မူစလင်(မ) အွမ်မာသ်ထုအရေး တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ခြင်း
အစ္စလာမို အာလိုင်ကုမ် ၀ရဟ်မတုလ္လာဟ်ဟေ့ ၀ဗရကာတူ
အာရကာန် ရိုဟင်ဂျာကောင်စီ မလေးရှား (အေအရ်စီ)မှ ဦးဆောင်ပြုလုပ်သော မူစလင်(မ) အွမ်မာသ်ထုအရေုး တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ခြင်း (Thank You Malaysia) အစီအစဉ်အတွက် ၂၀၁၇ ခုနှစ်၊ မေလတွင် ကျရောက်မည့် ရမသွာန်လမြတ် (ဟိဂျရီ ၁၄၃၈ခု)တွင် မလေး စူရာအိုများ၌ သရ၀ီ နာမဇ် ရှေ့ဆောင်ဝတ်ပြုပေးနိုင်သော ကျမ်းမြတ်ကုရ်အာန် အာဂုဏ်ဆောင်ထားသူ ဟာဖီဇ် (၁၀) ယောက် အလိုရှိသည်။
အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်
(၁) ရမသွာန်လမြတ်တွင် ကျမ်းမြတ်ကုရ်အာန် ရွတ်ဖတ်ခြင်း၊ နားထောင်ခြင်းနှင့် အလ္လာဟ့် အမိန့်တော်များ နာခံခြင်းဖြင့် အလ္လာဟ်ဟို အရှင်မြတ်၏ သဘောတူနှစ်မြို့မူ ရရှိရေး။
(၂) မြန်မာပြည်သား မူစလင်(မ)များနှင့် မလေးမူစလင်(မ) များကြာ အပြန်အလှန် လေးစားချစ်ခင်မှု ရရှိလာရေးနှင့်
(၃) အလာမ်သသာနာ့ပညာရှင်များနှင့် အာရကာန် ရိုဟင်ဂျာ ကောင်စီကြား ပိုမိုအထိအတွေ့ ရှိလာရေး တို့ဖြစ်သည်။
အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများကို ဦးစားပေးလက်ခံမည်။
(၁) ကုရ်အာန်ကို ဌာန်ကရိုဏ်းကျကျ ချိုသာသော အသံဖြင့် ရွတ်ဖတ်နိုင်သူ။
(၂) မလေး ဘာသာစကား ပြောဆိုနားလည်နိုင်သူ။
အေအရ်စီ တာဝန်ရှိ အိုလာမာများမှ စစ်ဆေးမူအပြီး ရွေးချယ်ခံရသော သရ၀ီ နာမဇ် ရှေ့ဆောင် ၀တ်ပြုပေးမည့် ဟာဖီဇ်များအတွက် အစားအသောက်၊ နေစရာနှင့် အခြားအခြေခံလိုအပ်ချက်များ ကူညီဆောင်ရွက်ပေးမည်။ အေအရ်စီ အသင်းဝင်များနှင့် အွမ်မသ်ထုအရေး ဆောင်ရွက် နေသူများအားလုံး ကျွန်တော်တို့၏အစီအစဉ် အောင်းမြင်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ပူးပေါင်း ပါဝင်ကြပါရန် မေတ္တာရပ်ခံပါသည်။
စိတ်ပါဝင်းစားသော ဟာဖိဇ်များနှင့် အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသူများ ၂၀၁၇ ခုနှစ်၊ မတ်လ၊ ၃၀ ရက် ကိုနောက်ဆုံးထား၍ အောက်ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်။
ကျေးဇူးတင်ပါသည်။ ၀စ္စလာမ်။
ဖေယာစ်အဟ်မဒ်
အလုပ်အမှုဆောင်အဖွဲ့
အာရကာန် ရိုဟင်ဂျာကောင်စီ မလေးရှား
ဖုန်း။ ။ ၀၁၇ - ၆၃၃ ၆၃၀၀
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၅ ရက်။



နောက်ထပ်ပုံများကြည့်ရှုရန် ဤနေရာကိုနိုပ်ပါ။ Click HERE for More Picture.
No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.