Thursday, August 30, 2012

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာ နှင့် မောင်တောမြို့ အခြေအနေ

ရခိုင်ပြည်နယ်အနှံ့ အထိကရုဏ်းများ မပြန့်ပွါးခင်ကတည်းက အစ္စလာမ်ဘာသာဝင် ကမန် တိုင်းရင်းသားများ၏ အိုးအိမ်များ၊ ပလီဝတ် ကျောင်းများကို ရခိုင် အစွန်းရောက်များက အစီအစဉ်ရှိရှိ တိုက်ခိုက် မီးရှို့ ဖျက်ဆီးခဲ့သော အထောက်အထား များဖြစ်ပါတယ်။ ရခိုင် အစွန်းရောက်များ၏ ရည်ရွယ်ချက်ကို တွေ့နိုင်ပါတယ်။

သြဂုတ်လ (၂၉) ရက်၊ ၂၀၁၂ ခုနှစ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာ နှင့် မောင်တောမြို့ အခြေအနေ



၂၀၁၂ ခုနှစ် ဇွန်လ ပထမပတ်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်နှင့် ၄င်းပတ်ဝန်းကျင်ရှိ ကမန်မူဆလင်များ နေထိုင်ရာ ကျေးရွာပေါင်း (၇) ရွာကို ရခိုင်အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့ကြသည်။ မီးရှို့ဖျက်ဆီးမှုကြောင့် အဆိုပါကျေးရွာ(၇) ရွာမှ အိမ်ထောင်စု (၁၃၄၅)စု၊ အိမ်ခြေပေါင်း (၁၁၀၀) ကျော်နှင့် လူဦးရေ ၆၉၃၂ ဦးတို့သည် အိုးအိမ်၊ ပိုင်ဆိုင်ပစ္စည်းများနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတို့အားလုံး လုံးလုံးလျားလျား ပျက်စီးသွားခဲ့ပြီး၊ အလွန်တရာ အတိဒုက္ခ ရောက်နေကြပါသည်။ ရမ်းဗြဲမြို့နယ်နေ မူစလင်အများစုသည် အများအားဖြင့် ကမန် တိုင်းရင်းသားများ ဖြစ်ကြပြီး၊ တံငါလုပ်ငန်း၊ အရောင်းအ၀ယ် လုပ်ငန်းနှင့် ကုန်သည်ပွဲစားလုပ် ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ ဖြစ်ကြပါသည်။ ကျောက်နီမော်ဒေသ တစ်ဝိုက်နေ ကမန်မူဆလင် များသည်အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ရေလုပ်ငန်းအပေါ် မှီခိုနေခဲ့ရာ၊ အရေးအခင်း ကာလအပြီး ၄င်းတို့သည် ပင်လယ်၊ မြစ်၊ ချောင်းထဲ မဆင်းရခြင်း၊ ခရီးသွားလာရေး ပိတ်ပင်တားဆီး ခံရခြင်းနှင့် အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအဖြစ် နည်းလမ်းထွက် ပေါက်များကိုလည်း သက်ဆိုင်ရာမှ ပိတ်ပင် တားဆီးလျှက် ရှိသဖြင့် အသက်ရှင် ဘ၀ရပ်တည် စားဝတ်နေရေးအတွက် အလွန်တရာ အတိဒုက္ခ ရောက်နေ ရပါသည်။ ရခိုင်လူမျိုး အကြမ်းဖက်များကြောင့် ကမန်တိုင်းရင်းသားလူမျိုးများ၏ အောက်ဖော်ပြပါ ကျေးရွာများ မီးရှို့ဖျက်ဆီးခံခဲ့ရပါသည်။

The Rohingya Problem: Why? | Speech By Dr. Habib Siddiqui



[Author’s Note: Keynote speech delivered at the International Conference on “Contemplating Burma’s Rohingya People’s Future in Reconciliation and (Democratic) Reform,” held on August 15, 2012 at the Thammasat University, Bangkok.]


As a conscientious global citizen of our planet, I have been writing for the past 32 years since my days as a university student on a plethora of issues, which include history, culture and civilization of the peoples of the South Asia and the Middle East. I have also studied and written on international politics, human rights and terrorism. In my decades of studies I have not found a people that are more persecuted than the Rohingyas of Myanmar, or what used to be called Burma.

Wednesday, August 29, 2012

ရိုဟင်ဂျာလူမျိုး များ ဘင်္ဂလီမဟုတ် | စောလွင် ( ရန်ကုန်တက္ကသိုလ်)

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံအနောက်ဘက် Arakan Region ယခုအခေါ် ရခိုင်ဒေသတွင်ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့သော တိုင်းရင်းသားလူမျိုးစု တစ်စုဖြစ်သည်ကို သမိုင်း အထောက်အထားများ အရ မည်သူမျှငြင်း ၍မရပါ။

