Friday, September 28, 2012

ရခိုင် = ၁၈၂၄ နောက်ပိုင်း လူမျိုး - ဌေးလွင်ဦး


အစ္စလာမ်သာသနာ ပြန့်ပွားမှာကို ကြောက်ရွံ့စိုးရိမ်တဲ့ အာဏာရှင် ဦးနေ၀င်းကြီးဟာ အစ္စလာမ် သာသနာဝင် တို့ကို နိုင်ငံသား တိုင်းရင်းသား အခွင့်အရေး မရနိုင်ဘို့ ရည်ရွယ်ချက်နဲ့ ၁၉၈၂ ခုနှစ် လူဝင်မှု ဥပေဒကို တစ ကိုယ်တော် အမိန့်အာဏာနဲ့ ပြဌာန်း ခဲ့ပါတယ်။


ဥပဒေ တစ်ရပ်ကို ပြဌာန်းလို့ အဲ့ဒီ ဥပဒေဟာ နိုင်ငံတော် တစ်ခုလုံးမှာ ရှိတဲ့ လူသားအားလုံး အပေါ်မှာ တန်းတူ ညီမျှ သက်ရောက်မှု ရှိရင်- မြန်မာ မွတ်ဆလင်များ အနေနဲ့ သဘော မတူညီစရာ အကြောင်းမရှိပါ။


မြန်မာနိုင်ငံထဲကို အင်္ဂလိပ် ကိုလိုနီခေတ်ကမှ ၀င်လာခဲ့တဲ့ အိန္ဒိယမျိုးနွယ် သို့မဟုတ် အိန္ဒိယ ကပြား မွတ်ဆလင် များအနေနဲ့လည်း နိုင်ငံတော်ရဲ့ ဥပဒေတစ်ရပ် ဖြစ်လို့ အပြစ်ဆိုနေစရာ အကြောင်းမရှိပါ။ ဒါပေမယ့်- အဲ့ဒီ ဥပဒေဟာ မွတ်ဆလင်မှအပ အခြား ဘယ်လူမျိုးကိုမှ မသက်ရောက်တဲ့ အပြင်- မွတ်ဆလင် မှန်ရင်၊ မြန်မာနိုင်ငံမှာ ဘုရင်မင်း အဆက်ဆက် နေထိုင်ခစားခဲ့သူ များကိုပင်- စီစစ်မှု မရှိဘဲ ၁၈၂၄ နောက်ပိုင်းမှ ၀င်လာသူများ အဖြစ် သတ်မှတ်လိုက်ပါတော့တယ်။

ဘုန်းကြီး ၀တ်ပြလိုက်မယ့် ဇာတ်သိမ်း | ဌေးလွင်ဦး

မြန်မာပြည်မှာ မိရိုးဖလာ လူများစုကြီးက ဘုန်းကြီး သင်္ကန်းမြင်ရင် မသိစိတ်ကကိုယ် ကြောက်ရွံ့ရိုကျိုးပြီး ဖြစ် နေခဲ့တယ်။ သာသနာ့ ဝန်ဆောင်များကို လေးစားကြည်ညို တန်ဘိုး ထားတတ်တဲ့ ဓလေ့ဟာ အလွန်ကောင်း ပါတယ်။ ဒါပေမယ့်- အခြေခံ လူထုကြီးရဲ့ ဒီလို ရိုးသားမှုကြီးကို အားနည်းချက် အဖြစ် အသုံးချပြီး လုပ်စားတဲ့ လူ လိမ်လူကောက်- “ခွေးမြီးကောက် ဘအေး”လို လူမျိုးကလည်း အများကြီးပါ။

ဖဲရိုက်၊ အရက်သောက်၊ သားမယားအပေါ်မှာ အနိုင်ကျင့်- ဆိုးချင်တိုင်းဆိုး၊ ရမ်းချင်တိုင်းရမ်း-- အော့ကြော့လန် လူကြီး တစ်ယောက် မနက်ဖြန် ဘုန်းကြီးဝတ်လိုက်တာနဲ့-၊ ရှေ့က လူပြုကျင့်ခဲ့သမျှ ပပျောက်သွား ပါတော့တယ်။ ရိုးရိုးသားသား တရားနောင်တ ရလို့ သာသနာ့ ဘောင်ကို ၀င်သွားသူက ၁ ရာနှုန်း ၉၉ လုပ်စားဘို့ သာသနာကို အသုံးချတဲ့ သူက ၉၉ ရာနှုန်း ဖြစ်နေတယ်--၊ (ဒါကို ဗုဒ္ဓဘာသာများ ကိုယ်တိုင်လည်း သိနေပါတယ်။)

