
I would like to thanks all of the participants, members of ARC, international Rohingya activists, Myanmar Muslim and well wishers who helped us to get done the program with ease.
With best regards,
Fayas Ahmad
Secretary General
Arakan Rohingya Council (Malaysia)
Date: 28th July 2014
Myanmar Version of Program Report
ဒုတိယအကြိမ်မြောက် ဗလီဝတ်ကျောင်းတော် စုပေါင်းသန့်ရှင်းရေး အစီအစဉ်မှတ်တမ်း
ဒုတိယအကြိမ်မြောက် ဗလီဝတ်ကျောင်းတော် စုပေါင်းသန့်ရှင်းရေး အစီအစဉ်ကို ၂၀၁၄ ခုနှစ်၊ ဇူလှိုင်လ၊ ၂၆ရက်၊ ချိရာက်(စ)ဘာရူရှိ နူးရူဆာအာဒဟ် ဗလီဝတ်ကျောင်းတော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစ်ီအစဉ်ကိုဒေါက်တာ ရှီလာ နုနုဌေး၊ (Dr. Sheila Nu Nu Htay, Assistant Professor, Programme Coordinator (PhD), IIUM Institute of Islamic Banking and Finance, International Islamic University Malaysia) နှင့် ဖေယာစ် အဟ်မဒ်၊(အေအရ်စီ) တို့မှဦးဆောင်ပြီး အခြားစိတ်ဝင်းစားသူများနှင့် ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး ဆာလာယောင်၊ ကေအလ်၊ အာမ်ပန်း၊ ကန်ပုံချီရာက်(စ) စသည့်နေရာ အသီးသီးမှ လူဦးရေ ၁၀၀ ခန့်တက်ရောက်ပါဝင်ခဲ့ပါသည်။ အစီအစဉ်ကို နံနက် ၁၀း၃၀ တွင် စတင်ခဲ့ပြီး မော်လာနာဟာဘိဘ် (အေအရ်စီ)နှင့် မော်လာနာ အဗ်ဒုလ်ရဟ်မန်း (Maahad At-Tahfizul Quran Ar-Rahmaniyah) တို့တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။ ဇူဟိုရ်အပြီး နူးရူဆာအာဒဟ် ဗလီအီမာမ်ကြီး၏ ကြိုဆိုနုတ်ဆက်စကားကို နားထောင်ပြီးနောက်သန့် ရှင်းရေးလုပ်ငန်းများကို စတင်ခဲ့ပါသည်။ ညနေ ၆း၀၀ နာရီခန့်တွင် အစီအစဉ်အားလုံးကို အဆုံးသတ်ခဲ့ပါသည်။ အစီအစဉ်တွင် ပါဝင်ခဲ့ကြသူများကို အခမဲ့ အသွား၊ အပြန် ဘတ်(စ)ကားများ စီစဉ်ပေးခြင်း၊ တီရှပ်များ၊ ၀ါဖြေရန်အစား အသောက်များ၊ လက်အိတ်များ၊ မာက် (Mask) များနှင့် ဂုဏ်ပြုလက်မှတ်များ ပေးဝေခဲ့ပါသည်။ အစီအစဉ်အတွက် ကုန်ကျငွေများစာရင်းရှင်း တမ်းအတိအကျကို ပူးတွဲဖော်ပြထားပါသည်။
အစီအစဉ်တွင် တက်ရောက်ပါဝင်ခဲ့သူများအားလုံး၊ အေအရ်စီ အသင်းဝင်များ၊ ရိုဟင်ဂျာ အရေးလှုပ်ရှားသူ များ၊ ထောက်ခံအားပေးခဲ့သော မြန်မာပြည်သား မူစလင်(မ)များနှင့် အစီအစဉ် လွယ်ကူစွာ ပြီးမြောက်နိုင်ရေးအတွက် အဘက် ဘက်မှ ကူညီပေးခဲ့သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။
လေးစားစွာဖြင့်
ဖေယာစ်အဟ်မဒ်
အထွေထွေ အတွင်းရေးမှူး
အာရကာန်ရိုဟင်ဂျာ ကောင်စီ မလေးရှား
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ၊ ၂၈ ရက်
Myanmar Version of the Report & Details
No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.