ယနေ့ မြန်မာနိုင်ငံ ဦးသန်းစိန်အစိုးရမှ ရိုဟင်ဂျာသည် ဘင်္ဂလီလူမျိုးဖြစ်သည်။ ဘင်္ဂလာဒေခ့်ျမှ ခိုးဝင်လာသူများ သို့တည်းမဟုတ် ကျူးကျော်လာသူများ သို့တည်းမဟုတ် စိမ့်ဝင်လာသူများ အစရှိသဖြင့် ပြောဆိုနေ သည်ကိုတွေ့ရပါသည်။ နိုင်ငံတကာမှ ဖိအားပေးလာလျှင် မတတ်သာ၍ ရိုဟင်ဂျာများ ပြောရမည့်အစား ရိုဟင်ဂျာ နှင့်တွဲ၍ ဘင်္ဂလီကို အသုံးပြုလာသည်ကို တွေ့ရပြန်သည်။ ဤသို့ အသုံးပြုလာရခြင်းမှာ ရိုးသားစွာပြောဆိုခြင်းမဟုတ်ပဲ ကောက်ကျစ်၍ ပြောဆိုနေကြာင်း အဓိပ္ပါယ် ဆောင်နေပါသည်။ အဘယ်ကြောင့်ဆိုသော် လူမျိုးအမျိုး၏ အမည်သည် အမည်နှစ်ခုလုံးဝ မဖြစ်နိုင်ပဲ တစ်မျိုးသာဖြစ်ရမည်။ ရှမ်းလူမျိုးများကိုကြည့်လျှင် တရုတ်နိုင်ငံမှာ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်းရှိသည်။ မောဂ်လူမျိုး ရခိုင်များသည် ဘင်္ဂလားဒေခ့်ျနိုင်ငံတွင် ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရခိုင်လူမျိုးများရှိသည်။ ထိုသူတို့အား တရုတ်မှာ ဖြစ်စေ၊ ဘင်္ဂလားဒေခ်ျ့မှာဖြစ်စေ၊ မြန်မာနိုင်ငံမှာဖြစ်စေ မည်သည့်အရပ်ဒေသမဆို ရှမ်းလူမျိုးသည် ရှမ်း လူမျိုး၊ မောဂ်လူမျိုး (ယခုအခေါ် ရခိုင်)လူမျိုးသည် ရခိုင်လူမျိုးပါပဲ။၊ ရိုဟင်ဂျာသည် ဘင်္ဂလီလူမျိုးမဟုတ်၊ ရိုဟင်ဂျာသည် ရိုဟင်ဂျာဖြစ်သည်။ ဗမာလူမျိုးတယောက်သည် ထိုင်းနိုင်ငံသွားနေထိုင်လျှင် ဗမာထိုင်းလူမျိုးဖြစ်သွားပါမည်လော။ 

ဒါတွေကို ဗဟိုအစိုးရ မသိလေသလား?

ဒါတွေကို ဗဟိုအစိုးရ မသိလေသလား?
ဌေးလွင်ဦး

၂၀၁၂ ဇွန်လ အတွင်းမှာ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျင် မျိုးပြုတ်သုတ်သင်ရေး စီမံချက်ကို မြန်မာအစိုးပိုင်းက အပိုင်ကြံခဲ့တာပါ။- ကမ္ဘာက ၀ိုင်းလိုက်လာတော့-၊ ဒီလို မဟုတ်ရပါ၊ မွတ်ဆလင် လူငယ်တစ် (သုံးယောက်)က ရခိုင်ဗုဒ္ဓဘာသာ အမျိုးသမီးငယ် တစ်ဦးကို လူမဆန်စွာ ပစ္စည်းလု မုဒိန်း ကျင့်သတ်ဖြတ်ခဲ့တာက လူထုဒေါသ အုံကြွပြီး ဖြစ်ရတာပါလို့- ကမ္ဘာကို အံတုပြောဆိုနေပါတယ်။

တောင်ကုတ်မြို့က လူသတ်မှုဟာလည်း အဲ့ဒီက ဆက်ကူးလာတဲ့ ပရောဂ လောင်စာမီး ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။--။ ပြီးတော့ မွတ်ဆလင်တွေကို မုဒိန်းကောင်၊ ရာဇ၀တ်ကောင်များလိုလို ဒီနေ့ထိ ပြော ဆိုနေပါသေးတယ်။---

အမှန်တရားကို ချစ်တဲ့ မြန်မာပြည်သူများ၊ သိက္ခာသမာဓိကို မြတ်နိုးတဲ့ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီး များ၊ ကမ္ဘာသူ ကမ္ဘာသားများ သိစေဘို့-- ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေးရဲ့ ဖြစ်ရပ် မှန်ကို တင်ပြလိုက်ပါမယ်။ (ကျွန်တော်ဟာ ကျောက်နီမော်ကျေးရွာမှာ အကိုဖြစ်သူ ကိုသက်လွင်ဦးနဲ့ အတူ- အလယ်တန်း အထက်တန်းကလေးများကို စာသင်ပေးခဲ့တဲ့ ကျောင်းဆရာ တစ်ဦး ဖြစ်လို့ ရခိုင် ကလေးထဲကရော မွတ်ဆလင်ကလေးထဲကပါ- ချစ်ခင်လေးစားတဲ့ ဆရာတစ်ဦး အဖြစ် အသိမှတ်ပြု တဲ့ တပည့်ပေါင်း များစွာ ရှိပါတယ်။- ဒီသတင်းကို ကိုယ်တိုင် လေ့လာပြီး တင်ပြခြင်း ဖြစ်ပါတယ်။)

ကမ္ဘာကို ဗြောင် မလိမ်ပါနဲ့

ကမ္ဘာကို ဗြောင် မလိမ်ပါနဲ့
ဌေးလွင်ဦး

ဇွန်လ အတွင်း ရခိုင်ပြည်နယ်ထဲမှာ မွတ်စလင်များကို သတ်ချင်တိုင်း သတ်၊ မောင်းထုတ်ချင်တိုင်း မောင်းထုတ်၊ မွတ်စလင်အိမ်များကို အကြီးအကျယ် မီးရှို့ခဲ့ပြီး--၊

ဗုဒ္ဓဘာသာ အမျိုးသားရေး ၀ါဒီတွေက - သူတို့ရဲ့ ရာဇ၀တ်ကျူးလွန်မှုများကို မွတ်ဆလင်များကို တစ်ဘက်သတ် ထိုးချခဲ့ပါတယ်။ မြန်မာတစ်ပြည်လုံးကလည်း အုံးအုံးကျွက်ကျွက် ညံသွားပြီး- တိုင်းရင်းသားတွေကို ကျူးကျော် သူတွေက အတင်းအကြမ်းဖက်သလို ၀ါဒဖြန့်လိုက်ပါတယ်။

အဆိုးဆုံး အခြေအနေထိ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေက ဖန်တီးလိုက်ယုံမျှ မက-၊ ဖြစ်နေဆဲ၊ ငတ်ပြတ် ပြေးလွှားနေဆဲကာလမှာ မြန်မာပြည်ထဲက သွားလေသမျှသော အလူများ အားလုံးကို ဗုဒ္ဓဘာသာများကသာ မောင်ပိုင်စီးလိုက်ပါတယ်။ မေတ္တာရှင် ဘုန်းကြီးများ ကလည်း ရခိုင်မှအပ ကျန်တာအားလုံးကို သေစေချင်စိတ် မျိုးပြုတ်လိုစိတ် အတုံးလိုက် အတစ်လိုက် ဖေါ်ပြခဲ့ကြပါတယ်။