ရွှေပြည်အေး တရားဟောမနေနဲ - ဌေးလွင်ဦး

မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၆၀ ကျော်ကာလ- တံခါးတွေ အတင်း ပိတ်ပြီး မြန်မာ မွတ်ဆလင်တွေ အပေါ် စနစ်တစ်ကျ နှိပ်ကွပ်ခဲ့တယ်၊ မြန်မာ ပြည်သားများ အစ္စလာမ်မုန်း ရောဂါစွဲကပ် လာအောင် ပ်ါလစီချ ရောဂါပိုး မွေးမြူ ဖြန့်ချီခဲ့တယ်၊ နှစ်ပေါင်း ၆၀ အတွင်းမှာ ရောဂါပိုး ဖြန့်ချီသူ အစိုးရထဲမှာပါ အကြီးအကျယ် စွဲကပ်ခဲ့တဲ့ အပြင် အစိုးရကို မကြိုက်ပါဘူး ဆိုတဲ့ တော်လှန်ရေး အသိုင်းအ၀ိုင်း ကြားမှာလည်း ကုလို့မရအောင် စွဲကပ် သွားခဲ့ တယ်။

တော်လှန်ရေးသမားတွေ လိုချင်နေတဲ့ ဒီမိုကရေစီက မွတ်ဆလင်များကို လွတ်လပ်စွာ ပုတ်ခတ်စော်ကားခွင့် ရ ရေး၊ မွတ်ဆလင်များရဲ့ သမိုင်းကို လွတ်လပ်စွာ ဖျောက်ဖျက်ခွင့် ရရေးနဲ့ မှားမှားမှန်မှန် ဗုဒ္ဓဘာသာခေါင်းစဉ် အောက်က လူဘက်မှ ရပ်တည်ရေး ဆိုတာမျိုးသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

ရိုဟင်ဂျာသည် မြန်မာမွတ်စလင် - ဌေးလွင်ဦး


မြန်မာနိုင်ငံတွင်းတွင် မွေးဘွား နေထိုင်သော လူသား သည်မြန်မာနိုင်ငံသား ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်းမှ ကချင် လူမျိုးသည် မြန်မာနိုင်ငံသား ကချင် ဖြစ်သည်။ သူတို့အား တရုတ်နိုင်ငံသား ဂျိန်းဖေါများ ဖြစ်သည်ဟု စွပ်စွဲလျှက် မြန်မာနိုင်ငံမှ သုတ်သင် မောင်းထုတ်ခွင့် မရှိချေ။ အလားတူ မြန်မာနိုင်ငံအတွင်းမှ ကရင် လူမျိုးသည် မြန်မာနိုင်ငံသား ဖြစ်သည်။ သူတို့အား ထိုင်းနိုင်ငံမှ ကလီရန်များ ဖြစ်သည်ဟုစွပ်စွဲ၍ မြန်မာနိုင်ငံမှ မောင်းထုတ်ခွင့် မရှိချေ။
ထို့အတူ မြန်မာနိုင်ငံအတွင်းမှ ရိုဟင်ဂျာ လူမျိုးများသည် မြန်မာနိုင်ငံသား ဖြစ်သည်။ သူတို့ မြန်မာနိုင်ငံ အနောက်ပိုင်း မေယုမြစ်ဝှမ်းဒေသမှ ဌာနေ လူမျိုး ဖြစ်သည်။ သူတို့အား ဘင်္ဂလီများဟု သမုတ်၍ မြန်မာနိုင်ငံမှ မောင်းထုတ်ခွင့် မရှိချေ။

Wednesday, September 26, 2012

Help for Rohingyas

Muhyiddin shows some of the food items among the humanitarian
cargo being shipped to Myanmar. SUNPIX by Fazrul Hasnor
Posted on 26 September 2012 - 09:10am
Last updated on 26 September 2012 - 09:31am

Radzi Razak
newsdesk@thesundaily.com

PORT KLANG (Sept 26, 2012): A ship carrying 500 tonnes of humanitarian aid for Rohingya refugees set sail for Myanmar yesterday.

Deputy Prime Minister Tan Sri Muhyiddin Yassin, in flagging off the Sinar Bima commercial vessel at Northport, said the humanitarian mission was a responsibility for Malaysia as a neighbour to Myanmar and Asean member.

Tuesday, September 25, 2012

ARU Director General to World Community of Nations: Work in Concert to Find a Permanent Solution to Rohingya Issues

Friday, September 21, 2012 

Prof. Dr. Wakar Uddin, Director General of Arakan Rohingya Union and Chairman of the Burmese Rohingya Association of North America speaks at the Perdana Global Peace Conference on Plights of Rohingya. 


Recognise Rohingya as citizens, Dr M tells Myanmar

By ROZANNA LATIFF AND EUNICE AU 

FINDING RESOLUTION: Conference seeks solutions rather than to apportion blame, says Global Peace Foundation president 

Perdana Global Peace Foundation president Tun Dr Mahathir Mohamad giving a keynote address at the International Conference ‘Plight of the Rohingya: Solution?’ international conference in Kuala Lumpur yesterday. Pic by Mustaffa Kamal 

Conference "On the Plight of Rohingyas: Solutions" Successfully Ended Yesterday



Monday, 18th September 2012 

Kuala Lumpur, Malaysia- the Conference on “On the Plight of Rohingyas: Solutions” organized by Perdana Global Peace Foundation (PGPF- Malaysia) in Kuala Lumpur, Malaysia successfully ended today, 17th September 2012. The conference began at 9:00 AM with the Keynote Speech of the honorable Tun Dr Mahathir Mohamad, the fourth prime minister of Malaysia and President of PGPF. It was followed by panel discussions among Academicians, Human Rights Workers, NGOs and Civil Society Members.