ရခိုင်ပြည်နယ်အနှံ့ အထိကရုဏ်းများ မပြန့်ပွါးခင်ကတည်းက အစ္စလာမ်ဘာသာဝင် ကမန် တိုင်းရင်းသားများ၏ အိုးအိမ်များ၊ ပလီဝတ် ကျောင်းများကို ရခိုင် အစွန်းရောက်များက အစီအစဉ်ရှိရှိ တိုက်ခိုက် မီးရှို့ ဖျက်ဆီးခဲ့သော အထောက်အထား များဖြစ်ပါတယ်။ ရခိုင် အစွန်းရောက်များ၏ ရည်ရွယ်ချက်ကို တွေ့နိုင်ပါတယ်။
သြဂုတ်လ (၂၉) ရက်၊ ၂၀၁၂ ခုနှစ်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာ နှင့် မောင်တောမြို့ အခြေအနေ
၂၀၁၂ ခုနှစ် ဇွန်လ ပထမပတ်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်နှင့် ၄င်းပတ်ဝန်းကျင်ရှိ ကမန်မူဆလင်များ နေထိုင်ရာ ကျေးရွာပေါင်း (၇) ရွာကို ရခိုင်အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့ကြသည်။ မီးရှို့ဖျက်ဆီးမှုကြောင့် အဆိုပါကျေးရွာ(၇) ရွာမှ အိမ်ထောင်စု (၁၃၄၅)စု၊ အိမ်ခြေပေါင်း (၁၁၀၀) ကျော်နှင့် လူဦးရေ ၆၉၃၂ ဦးတို့သည် အိုးအိမ်၊ ပိုင်ဆိုင်ပစ္စည်းများနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတို့အားလုံး လုံးလုံးလျားလျား ပျက်စီးသွားခဲ့ပြီး၊ အလွန်တရာ အတိဒုက္ခ ရောက်နေကြပါသည်။ ရမ်းဗြဲမြို့နယ်နေ မူစလင်အများစုသည် အများအားဖြင့် ကမန် တိုင်းရင်းသားများ ဖြစ်ကြပြီး၊ တံငါလုပ်ငန်း၊ အရောင်းအ၀ယ် လုပ်ငန်းနှင့် ကုန်သည်ပွဲစားလုပ် ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ ဖြစ်ကြပါသည်။ ကျောက်နီမော်ဒေသ တစ်ဝိုက်နေ ကမန်မူဆလင် များသည်အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ရေလုပ်ငန်းအပေါ် မှီခိုနေခဲ့ရာ၊ အရေးအခင်း ကာလအပြီး ၄င်းတို့သည် ပင်လယ်၊ မြစ်၊ ချောင်းထဲ မဆင်းရခြင်း၊ ခရီးသွားလာရေး ပိတ်ပင်တားဆီး ခံရခြင်းနှင့် အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအဖြစ် နည်းလမ်းထွက် ပေါက်များကိုလည်း သက်ဆိုင်ရာမှ ပိတ်ပင် တားဆီးလျှက် ရှိသဖြင့် အသက်ရှင် ဘ၀ရပ်တည် စားဝတ်နေရေးအတွက် အလွန်တရာ အတိဒုက္ခ ရောက်နေ ရပါသည်။ ရခိုင်လူမျိုး အကြမ်းဖက်များကြောင့် ကမန်တိုင်းရင်းသားလူမျိုးများ၏ အောက်ဖော်ပြပါ ကျေးရွာများ မီးရှို့ဖျက်ဆီးခံခဲ့ရပါသည်။
၁။ ကျောက်ထရံကျေးရွာ
၂။ ရွာသာယာကျေးရွာ
၃။ ရွှေပြည်သာကျေးရွာ
၎။ ကျောက်နီမော်တောင်ပိုင်းရပ်ကွက်
၅။ ကျောက်နီမော်အလယ်ပိုင်းရပ်ကွက်
၆။ ကျောက်နီမော် မြောက်ပိုင်းရပ်ကွက်
၇။ ချမ်းမြေ့ရိပ်ငြိမ်ရပ်ကွက်
ကျောက်နီမော်ကျေးရွာသည် တောင်ကုတ်မြို့မှ အရှေ့တည့်တည့်မိုင် ၄၀ အကွာတွင်လည်းကောင်း၊ မန်အောင်မြို့၏မြောက်ဘက်မိုင် ၃၀ အကွာတွင်လည်းကောင်း၊ မြေပုံမြို့၏ အနောက်မြောက်ဘက်မိုင် ၁၃၀ အကွာခန့်အကွာတွင် လည်းကောင်း၊ ရမ်းဗြဲမြို့နှင့် မိုင် ၂၀ အကွာတွင် လည်းကောင်း တည်ရှိသည်။ ရမ်းဗြဲနှင့် ကျောက်နီမော်နေ ကမန်မူဆလင်များသည် ရခိုင်လူမျိုးများနှင့် ပတ်ပတ်လည် ၀ိုင်းရံထားပြီး၊ ရခိုင်အကြမ်းဖက်သမားတို့ အချိန်မေ၇ွး အကြမ်းဖက်ရန် ခြိမ်းခြောက်လျှက် ရှိနေကြောင်းသိရပါသည်။ အကြမ်းဖက် ရမ်းကားဖျက်ဆီးမှု ကာလအတွင်း ဖျက်ဆီးခံလိုက်သော ရမ်းဗြဲမြို့နယ် ဗလီများမှာ-