ထေရ၀ါဒဓမ္မကွန်ယက်ဖွင့်ပွဲတွင် အခြေခံဥပဒေအား ဆန့်ကျင်ဟောပြော

ထေရ၀ါဒဓမ္မကွန်ယက်ဖွင့်ပွဲတွင် အခြေခံဥပဒေအား ဆန့်ကျင်ဟောပြော

သြဂုတ်လ၊ ၂၈ ရက်၊ ၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
သတင်း - မြင့်မြတ်သူ

ထေရ၀ါဒ ဓမ္မကွန်ယက် စတင်ဖွဲ့စည်းသောမိန့်ခွန်းတွင် အခြေခံဥပဒေပါ နိုင်ငံတော် ဘာသာသတ်မှတ်ခြင်း ဆိုင်ရာ အခန်းအား ဆန့်ကျင် ဟောပြောမှု တစ်ရပ်အား ထည့်သွင်း ဟောကြားသွားခဲ့ကြောင်း Eleven Media ၏ သြဂုတ်လ ၆ ရက် သတင်းတစ်ပုဒ် တွင် ယခုကဲ့သို ပါရှိခဲ့ပါသည်။

''ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် နိုင်ငံတော်က တရားဝင် သတ်မှတ်ခဲ့တာ ၁၉၆၂ ခုနှစ်ကဆိုတော့ ဒီနှစ်မှာ ၅၂ နှစ်ရှိပါပြီ။ ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ပြန့်ပွားရေးအတွက် ထေရ၀ါဒဓမ္မကွန်ရက် စတင်ဖွဲ့စည်းခဲ့တာပါ''ဟု နာယက ဆရာ တော်တစ်ဦးက ပြောကြားခဲ့ပါသည်

စုံစမ်းရေး ကော်မရှင်ဝင် ၃ ဦးအား ကန့်ကွက်လွာတင်

စုံစမ်းရေး ကော်မရှင်ဝင် ၃ ဦးအား ကန့်ကွက်လွာတင်
  
ရခိုင်ပြည်နယ်ဖြစ်စဉ် စုံစမ်းရေး ကော်မရှင်ဝင် ၃ ဦးအား NDPD ပါတီက သမ္မတထံကန့်ကွက်လွာတင်

သြဂုတ်လ၊ ၂၂ ရက်၊ ၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
သတင်း - SK

ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခဖြစ်စဉ် အမှုမှန်ပေါ်ပေါက်ရေး အတွက်စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းမှုတွင် ပါဝင်သည့် ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်နှင့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးတို့ သုံးဦးသည် အဆိုပါကော်မရှင်တွင် ပါဝင်ရန် သင့်လျော်မှု မရှိကြောင်း၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ(NDPD)က သြဂုတ်၂၁ တွင်သမ္မတထံသို့ ကန့်ကွက်လွှာ တင်သွင်းလိုက် ပြီဖြစ်ကြောင်း ပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက myanmarmuslim.net သို့ပြောကြားသည်။

“ဒီလူတွေဟာ ရိုဟင်ဂျာတွေကို တတိယနိုင်ငံသို့ပို့ဖို့ တရားဝင်ကြေညာ ချက်ထုတ်ထားတဲ့သူတွေ၊ ဒီကော်မရှင်ထဲမှာ အရေးအခင်း(ရခိုင်ဗုဒ္ဓဘာသာ ရိုဟင်ဂျာပဋိပက္ခ)နဲ့ တိုက်ရိုက်ပတ်သက်နေ သူတွေကိုကော်မရှင် မှာထည့်တာ တရားမျှတမှု မရှိနိုင်ပါဘူး။ ဖြစ်ရပ်မှန် မပေါ်ရင်နိုင်ငံအတွက် .......

Tuesday, August 28, 2012

'Thousands of Rohingyas dead' Number of growing casualties played down by authorities, says refugee

'Thousands of Rohingyas dead'
Number of growing casualties played down by authorities, says refugee

MONDAY, AUGUST 27, 2012 - 12:05
Location: KUALA LUMPUR

FOOD BOXES: Rohingya volunteers preparing packages of sardines to be delivered to the Rohingya refugees in Bangladesh — Pix: Arif Kartono

ROHINGYAS in Malaysia are claiming that media reports on the death toll in the Arakan region of Myanmar are grossly inaccurate, saying thousands of Rohingya villagers have become casualties of the growing unrest.

Contractor Abul Kasim, 34. who has been staying in Malaysia for the past 10 years, said the reported numbers were played down by the Myanmar authorities.

Thursday, August 23, 2012

ဘယ်သူက အိမ်ရှင်လဲ | ဌေးလွင်ဦး

အခုတစ်လော ရေပန်းစားလာတဲ့ စကားတစ်ခွန်းက “မွတ်စလင်တွေကလည်း လိမ်လိမ်မာမာ (ပါးပါးနပ်နပ်) နေ ပေါ့၊ အိမ်ရှင်နဲ့ သင့်မြတ်အောင်ပေါင်းပေါ့၊” ဆိုတဲ့ စကားပါပဲ။ ဒီစကားကို အသည်းယားနေတာ ကြာပါပြီ။ ပြောရမှာ များလွန်းလို့ စကားမကြုံနိုင် အလှည့်မရောက်နိုင် ဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့က ကျွန် တော့ မိတ်ဆွေ ဘုန်းကြီးတစ်ပါး ဖုံးဆက်လာတယ်၊ “ဒကာလည်း အတော်လှုပ်ရှားနေတယ် ဆို၊- အေး ဒါတွေ က အစိုးရလှည့်ကွက်တွေပါ၊ ဒီကောင်တွေကတော့ ဒီလိုပဲ အကွက်မျိုးစုံ လုပ်နေမှာပဲ၊ ကိုယ်တွေက သိနေဘို့ လိုတယ်။ မွတ်စလင်တွေကလည်း လိမ်လိမ်မာမာနဲ့ အိမ်ရှင်နဲ့ သင့်မြတ်အောင် အလိုက်သင့်နေတတ်ဘို့ လိုတယ်၊” ဆိုပြီး ပြောလာပြန်ပါတယ်။” ဦဇင်းနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေး အလွန်ရင်းနှီးနေတဲ့ အတွက် ရည်ရွယ် ချက် အဆိုးနဲ့ ပြောတာမဟုတ်ဘူး ဆိုတာ ကျွန်တော်သိနေပါတယ်။ သူ့ခမြာ သူအတွေးရှိသလောက်၊ သူ့ဗဟု သုတ အလျှောက် ကောင်းရာကောင်းကြောင်း ပြောမှန်းလည်း ကျွန်တော် သိနေပါတယ်။ ဒါပေမယ့်-- ဒီစကား က အတော်လေး မှားယွင်းနေတဲ့ စကားဖြစ်နေတော့- ကျွန်တော်လည်း ရေရှည် မြုံမနေသင့်ဘူး ထင်တာနဲ့--

