Friday, September 15, 2017

School Admission Day - 2017

ရိုဟင်ဂျာကျောင်းသားကျောင်းသူသစ်များ ကျောင်းအပ်လက်ခံခြင်း

အစ္စလာမို အာလိုင်ကုမ် ၀ရဟ်မတုလ္လာဟ်ဟေ့ ၀ဗရကာတူ

ရက်စွဲ။ ။၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ ရက်။

ဟာလူအာန်နှင့်ာရကာန် ရိုဟင်ဂျာကောင်စီ မလေးရှား (အေအရ်စီ)တို့ပူးပေါင်းပြီး ရိုဟင်ဂျာကလေးသူငယ်များ ပညာသင်  ကြားနိုင်ရေးအတွက် အဆင့်မြင့်မူလတန်းကျောင်း တကျောင်းကို ဆီရီကာမန်ဂါန်း ဈေးနားတွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ၊ ၁  ရက်မှစ ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ထားပါသည်။ ထိုကျောင်းတွင် ကျောင်းအပ်လိုသောကလေး မိဘများအနေဖြင့် မိမိ၏ ကလေးငယ်များကို ၂၀၁၇ ခုနှစ်၊ စတင်ဘာလ ၁၉ ရက်၊ နံနက် ၁၀း၀၀ နာရီမှ နေ့လယ် ၂း၀၀ နာရီအတွင်း လာရောက်​ကျောင်း အပ်နှံကြပါရန် အသိပေးအပ်ပါသည်။
ထိုကျောင်းကောင်းမွန်စွာ ရပ်တည်နိုင်ရေးအတွက် လိုအပ်သည့် အသုံးစရိတ်၊ လိုအပ်သည့်ဆရာ/ဆရာမ အရေအ တွက်၊ ကျောင်းသားများအတွက် အစားအသောက်၊ အ၀တ်အစားနှင့် အခြားလိုအပ်သည်များကို တွက်ချစီစဉ်နိုင်ရန်အ တွက်ကျောင်းသားအရေအတွက်သိရှိရန် အလွန်အရေးကြီးပါသည်။ သို့ဖြစ်ပါ ကျောင်းသားမိဘများအနေဖြင့် မိမိ၏ကလေး ငယ်များကို အချိန်မီလာရောက်ကျောင်းအပ်နှံကြပါရန် တိုက်တွန်းအပ်ပါသည်။

မှတ်ချက်
· စမ်းသပ်ကာလအဖြစ် ယခုနှစ်အတွက် ကျောင်းသားအယောက် (၆၀) သာကန့်သတ်လက်ခံမည်။
· လာမည့်နှစ်များတွင် ကျောင်းသားများ ပိုမိုလက်ခံသွားမည်ဖြစ်ပြီး အတန်းသစ်များ ဖွင့်လှစ်သင်ကြားပေးမည်။
· အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ်ကလေးငယ်များသာ လက်ခံမည်။
· ကလေးငယ်များအား ကျောင်းချိန်အတွင်း အစားအသောက် (၂) ကြိမ်ကျွေးမွေးမည်။ ကျောင်းသွားကျောင်းပြန် ကြိုပို့ လုပ်ပေးမည်။ ကျောင်းဝတ်စုံ၊ လိုအပ်သော စာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးမည်။
· ဦးရာလူစနစ်ဖြင့်လက်ခံသွားမည်။
· အွန်လိုင်းကတဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

စိတ်ပါဝင်စားသူများနှင့် အသေးစိတ်သိရှိလိုသူများ အောက်ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်။

ကျေးဇူးတင်ပါသည်။ ၀စ္စလာမ်။


ဖေယာစ်အဟ်မဒ်
အလုပ်အမှုဆောင်အဖွဲ့
အာရကာန် ရိုဟင်ဂျာကောင်စီ မလေးရှား
ဖုန်း။ ။ ၀၁၇ - ၆၃၃ ၆၃၀၀

အဆင့်ဆင့်ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါရန်လေးစားစွာ ပန်ကြားအပ်ပါသည်။

ကျောင်းသားမိဘများအနေဖြင့် မိမိ၏ကလေးငယ်များ အမည်စာရင်းကိုအောက်ဖော်ပြပါလျှောက်လွှာတွင် မှန်ကန်စွာဖြည့်စွက် စာရင်းပေးသွင်းနိုင်ပါသည်။



No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.