အမှတ်စဉ် ဗလီအမည် မှတ်ချက်
၁ ဗလီသစ် မီးရှို့ဖျက်ဆီးခြင်းခံရပြီး၊ အဖျက်အဆီးများ ကျန်နေသည်။
၂ အလယ်စုဗလီ မီးရှို့ဖျက်ဆီးခြင်းခံရပြီး၊ အဖျက်အဆီးများ ကျန်နေသည်။
၃ လယ်သွန်တောင်ဗလီ မီးရှို့ဖျက်ဆီးခြင်းခံရပြီး၊ အဖျက်အဆီးများ ကျန်နေသည်။
၎ တန်း၇ွာဗလီ ရှေးဟောင်းဗလီ(နှစ်ပေါင်း ၆၀၀ ကျော်ရှိပြီဟုခန့်မှန်းရသည်။)
၅ သိန်းပြင်ကျေးရွာဗလီ ရမ်းဗြဲအရှေ့ဖက် ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။
၂၉၊ သြဂုတ်လ၊ ၂၀၁၂ ခုနှစ်
မောင်တောမြို့အခြေအနေ
နိုင်ငံတော် သမ္မတကြီး၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ရခိုင်ပြည်နယ်သို့ ခရီးစတင်ရန် စီစဉ်လျှက်ရှိရာ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ မြို့ပေါ်နှင့် ကျေးရွာအုပ်စု အသီးသီးမှ ရွာမျက်နှာဖုံး၊ မြို့မျက်နှာဖုံး (အာဏာပိုင်များနှင့် နီးစပ်သူဟု အာဏာပိုင်တို့ကယူဆသူ) ကျေးရွာတစ်ရွာမှ လူပုဂ္ဂိုလ် ၁၀ ဦးစီတို့ကို စည်းရုံးလျှက် အာဏာပိုင်ဘက်မှ ကာကွယ်ပြောဆိုပေးရန်၊ အဟုတ်ကို မဟုတ်၊ မဟုတ်ကို အဟုတ်လိမ်လည်ပြောဆို တွက်ဆိုပေးရန် အတင်းစည်းရုံး လျှက်ရှိကြောင်း ဒေသခံများမှ သိရပါသည်။ ထို့အပြင် မောင်တော တောင်ပိုင်းတွင် (မလိုအပ်ပဲ၊ ဒုက္ခသည်မရှိပဲ) လတ်တလောဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ ဒုက္ခသည်စခန်းများတွင် တောင်ပေါ် တိုင်းရင်းသားများ ဖြစ်သော သက်၊ ဒိုင်းနက်၊ မြို (ခ)ခမွီးလူမျိုးတစ်ချို့ကို စည်းရုံး၍ ၄င်းယာယီစခန်းများတွင် နေရာချ ထားပေးရန် အာဏာပိုင်များမှ စီစဉ်ဆောင်ရွက်နေကြောင်း၊ ၄င်းတောင်ပေါ် တိုင်းရင်းသားများအား တောင်ပေါ်တွင် ဘင်္ဂလီများ ဒုက္ခပေး၍ မနေရဲ၍ ယာယီဒုက္ခသည်စခန်းတွင် နေကြောင်း စသည်ဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရှေ့မှောက်တွင် လိမ်လည်တွက်ဆိုရန်၊ သက်ဆိုင်ရာ အာဏာပိုင်များမှ မက်လုံးပေး စည်းရုံးထားကြောင်း၊ မောင်တောခရိုင်မှ အာဏာပိုင် အဖွဲ့အစည်း အသီးသီးတို့သည် စုံစမ်းစစ်ဆေးရေး ကော်မရှင်အား အမှန်တရားတိုင်း ဖုံးကွယ်ရန်နှင့် အာဏာပိုင်တို့ ကျူးလွန်ခဲ့သော ပြစ်မှုများအားလုံးကို ဖုံးကွယ်နိုင်ရန် ဒေသနေ ပြည်သူများအား ချော၍တစ်ဖုံ၊ ခြိမ်းခြောက်၍ တစ်လှည့် စည်းရုံးလျှက်၇ှိ နေကြောင်းဒေသခံများမှ သိရပါသည်။
ခင်ငြိမ်းချမ်း
No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.