ဆင်သေကို ဆိတ်သားရေဖြင့်ဖုံးရန် ကြိုးစားခြင်း | မောင်ရွှေခိုင်

၁၉၈၈-ခုနှစ်၊ (၈၈၈၈)အရေးအခင်းတွင်၊ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ(၃၀၀၀)ကျော် အသက်ဆုံးရှုံးခံခဲ့ရသည်။ ဤ (၃၀၀၀)ကျော်သော သူများသည် မည်သူ၏လက်ချက်ကြောင့် သတ်ဖြတ်ခံခဲ့ရသနည်း။ န၀တ/နအဖ လက်ထက်တွင် တိုင်းရင်းသားဒေသ များ၏ ရွာအမြောက်အများ ဖျက်ဆီးခံခဲ့ရပြီး၊ အမျိုးသမီးများမုဒိန်းကျင့်ခံခဲ့ရကာ၊ လူငယ်/လူရွယ် မြောက်များစွားသတ်ဖြတ်ခံခဲ့ရသည်။ ၂၀၀၃-ခုနှစ်၊ ဒီပဲယင်းအရေးအခင်းတွင်လည်း NLD-အား ထောက်ခံသူ(၁၀၀)ကျော် အသက်ဆုံးရှုံးခံခဲ့ရကြောင်း မျက်မြင်သက်သေများအရ သိရှိရသည်။ “၈၈”အရေးအခင်းနောက်ပိုင်း ကျောင်းသား၊ ပြည်သူများအား ဘ၀တုံးသွားအောင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ ၁၉၉၆-ခုနှစ်၊ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုကို ပြင်းပြင်းထန်ထန်နှိပ်ကွက်ခဲ့သည်။ ၂၀၀၇-ခုနှစ်၊ ရွှေဝါရောင် သံဃာအရေးအခင်းတွင် လည်း သံဃာတော် အမြောက်အများ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး အချို့အသတ်ခံရကြောင်း ဓါတ်ပုံနှင့်တကွ ဖော်ပြသော သတင်းများအရ သိရှိ ရသည်။ ဤကဲ့သို့ ရဟန်းရှင်လူ၊ ကျောင်းသား၊ပြည်သူများကို ညှင်းပမ်း၊နှိပ်စက်ခြင်း၊ ဘ၀တုံးသွားအောင် နှစ်ရှည်ထောင်သွင်းအကျဉ်းချ ခြင်း၊ မညှာမတာသတ်ဖြတ်ခံခဲ့ရခြင်းတို့အတွက် နစ်နာမှု၊ အမှန်တရား၊ တရားဥပဒေသည် အဘယ်မှာနည်း။ အဓိကကျူးလွန်သော တရားခံ များသည် မည်သူနည်း။ အသွင်ကူးပြောင်း ကာလဟုဆိုနေသော ဒီမိုကရေစီခေတ်နှင့် ဒီမိုကရေစီအပြည့်အ၀ကျင့်သုံးနိုင်သော ခေတ်များ တွင် အပြစ်ကျူးလွန်သူများအား မည်ကဲ့သို့ပြစ်ဒဏ်ချမှတ်နိုင်သနည်း။ အပြစ်ကျူးလွန်သူများသည် န၀တ/နအဖ စစ်အစိုးရခေတ် အုပ်ချုပ် သူ ထိပ်ပိုင်းခေါင်းဆောင်များအားလုံး၊ ယခုဦးသိန်းစိန် အစိုးရအဖွဲ့ ၀င်အများစု၊ ကြံ့ဖွံ့ခေါင်းဆောင်များ တိုက်ရိုက်၊သွယ်ဝိုက်၍ အကျူးံဝင်နေ သည်။ 

မြစ်ကို အလျားလိုက်ကူးခိုင်းထားခံရသော စုံစမ်းစစ်ဆေးရေး ကော်မရှင်


မြစ်ကို အလျားလိုက်ကူးခိုင်းထားခံရသော စုံစမ်းစစ်ဆေးရေး ကော်မရှင်

အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၂၃) ရက် ၂၀၁၂ ခုနှစ်


ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ အမှန်တရားဖေါ်ထုတ်ပေးရန် ပြည်တွင်းလူထုနှင့် နိုင်ငံ တကာ၏ ဖိအားများ ကျရောက်လာပြီး နောက် သမတ ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် အမှန်တရားကို ဖုံးဖိ ထားရန်အတွက် အဖွဲ့အစည်း တခုပြီး တခုကို အသုံးချ ခဲ့သည်။

ပထမ တခုအား ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင် စေခဲ့သည်။ ဖွဲ့စည်း စေလွှတ် စုံစမ်းစစ်ဆေးခဲ့သော်လည်း မည်သည့်အစီရင်ခံစာ တစွန်းတစမျှ ပြည်သူလူထုအတွက် ထွက်ပေါ်ခဲ့ခြင်း မရှိပါ။ ဒုတိယ တခုမှာ လူ့အခွင့်အရေး ကော်မရှင်ဖြစ်သည်။

ယင်းမှာလည်း ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်သည့် အဖွဲ့နှင့် ခြားနားမှုများစွာ မရှိလှပါ။ အမှန်တရားနှင့် စပ်လျှဉ်း၍ အားကိုးလောက်သော အချက်များ ပေါ်ထွက်မလာသည့်အပြင် လူ့အခွင့်အရေးရှုဒေါင့်မှပင် တိကျသည့် သုံးသပ်ချက်များ မထုတ်နိုင်ခဲ့ပါ။ ဟော ယခု တတိယ အဖွဲ့တခု လာပြန် ချေပြီ။

Statement from the Bangkok Conference on the Rohingyas of Myanmar

Wed, 2012-08-22 07:06
By Dr. Habib Siddiqui
Bangkok, 22 August, (Asiantribune.com):

Myanmar (formerly Burma) is going through a deep crisis in dealing with ethnic conflicts, especially in its western Rakhine (formerly Arakan) state. To find probable solutions to the existing problems, Arakan Rohingya Organization - Japan (JARO) and Rohingya National Organization in Thailand (RNOT) jointly sponsored an International Rohingya Conference in Bangkok, Thailand.

