Friday, September 28, 2012

ရွှေပြည်အေး တရားဟောမနေနဲ - ဌေးလွင်ဦး

မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၆၀ ကျော်ကာလ- တံခါးတွေ အတင်း ပိတ်ပြီး မြန်မာ မွတ်ဆလင်တွေ အပေါ် စနစ်တစ်ကျ နှိပ်ကွပ်ခဲ့တယ်၊ မြန်မာ ပြည်သားများ အစ္စလာမ်မုန်း ရောဂါစွဲကပ် လာအောင် ပ်ါလစီချ ရောဂါပိုး မွေးမြူ ဖြန့်ချီခဲ့တယ်၊ နှစ်ပေါင်း ၆၀ အတွင်းမှာ ရောဂါပိုး ဖြန့်ချီသူ အစိုးရထဲမှာပါ အကြီးအကျယ် စွဲကပ်ခဲ့တဲ့ အပြင် အစိုးရကို မကြိုက်ပါဘူး ဆိုတဲ့ တော်လှန်ရေး အသိုင်းအ၀ိုင်း ကြားမှာလည်း ကုလို့မရအောင် စွဲကပ် သွားခဲ့ တယ်။

တော်လှန်ရေးသမားတွေ လိုချင်နေတဲ့ ဒီမိုကရေစီက မွတ်ဆလင်များကို လွတ်လပ်စွာ ပုတ်ခတ်စော်ကားခွင့် ရ ရေး၊ မွတ်ဆလင်များရဲ့ သမိုင်းကို လွတ်လပ်စွာ ဖျောက်ဖျက်ခွင့် ရရေးနဲ့ မှားမှားမှန်မှန် ဗုဒ္ဓဘာသာခေါင်းစဉ် အောက်က လူဘက်မှ ရပ်တည်ရေး ဆိုတာမျိုးသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

တော်လှန်ရေးထဲက လူတစ်ချို့ဆိုရင် ထိုင်းနိုင်ငံမှာ နေခိုက် “အစ္စရေးလ် ကို ဘယ်တော့မှ မကောင်းမမြင်ပါဘူး” လို့ ကတိခံမှ အစ္စရေးလ်ဆီက ရလာတဲ့ သန္ဓေတား အပ်စိုက်ပညာကို သင်ပေးမယ်- လို့ နယ်စပ်ဒေသ ဆေး သင်တန်းတွေမှာ ကတိခံဝန်ပြုရတဲ့ အထိ ရှိခဲ့တယ်။ ဒီကတိဟာ တော်လှန်ရေး အသီးအသီးမှာ ပါဝင်နေတဲ့ မွတ်ဆလင် တွေထဲက ဆေးပညာသင်ယူသူတွေကို ရည်ရွယ်ပြီး ကတိခံဝန်ပြု စေခြင်းသာ ဖြစ်ကြောင်း ပေါ်တင် ကြီး ဖြစ်နေခဲ့တယ်။


ရခိုင်မှာ ရှိတဲ့ မွတ်ဆလင်တွေကို တံခါးပိတ် သုတ်သင်ပစ်ရမယ်၊ လူ့အခွင့်ရေး ခေတ်မှာ ကမ္ဘာက လူ့အခွင့် အရေး အရမအော်နိုင်အောင်- သူတို့ကို ကာကွယ်ဆေးတွေ ထိုးတဲ့အခါ (ဥပမာ ကျောက်ပေါက် ကာကွယ် ဆေး၊ မေးခိုင်ကာကွယ်ဆေး၊) ကလေးဘယ်တော့မှ မရနိုင်တော့အောင် သန္ဓေပိတ်ဆေးတွေ ထိုးပေး ရမယ်။ ဆေးရုံမှ ဆေးကုသတဲ့အခါ သန္ဓေပိတ်ဆေးတွေ ထိုးပစ်ရမယ်။ စီးပွားရေးအရ ပိတ်ဆို့ထားရမယ်၊ သူတို့တွေ ရခိုင်မြေမှာ မနေချင်အောင် လူတစ်စုကိုမွေးမြူပြီး စိတ်အနှောက်အယှက်တွေ ပေးနေရမယ်။ ထင်းခွေ ရေခပ် သွားတာမျိုးကို စောင့်နေပြီး တစ်ယောက်ချင်း ဆွဲ အစဖျောက်ပစ်ရမယ် လို့-၊ သူ့ရဲ့ ရခိုင်စာပေအသင်း (ရက္ခိုင် စာပီအသင်း) ရုံးစိုက်ရာ ဘန်ကောက်မြို့ ထပ်ခန့် ဆိုတဲ့ ရပ်ကွက်မှာ ၁၉၉၉ ခုနှစ်က တရားဝင် ဟောပြော ဆွေးနွေးခဲ့ပါတယ်။ (နောက်တော့ ထိုင်းရဲက ဖမ်းပြီး မဲဆောက် မြ၀တီပို့- မြန်မာအစိုးရက ဖမ်းမိ မော်လမြိုင် ထောင်မှာ ထောင်ချခံလိုက်ရပါတယ်။ မြန်မာ အစိုးက ဖမ်းဆီးတာဟာ မွတ်ဆလင် နှိပ်ကွပ် စီမံချက်ကြောင့် မဟုတ်ပါ။ ရခိုင်ခွဲထွက်ရေး လှုံ့ဆော်မှုကြောင့်သာ ဖြစ်ပါတယ်။) အခုတော့ ရခိုင်ခေါင်းဆောင်များက သူ့ကို ရခိုင်နိုင်ငံရေး အကျဉ်းသား အဖြစ် ဂုဏ်ယူနေကြပါတယ်။


