၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁ ရက်မှစ၍ ရိုဟင်ဂျာများ နေ့စဉ်နှင့်အမျှ အကြမ်းဖက်ခံနေ ရသော မောင်တောမြို့နယ်၊ ဘူးသီးတောင် မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ရခိုင်၊ ဗမာ ၊ ရိုဟင်ဂျာ ဘာသာတို့ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြန်ကြားရေးဝန်ကြီးဌာနမှ မေယု FM အမည်ဖြင့် ရေဒီယိုလိုင်းတခုကို စီစဉ်ထုတ်လွှင့်နေကြောင်း ကြားသိရပါသည်။
(၁) အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် “ဘင်္ဂါလီဘာသာ” ဟုရေးသားထား မှုအားပြင်းထန်စွာ ကန့်ကွက်ပါသည်။
(၂) ရိုဟင်ဂျာ မိဘပြည်သူများအနေဖြင့် အစိုးရအဖွဲ့၏ ရေဒီယိုမှသော်လည်းကောင်း၊ အခြားမီဒီယာများမှသော်လည်းကောင်း ထုတ်ပြန်ကြေညာချက်များကို လွယ်လွယ်နှင့် မယုံကြည် မိရန်နှင့် သတိရှိစွာစောင့်ကြည်ရန် လိုအပ်ပါသည်။
(၃) မြန်မာနိုင်ငံ၏ စစ်တပ်အနေဖြင့် “Divide and Rule Policy” ဟုခေါ်သော အချင်းချင်းသွေးခွဲအုပ်ချုပ်မှုကို အသုံးပြု၍ ၎င်းတို့၏ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်း လျက်ရှိရာ မေယု FM ရေဒီယိုအစီစဉ်ကို အသုံးပြု၍ ရိုဟင်များအချင်းချင်း သွေးခွဲကြရန်လိမ် လည်လုံးဆော်မှုများပြုလုပ်လာနိုင်ကြောင့်ကို သတိပြုရန်လိုအပ်ပါသည်။
(၄) အသံလွှင့်မှုအစီအစဉ်တွင် အမှန်တကယ်ရိုဟင်ဂျာမဟုတ်သူများကို အသုံပြု၍ ရိုဟင်ဂျာ များ၏ဘာသာစကားကို ဖျက်လိုဖျက်ဆီးလုပ်ကြံနိုင်ကြောင့်နှင့် ရိုဟင်ဂျာများအားနိုင်ငံခြားသား များအဖြစ်ပုံဖော်ခြင်းများပြုလုပ်လာနိုင်ကြောင့် သိရှိထားရမည်။
အစိုးရ၏ မေယု FM ရေဒီယိုအစီစဉ်ထုတ်လွှင့်မှုသည် ရိုဟင်ဂျားများအား လိုသလိုတဘက်သတ်ပုံ သွင်းနိုင်ရန်အတွက် ကြိုးပမ်းမူတရပ်သာဖြစ်ကြောင်းထင်မြင်ပါသည်။ သိုဖြစ်ပါ၍ ရိုဟင်ဂျာ မိဘပြည်သူ များအနေဖြင့် အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များနှင့် သတင်းထုတ်ပြန်ချက်များကို သတိရှိစွာ လေ့လာ သုံးသပ်ပြီးမှယုံ ကြည်ကြရန်နှင့် ပြည်တွင်း၊ ပြည်ပမှ ရိုဟင်ဂျာ အဖွဲ့အစည်းများနှင့် အမျိုးခေါင်းဆောင်များ ၏ထုတ်ပြန်ချက်များနှင့် မိန့်ကြားချက်များကို အမြဲတန်းစောင့်ကြည့်လိုက်နာကြပါရန် တိုက်တွန်း နိုးဆော်အပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
အာရကာန်ရိုဟင်ဂျာကောင်စီ မလေးရှား
၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၉ ရက်။
No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.