The theme of the conference was “Contemplating Burma’s Rohingya People’s Future in Reconciliation and (Democratic) Reform.”

Wednesday, August 22, 2012

ဘယ်လိုပညာရေးကို သင်ပေးမှာလဲ (၁)

ဘယ်လိုပညာရေးကို သင်ပေးမှာလဲ (၁)
ဌေးလွင်ဦး

ရခိုင်ဒေသမှာ အဓိကရုန်းတွေ ဖြစ်ရတဲ့ ကိစ္စဟာ အဲ့ဒီ ဒေသက လူတွေ ပညာအင်အားနည်းပါးလို့ ဖြစ်ရတာ လို့ သမ္မတကြီး ဦးသိန်းစိန်က ၂၀၁၂ခု သြဂုတ်လ ၁၄ ရက် မှာ ဗွီအိုအေနဲ့ ဆွေးနွေးမှုမှာ ထည့်သွင်းပြောကြား ခဲ့တယ်။

အဓိက အရင်းအမြစ် ဘာကြောင့် ဆိုတာ သမ္မတကြီးလည်း သိနေမှာပါ။ ဒီ ပြသနာဖြစ်ရခြင်း အရင်း အမြစ်ကို အရောင်ဖျော့ထားပြီး- ပညာအင်အားနည်းလို့-၊ နောက်ဝင်လာသူများလို့ စွပ်စွဲခံရသူများက မနေ

တတ် မထိုင် တတ်လို့- သို့မဟုတ်က ပြင်ပက အင်အားစုများက လှုံ့ဆော်တာကို ပညာအင်အားနည်းပါးတော့ ဟုတ် သည် မှန်သည်ကို ဆင်ခြင်နိုင်အား နည်းလို့ ပြသနာက ကြီးသွားရတာပါလို့ သမ္မတကြီး တစ်ဦးအနေနဲ့ ဆင်ခြင်မိဟန် ရှိနေပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် တိုးချဲ့မည်

VOA ကိုဇော်ဝင်းလှိုင်

21.08.2012
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်း စစ်ဆေးဖို့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ လုပ်ငန်းတွေကို စတင်နိုင်ဖို့အတွက် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့မှာလည်း ပြည်ထောင်စု နယ်စပ်ရေးရာ ၀န်ကြီးကိုယ်တိုင် လာရောက်ပြီး နိုင်ငံတော်အစိုးရက လုပ်ဆောင်ထားတာတွေကို သမ္မတရဲ့ကိုယ်စား ကော်မရှင်အဖွဲ့ဝင်တွေကို လာရောက် ရှင်းပြခဲ့တယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ စုံစမ်း စစ်ဆေးဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဟာ သူတို့ရဲ့ လုပ်ငန်းတွေရဲ့ ပထမခြေလှမ်းအဖြစ်နဲ့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ကော်မရှင်အဖွဲ့ဝင်အားလုံး ပါဝင်တဲ့ မျက်နှာစုံညီ စည်းဝေးပွဲတခု ကျင်းပခဲ့ကြတာပါ။

Saturday, August 18, 2012

SBY Turns to Ex-Veep on Rohingya Issue

SBY Turns to Ex-Veep on Rohingya Issue
Arientha Primanita, Ezra Sihite & Dessy Sagita | August 18, 2012
President Susilo Bambang Yudhoyono, left, receives former vice president Jusuf Kalla at the presidential office in Jakarta. Yudhoyono wants Kalla to serve as Indonesia’s special envoy for the Rohingya issue. (Antara Photo/Widodo S. Jusuf)President Susilo Bambang Yudhoyono, left, receives former vice president Jusuf Kalla at the presidential office in Jakarta. Yudhoyono wants Kalla to serve as Indonesia’s special envoy for the Rohingya issue. 
(Antara Photo/Widodo S. Jusuf)
President Susilo Bambang Yudhoyono said on Thursday he hoped that former Vice President Jusuf Kalla would be willing to become the country’s special envoy on the Rohingya issue. 

“I hope that Mr. JK, with his extensive experience, can become our special envoy, so that Indonesia’s solidarity and attention on the humanitarian issue of the Rohingya is accurate, does not give rise to misunderstanding for Myanmar but also helps our Rohingnya brothers and sisters,” Yudhoyono said. 

The president spoke after meeting Kalla, who came as chairman of the Indonesian Red Cross (PMI) to discuss the Rohingnya issue. 

Warnings on Burma's racist hatred

PHOTO: Burmese opposition leader, Aung San Suu Kyi,
 has been criticised for her silence on the plight of
 the Muslim Rohingya. (Reuters: Soe Zeya Tun)
Warnings on Burma's racist hatred

Katie Hamann, for Asia Pacific

A UK-based Burmese scholar has warned Burma's opposition NLD party, including democracy icon Aung San Suu Kyi, are implicit in the racism that's fuelling ongoing tension between Buddhists and the minority Muslim Rohingya.

Clashes this year between ethnic Buddhist Rakhine and the Rohingya in Burma's west have left more than 70 people dead.

GPM Distributes Aid To Rohingyas In Myanmar

GPM Distributes Aid To Rohingyas In Myanmar 

August 17, 2012 19:08 PM 

KUALA LUMPUR, Aug 17 (Bernama) -- Global Peace Malaysia (GPM) distributed humanitarian aid amounting to RM250,000 this week to the ethnic Rohingya minority who are experiencing a humanitarian crisis in Arakan, Myanmar.

