်းများရှိခဲ့ပါသည်။ 

'' အခုဒီမိုကရေစီ အသွင်ပြောင်းကာလ မှာလဲ ဘာသာရေး အစွန်းရောက် သမားတွေက အမျိုးသားရေး ....

အကြောင်းပြပြီး အဲဒီလို အဖွဲ့ တွေဖွဲ့ပြီး အစိုးရ ကို ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးစေဖို့ ကြိုးပမ်းနေတယ် ... မန္တလေးမှာလဲ ဒီလိုပဲ ဘုန်းကြီး ၀ီရသူက ခေါင်းဆောင်ပြီး တခြားဘာသာဝင် တွေကို အထင်အမြင် မှားအောင် လှုံဆော်နေတာတွေ အများကြီးရှိတယ် .... အခုလဲ နိုင်ငံတော် သမ္မတကြီးကို ထောက်ခံတယ်လို့ ဗန်းပြပြီး လူမျိုးရေး ဘာသာရေး သွေးခွဲ လှုံဆော်တာ တွေလုပ်ဖို့ ဆန္ဒပြမယ်လို့ ကြားရတယ် ... အရင်ဘာသာရေး ပဋိပက္ခ တွေဖြစ်တုံးကလဲ ဒီလိုပဲ အစိုးရ က သူ့ကိုထောက်ခံတယ်ဆိုပြီးရော ဆိုပြီး လွှတ်ပေးတော့ နောက်ပိုင်းထိမ်းမရဖြစ်တာ ..အခုလဲ မန္တလေး မှာ ဆန္ဒပြမဲ့ကိစ္စ လုံခြုံရေး က ဘယ်သူတာဝန်ယူမှာလဲ တိတိပပ မရှိသေးဘူး ... ဖေ့စ်ဘွတ်မှာက ဘုန်းကြီး ၀ိရသူက ခရစ်ယာန်ဘာသာကို ထိပါးရေးလိုက် .. အစ္စလာမ်ကို ထိပါးရေးလိုက်နဲ့ ... နောက်ပြီး တရုတ်မုန်းတီးရေး ၀ါဒဖြန့်တာတွေကလဲ ရှိနေတော့ ဒီကလူတွေ စိုးရိမ်နေရတယ်'' ဟု မန္တလေး မြို့ခံတစ်ဦးက myanmarmuslim.net ကိုပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.