ဒီလိုပြည်တွင်းပြည်ပ မွတ်ဆလင်မုန်းတီးရေး ၀ါဒီများ စုမိလိုက်တာနဲ့ ချုပ်တီးမထားနိုင်တော့ဘဲ- မွတ်ဆလင် တွေကို စတင်နှိပ်ကွပ် လိုက်ပါတော့တယ်။ ပြင်ပကမ္ဘာနဲ့ ပြတ်ပြီး ဗဟုသုတ မနူးမနပ်သူများကလည်း ငါတို့ဟာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကို ဆည်းကပ်ဘို့ မွတ်ဆလင်တွေကို သတ်ပြမှ ဖြစ်မယ် အမေရိကန် နိုင်ငံက စက်တင်ဘာ ၁၁ ရက် ဆိုတဲ့ နေ့ပြီးကတည်းက၊ အမေရိကန်နဲ့ အနောက်နိုင်ငံများက မွတ်ဆလင်တွေ ကို ပစ်မှတ်ထား တိုက်ခိုက်နေတာ- ဒီတော့ ငါတို့လည်း သူတို့နဲ့ အတူ ၀င်ပြီး ဆွမ်းကြီးလောင်းလိုက်ရင် ကောင်းမယ်- ဆိုပြီး ရှိသမျှ လူကြီး လူငယ် မကျန် မွတ်ဆလင် မောင်းထုတ်ရေးကို ကုလသမဂ္ဂတာဝန်ရှိသူထိ အားရပါးရ ပြောလိုက်ပါသေးတယ်။


အမှောင်ကျနေတဲ့ ဗဟုသုတက သူတို့ရဲ့ အရှက်ကို သူတို့ ဖေါ်ပြလိုက်သလို ဖြစ်သွားတော့- သူတို့ ပွဲဦး ကျိုး သွားရတယ် ဆိုပါတော့-၊ ဒီတော့ ကမ္ဘာလှည့်ပြီး “ကျွန်တော်တို့ တိုင်းပြည်က လူမျိုးစုံ၊ ဘာသာစုံ နေတဲ့တိုင်း ပြည်ပါ။ အားလုံးကို ငြိမ်းချမ်းရပါစေမယ်-ဘာညာ” ရွေပြည်အေး တရား ပြန်ဟော ရပါတော့တယ်။


ကမ္ဘာ့မိသားစုများနဲ့ မြန်မာ မွတ်ဆလင်များ တစ်ကယ်လိုချင်တာက “ရွေပြည်အေး တရား မဟုတ်ဘူး၊ လက်တွေ့ ကျတဲ့လုပ်ဆောင် မှုများသာ ဖြစ်တယ်။”


(၁) မြန်မာပြည်မ မွတ်ဆလင်တွေကို ဘယ်လို သတ်မှတ်ပေးမလဲ၊ သူတို့အပေါ် ချမှတ်ထားတဲ့ လ၀က ဆိုင်ရာ မတရားတဲ့ ပေါ်လစီများ၊ ဌာနဆိုင်ရာများနဲ့ ဘဏ်လုပ်ငန်း အပါအ၀င် အခြားသော ဌာနများမှာ မွတ်ဆလင် ဆိုရင် မန်နေဂျာ အဆင့်တောင် ပေးခွင့်မရှိတဲ့ ပေါ်လစီများ- ကို ချက်ချင်း ရုပ်သိမ်းပေးဘို့ ဖြစ်တယ်။


(၂) ရိုဟင်ဂျာများကို ဘယ်လို သတ်မှတ်ပေးမလဲ၊ တိကျတဲ့ အဖြေထုတ်ပြန်ပေးဘို့ ဖြစ်တယ်။


(၃) အစိုးရ စာသင်ကျောင်းများမှာ ဘာသာရေး မှိုင်းတိုက်မှု လုံးဝ ကင်းစင်တဲ့ ပညာရေးစစ်စစ် ပညာရေး စနစ်မျိုး ချမှတ်ပေးဘို့ ဖြစ်တယ်။


(၄) ဗလီဝတ်ပြုဆောင်များ အသစ်ထပ်မံ ဆောက်လုပ်ခွင့် ပိတ်ပင်ထားတာများကို ချက်ချင်း ရုပ်သိမ်းပေးဘို့ ဖြစ်တယ်။


(၅) အနုပညာနယ်များမှာ မမှန်ကန်တဲ့ သမိုင်းများကို နိုင်ငံရေး မှိုင်းတိုက်ပြီး ရိုက်ကူးခဲ့ခြင်းများကို ပြန်လည် ရုပ်သိမ်း ပါယ်ဖျက်ပေးဘို့ ဖြစ်တယ်။ (ဥပမာ- သမိုင်းလိမ် ဂျပန်တော်လှန်ရေး ဇတ်ကားများ၊ သမိုင်း ချစ်တီး ဇတ်ကားများကို ပါယ်ဖျက်ပေးဘို့ ဖြစ်တယ်။)


(၆) မည်သည့်ဘာသာကို မဆို မုန်းတီးလာစေရန် မဟုတ်မမှန် ရေးသားဖြန့်ချီမှုများကို အရေးယူ ဖေါ်ထုတ်ပေး ဘို့ စ တာတွေ ဖြစ်တယ်။


ဒီတော့ ရွှေပြည်အေး တရားဟောနေပြီး- အချိန်ဆွဲထားခြင်းမျိုးကို ချက်ချင်း ရပ်ပေးရပါမယ်။ မြန်မာမွတ် ဆလင်အားလုံးရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ချက်ချင်း ပေးရပါမယ်။ လူ့အသိုင်း အတွင်း အမုန်းဓါတ်စာများကို ချက်ချင်း ရုပ်သိမ်း ပါယ်ဖျက်ပေးရပါမယ်။


ဌေးလွင်ဦး

MMCRM

No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.