The mission was led by GPM president Ahmad Azam Abdul Rahman who distributed the donations collected through the Ramadan Iftar Fund campaign, with the cooperation of the Muslim Youth Movement of Malaysia (ABIM).

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၁၊၂၊၃) | အောင်ထူး (ရှေ့နေ)



ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၁)


၂၀၁၂ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့တွင် ဦးသိန်းစိန်က ဗွီအိုအေမှဦးသန်းလွင်ထွန်း၏ မေးခွန်းများ အား ဖြေကြား သွားခဲ့သည်။ စစ်အစိုးရ၏ သမတ ပင် ဖြစ်စေဦး၊ လွတ်လပ်သောသတင်းဌာနများကို တန်ဘိုးထားကြောင်းပြသပြီး မေးခွန်းများကို တလေးတစားဖြေကြား သွားခဲ့သည့်အပေါ် အသိအမှတ်ပြုရမည် ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန် ကိုယ်တိုင်၏နုတ်ဖျားမှ နေ၍ "လူသားအမြင် မျိုးရှိလာအောင် လူ့အခွင့်အရေးကို ရှေ့တန်းကနေတင်ပြီး စဉ်းစားတတ် လာအောင် အချိန်ယူပြီး လုပ်သွားရမယ်” ဟု ထုတ်ဖေါ်ပြောဆိုလာသည်ကို ကြိုဆိုရမည်လည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ် က နှစ်ပေါင်း ငါးဆယ်ကျော်လွှမ်းမိုးခဲ့ သည့် ကာလ အတွင်း humanity ဟု ခေါ်သည့် လူသားချင်းစာနာမှု အယူအဆ၊ human rights ဟု ခေါ်သည့် လူ့အခွင့်အရေး အတွေးအခေါ် စသည့်စကားလုံးများ အား တန်ဘိုးထားကြောင်းပြသသည့် အနေဖြင့် အာဏာရှင်များကိုယ်တိုင်၏ နုတ်ဖျားမှ ရွတ်ဆိုသံများ မကြားခဲ့ရသောကြောင့် ဖြစ်သည်။

AZG မှ ဦးကျော်လှအောင် နှင့် RFA မှ ဆက်သွယ်မေးမြန်းချက်


Ref: RFA ဩဂုတ် ၁၆

ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ ဇွန်လက ဖမ်းဆီးခံထားရ တဲ့ MSF ခေါ် နယ်စီးမခြားဆရာဝန်များအဖွဲ့ အကြီးအကဲ ဦးကျော်လှအောင်ကို ဩဂုတ် ၁၆ရက် နေ့က ပြန်လွှတ်ပေး လိုက်တဲ့ အပေါ် RFA မှ သတင်းယူ မေးမြန်းတင်ပြ ထားပါတယ်။
ဦးကျော်လှအောင် ဟာ အစ္စလာမ်ဘာသာဝင် ရှေ့နေဟောင်း တစ်ဦး ဖြစ်တဲ့အပြင် နိုင်ငံရေး အကျဉ်းသား ဟောင်းတစ်ဦးလည်ဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်မှာ အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ ကို စတင် တည်ထောင်သူ တစ်ဦးလည်း ဖြစ်ပြီးတော့ ထောင်ဒဏ် ၁၂နှစ် ကျခံခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၉၇ခုနှစ် မှာပြန်လည် လွတ်မြောက်လာခဲ့ပြီးတော့ အဲဒီနောက်ပိုင်းမှာ နယ်စီးမခြားဆရာဝန်များအဖွဲ့ ရဲ့ဝန်ထမ်းတစ်ဦး အနေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦးဖြစ်ပါတယ်။

မြန်မာပြည်မှာ ဗီဇာကဒ် သုံးနိုင်တော့မည်

ဗွီအိုအေ (မြန်မာဌာန)

17.08.2012
အရှေ့တောင်အာရှဒေသက ငွေစက္ကူ အဓိကထားသုံးစွဲတဲ့ မြန်မာနိုင်ငံမှာ VISA card ကုမ္ပဏီက ၀င်ရောက်ပြီး ငွေကြေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ဖို့ ပြင်ဆင်နေပါပြီ။ ဒါကြောင့် မကြာခင် ကာလမှာ မြန်မာနိုင်ငံမှာ လက်ငင်းနဲ့ အကြွေး ငွေချေကဒ်ပြားစနစ်သုံး ငွေလွှဲစနစ် Debit နဲ့ Credit card transactions တွေ ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။

ဆယ်စုနှစ်များစွာ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူမှု Sanctions ချမှတ်ခံခဲ့ရတဲ့ နိုင်ငံအဖြစ်ကနေ ရုန်းထွက်လာပြီး တိုးတက်အောင် ကြိုးစားလာတဲ့ မြန်မာ့ စီးပွားရေးလောက နိုင်ငံ တကာ အဆင့်မီစေဖို့ ပြည်တွင်း ဘဏ်ဝန်ထမ်းတွေကို အီလက်ထရောနစ် ငွေချေစနစ်ဆိုင်ရာ သင်တန်းတွေကို VISA ကုမ္မဏီက သင်ကြားပေးတယ်လို့ The Wall Street Journal သတင်းက ဖော်ပြပါတယ်။

Friday, August 17, 2012

ထိုင်းနိုင်ငံ သမာဆတ်တက္ကသိုလ်မှာ ရိုဟင်ဂျာ ပြဿနာဆွေးနွေး

ထိုင်းနိုင်ငံ သမာဆတ်တက္ကသိုလ်မှာ ရိုဟင်ဂျာ ပြဿနာဆွေးနွေး
2012-08-16

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ရိုဟင်ဂျာ ပြဿနာနဲ့  ပတ်သက်ပြီး မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သမာဆတ် တက္ကသိုလ်မှာ နိုင်ငံတကာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့  ဒီမိုကရေစီရေးမှာ ရိုဟင်ဂျာတွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့  သုံးသပ် ဆွေးနွေးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် ဗွီအိုအေမြန်မာပိုင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း

