Wednesday, September 20, 2017

Data Collection of Rohingya Schools


ရိုဟင်ဂျာ ကျောင်းသား ကျောင်းသူများအား ပညာသင်ကြား ပေးနေသော ကျောင်းများစာရင်း
ကောက်ခံခြင်း
အစ္စလာမို အာလိုင်ကုမ် ၀ရဟ်မတုလ္လာဟ်ဟေ့ ၀ဗရကာတူ

ရက်စွဲ။ ။၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၊ ၁၈ ရက်။

ဟာလူအာန်နှင့်ာရကာန် ရိုဟင်ဂျာကောင်စီ မလေးရှား (အေအရ်စီ)တို့ ပူးပေါင်းပြီး ရိုဟင်ဂျာကလေးသူငယ်များ၏ ပညာ ရည်မြင့်မားလာရေးကို ရည်စူး မလေးရှားနိုင်ငံ၊ ကေအလ်မြို့အနီးတ၀ိုက်ရှိ ရိုဟင်ဂျာ ကျောင်းသား ကျောင်းသူများအားပညာ သင်ကြားပေးနေသော ကျောင်းပေါင်း (၂၀)ကို စာအုပ်၊ စာရေးကိရိယာနှင့် အခြားသင်ထောက်ကူပြု ပစ္စည်းများထောက်ပံ့ပေး ရန်စီစဉ်ထားပါသည်။ ထိုသို့သောကျောင်းများ၏ စာရင်းကောက်ခံပြီး အရည်အချင်း ပြည့်မီသော ကျောင်းများကို ၂၀၁၇ ခုနှစ်၊ နိုဝင် ဘာလတွင် အခမ်းအနားဖြင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သွားမည်။  

သို့ဖြစ်ပါ အေအရ်စီ မလေးရှားမှ ရိုဟင်ဂျာကျောင်းသားကျောင်းသူများအား ပညာသင်ကြားပေးနေသောကျောင်းများစာ ရင်းကောက်ခံလျက်ရှိရာ ကျောင်းအုပ်ထိန်းသူများအနေဖြင့် မိမိ၏ကျောင်းအမည်၊ နေရပ်လိပ်စာနှင့်အခြားလိုအပ်သည့် အချက် အလက်များကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၊ ၂၄ ရက်ထက်နောက်မကျစေဘဲ ကျွန်တော်တို့ထံ ပေးပို့ကြပါရန် လေးစားစွာ ဖိတ်ကြား အသိပေးအပ်ပါသည်။

စိတ်ပါဝင်စားသူများနှင့် အသေးစိတ်သိရှိလိုသူများ အောက်ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ကျေးဇူးတင်ပါသည်။ ၀စ္စလာမ်။ 


ဖေယာစ်အဟ်မဒ်
အလုပ်အမှုဆောင်အဖွဲ့
အာရကာန် ရိုဟင်ဂျာကောင်စီ မလေးရှား
ဖုန်း။ ။ ၀၁၇ - ၆၃၃ ၆၃၀၀

https://goo.gl/forms/70Ah0mu9oknG7R6x2

အဆင့်ဆင့်ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါရန်လေးစားစွာ ပန်ကြားအပ်ပါသည်။

ကျောင်းအုပ်ထိန်းသူများ အနေဖြင့် မိမိ၏ကျောင်းနှင့် ပတ်သက်သော အချက်အလက်များကို အောက်ဖော်ပြပါ လျှောက်လွှာတွင် မှန်ကန်စွာဖြည့်စွက်၍ စာရင်းပေးသွင်းနိုင်ပါသည်။


No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.