သမ္မတ ဦးသိန်းစိန် ဗွီအိုအေမြန်မာပိုင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း

ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း
14.08.2012

ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြစ်မှုတခုကို အခြေခံပြီး ဖြစ်ပွား ခဲ့တဲ့ ပြည်တွင်းရေး ကိစ္စသာ ဖြစ်တယ်၊ နိုင်ငံတကာ စုံစမ်း ဖြေရှင်းစရာမလိုဘဲ ပြည်တွင်းမှာ လူ့ အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး ဒေသခံတွေရဲ့ အသိပညာ မြင့်မားရေးတို့ကို ဆောင်ရွက်ရင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ သမ္မတ ဦးသိန်းစိန် က ဆိုပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မေးမြန်းချက် အပိုင်းကို နားဆင်နိုင်ပါတယ်။

ရိုဟင်ဂျာကိစ္စ ဖိအားပိုမိုပေးဖို့ OIC ထုတ်ပြန်

ရိုဟင်ဂျာကိစ္စ ဖိအားပိုမိုပေးဖို့ OIC ထုတ်ပြန်
2012-08-16

အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံပါဝင်တဲ့ OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ အစ္စလာမ်မစ် သွေးစည်းညီညွတ်ရေး ညီလာခံကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ မနေ့က ကျင်းပပြီးစီးခဲ့ရာ မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့ ဖိအား ပိုမိုပေးဖို့ ဆွေးနွေးခဲ့ကြောင်း OIC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Thursday, August 16, 2012

Burma Rights Commission Resists Investigating Rohingya Abuses

Rohingya Muslims carry their belongings as they move after recent violence
 in Sittwe, Burma, June 16, 2012.
Danielle Bernstein

August 16, 2012
BANGKOK — Burma's human rights commission says there is no need for an investigation into the communal violence between Buddhists and Muslim Rohingya that broke out in June. 

The refusal comes as the Organization of Islamic Cooperation says it will take up the Burmese government’s handling of the unrest with the U.N. Security Council.

OIC to take Myanmar killings issue to UN

MECCA: The Islamic summit decided Thursday to take the issue of Myanmar's Muslim Rohingyas, displaced by deadly sectarian violence, to the United Nations.

At a meeting in the holy city of Mecca the 57-member Organisation of Islamic Cooperation (OIC) condemned "the continued recourse to violence by the Myanmar authorities against the members of this minority and their refusal to recognise their right to citizenship."

"The summit has decided to bring this matter before the General Assembly of the United Nations," it said in a final statement.

Burmese gov't must end Rohingya massacre

Burmese gov't must end Rohingya massacre

Young Buddhist Association of Malaysia
1:36PM Aug 16, 2012 

On behalf of the concerned community of Malaysian Buddhists, we would like to highlight the cause of the minority Rohingya people in Burma's Arakan province.

We have been following with deep concern and sadness on the Amnesty International (July 19, 2012) report on the ongoing oppression and massacre of the Rohingyas by both the Rakhine and security forces.

အိန္ဒိယသံတမန် စစ်တွေမြို့ကို လေ့လာရေးခရီး သွားဖို့ ရှိ


အိန္ဒိယသံတမန် စစ်တွေမြို့ကို လေ့လာရေးခရီး သွားဖို့ ရှိ
2012-08-15

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံတမန် Mr. Seshadri ဟာ မကြာသေးခင် လပိုင်းက ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လေ့လာရေး ခရီး သွားရောက်ဖို့ ရှိတယ်လို့ အိန္ဒိယနိုင်ငံထုတ် The Indian Express သတင်းစာက ဖော်ပြထားပါတယ်၊

သူရဲ့ခရီးစဉ်အပြီးမှာ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေသူတွေနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံက ကူညီမယ့် ကိစ္စတွေကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းသွားမယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ဒုတိယ သမ္မတ ဖြစ်ပြီ

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဒုတိယ သမ္မတ (၁) အဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်။




2012-08-15 (RFA)

လစ်လပ်နေတဲ့ ဒုတိယ သမ္မတ (၁) အဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒီကနေ့ ခန့်အပ်လိုက်ပါတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်ခံရတဲ့ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းဟာ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဆားသိပ်များနေပြီ ဦးကိုကိုကြီး

အောင်တင်

သြဂုတ်(၁၅) ၂၀၁၂

စာပေါင်းများစွာ ရေးခဲ့ဘူးပါပြီ။ ရင်နင့်နင့်နဲ့ ရေးရတဲ့ စာတွေလည်း ရှိခဲ့ပါတယ်။ ဒီစာရေးရတာလောက် ရင်ထဲမှာ ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မကြုံဖူးသေးဘူး။ တိုင်းပြည်အတွက် အလေးထား အားကိုးရတဲ့ ရှစ်လေးလုံးမျိုးဆက် ခေါင်းဆောင်တွေဖြစ်နေလို့ပါ။ နောင်ကို ဒီလိုခံစားမှုမျိုးနှင့် ဘယ်တော့မှ မရေးရပါစေနှင့်လို့ ဆုတောင်းပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ရဲ့ မနေ့က VOA အင်တာဗျူးအပေါ် ဦးကိုကိုကြီးရဲ့ တုန့်ပြန်ချက်ကို ဖတ်ရတော့ ဖြစ်မှ ဖြစ်ရလေ ဦးကိုကိုကြီးရယ်လို့ ရေရွတ်ရင်း ရေးဖြစ်သွားတာပါ။ ကျနော်တို့ အလွန်လေးစားအားကိုးတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အားနည်းချက်ကြောင့် ပြည်သူလူထုအကျိုး တိုင်းပြည်အကျိုးကို ထိခိုက်မှုတွေ ရှိခဲ့တဲ့အပြင် နောင်လည်း ဆက်ထိခိုက်မဲ့ အလားအလာတွေကို ထပ်တွေ့လိုက်ရတာမို့ မရေးမဖြစ် ရေးလိုက်ရပါတယ်။

Saturday, August 11, 2012

မွတ်စလင်မ် တို့၏ အိမ်များအား ရခိုင်တို့မီးရှို့ကြောင်း RNDP က ပထမဆုံး အကြိမ်ဝန်ခံသော်လည်း သတင်းမှန်ထိမ်းချုပ်ရန်ကြိုးပမ်းနေ”

မွတ်စလင်မ် တို့၏ အိမ်များအား ရခိုင်တို့မီးရှို့ကြောင်း RNDP က ပထမဆုံး အကြိမ်ဝန်ခံသော်လည်း သတင်းမှန်ထိမ်းချုပ်ရန်ကြိုးပမ်းနေ”

သြဂုတ်လ၊ ၈ ရက်၊ ၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
ရန်ကုန်။

ကျောက်တော်မြို့နယ် အင်ဘာရီကျေးရွာရှိ ရိုဟင်ဂျာအိမ်များကို7/8/12 တွင်ရခိုင်တိုင်းရင်းသားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) သတင်းပြန်ကြားရေး တာဝန်ခံ ဦးဦးစံသိန်းကThe Voice Weekly သို့ တရားဝင် ပြောကြားလိုက်ကြောင်း ၎င်းသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင်ဖော်ပြထားသည်။

ရိုဟင်ဂျာအရေး ၊မြအေးနှင့်ရခိုင်ပြည်နယ်

ရိုဟင်ဂျာအရေး ၊မြအေးနှင့်ရခိုင်ပြည်နယ်
10 Aug, 2012
၈၈ မျိုးဆက်မှ ကိုမြအေးကို သိစေချင်တာကတော့ လူပုဂ္ဂိုလ်နှင့် ဆိုင်သော မောင်ဖြူ ၊ မောင်မည်း ဟူ၍ ပုတ်ခတ်ပြောဆိုတာတွေဟာ ပြဿနာ မရှိပေမယ့် အခုတော့ သူတစ်ပါး လူမျိုးရေး ကို မယ်မယ်ရရ မည်သည့် သမိုင်းကြောင်းမှ မသိဘဲနဲ့  စော်ကား ပုတ်ခတ် ဝေဖန်တာတွေဟာ အလွန်ကြီးမားတဲ့ လူမ
ျိုးရေး နစ်နာ ဆုံးရှုံးမှု ကိုဖြစ်စေပါတယ်။ ရိုဟင်ဂျာ လူမျိုးဟာ ဒီနေ့ ကမ္ဘာ ပေါ်မှာ သိန်း ၄၀ ခန့် ရှိကြောင်း ကမ္ဘာ့ ကုလသမ္မဂရုံးမှာ မှတ်တမ်းတင် ထားပါတယ်။ အားလုံးဟာ မြန်မာ နိုင်ငံထဲမှာတော့ မဟုတ်ပေမယ့် လက်ရှိ ရခိုင်ပြည်နယ်မှာ( ၁၂) သိန်းခန့်ရှိနေပြီး၊ ကျန်တဲ့ သူတွေဟာ နိုင်ငံတကာ နယ်ပယ်တွေမှာ လေလွင့်နေကြတယ်။ သို့သော် ၎င်းတို့ရဲ့ မူလပေါက်ဖွားရာ ဒေသကတော့ ရခိုင်ပြည်နယ်ပါဘဲ။

Friday, August 10, 2012

Mahathir urges Muslim countries to save Rohingyas

Mahathir urges Muslim countries to save Rohingyas
News 2012-08-10 17:38
KUALA LUMPUR, Aug 10 (Bernama) -- Tun Dr Mahathir Mohamad has urged Islamic nations to jointly play a role to help end the misery of the Muslim Rohingyas in Myanmar.

The former prime minister said Malaysian efforts alone could not solve the problem.

"Nevertheless, if the effort comes from all Muslims, Islamic nations and other countries, I am confident the United Nations (UN) will take action to save the Rohingyas," he told reporters after a symbolic handing over of clean water through the `WaqafWater4Gaza' here today.

နိုင်ငံရေးသမားများ ပြောတဲ့ ရိုဟင်ဂျာ

နိုင်ငံရေးသမားများ ပြောတဲ့ ရိုဟင်ဂျာ

ရိုဟင်ဂျာလို့ ခေါ်ခေါ် ဘယ်လိုခေါ်ခေါ်- အဲ့ဒီ လူမျိုးဟာ ရခိုင်ပြည်နယ်ရယ်သို့ သတ်မှတ်ထားတဲ့ ဧရိယာ ထဲမှာ ဘိုးစဉ်ဘောင်ဆက် တစ်ကယ် ရှိခဲ့ မရှိခဲ့-၊ ရိုးသားစွာ လက်တွေ့ သိလိုသူများ- ရခိုင်ပြည်နယ်ကို ကိုယ်တိုင် ကွင်းဆင်း လေ့လာပြီး ရမ်းဗြဲကျွန်းကျောက်နီမော်ရွာမှ သည် မောင်းတောအထိ သွားရောက်လေ့လာနိုင်ပါတယ်။ လေ့လာတဲ့အခါမှာ ရခိုင်လူမျိုးရွာရှိ ရိုးသားဖြူစင်တဲ့ အသက်အရွယ် အကြီးရင့်ဆုံး ပုဂ္ဂိုလ်များကို ကိုယ်တိုင်မေး မြန်းပါ။ အသက်အရွယ်အကြီးရင့်ဆုံး သိက္ခာသမာဓိကြီးပြီး မုသားစကားကို လုံးဝ မပြောတဲ့ ဗုဒ္ဓဘာသာ ဆရာ တော်ကြီးများကို ကိုယ်တိုင်မေးမြန်းကြည့်ပါ။ လူအများက အမျိုးသားရေးစိတ်နဲ့ လျှောက်ပြောနေတဲ့စကားများ ထက် လိမ်ညာရမှာကို ရှက်ကြောက်တတ်တဲ့ အဲ့ဒီ သမာဓိရှင် ပုဂ္ဂိုလ်ကြီးများက ပြောတဲ့ စကားများကို နားထောင်ကြည့်ပါ။ ရခိုင်ပြည်လို့ သတ်မှတ်ထားတဲ့ ဧရိယာအကြောင်း သမိုင်းကို သေချာစွာ လေ့လာကြည့်ပါ။ လက်တွေ့ သိရပါလိမ့်မယ်။