ရိုဟင်ဂျာ ကလေးသူငယ်များအား ပညာသင်ကြားပေးရန် ဆရာ/ဆရာမ လျှောက်လွှာခေါ်ယူခြင်း
အစ္စလာမို အာလိုင်ကုမ် ၀ရဟ်မတုလ္လာဟ်ဟေ့ ၀ဗရကာတူ
ရက်စွဲ။ ။၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ ရက်။
ဟာလူအာန်နှင့် အာရကာန် ရိုဟင်ဂျာကောင်စီ မလေးရှား (အေအရ်စီ)တို့ပူးပေါင်းပြီး ရိုဟင်ဂျာကလေးသူငယ်များ ပညာသင် ကြားနိုင်ရေးအတွက် အဆင့်မြင့် မူလတန်းကျောင်း တကျောင်းကို ဆီရီကာမန်ဂါန်း ဈေးနားတွင်ဖွင့်လှစ်ရန် စီစဉ်ထားပါသည်။ ထိုကျောင်းတွင် ပညာသင်ကြားပေးရန် ရိုဟင်ဂျာဘာသာစကား နားလည်ပြောဆိုနိုင်သော ဆရာ/ဆရာမ (၂) ဦးအလိုရှိသည်။
အောက်ဖော်ပြပါ အရည်အချင်းများအနက် တခုခုဖြင့်ပြည့်မီသူများ လျှောက်ထားနိုင်ပါသည်။
(၁) ကုရ်အာန်ကို ဌာန်ကရိုဏ်းကျကျ သင်ပေးနိုင်သူ။
(၂) မြန်မာစာကို ပီပီသသ သင်ကြားပေးနိုင်သူ။
(၁) ကုရ်အာန်ကို ဌာန်ကရိုဏ်းကျကျ သင်ပေးနိုင်သူ။
(၂) မြန်မာစာကို ပီပီသသ သင်ကြားပေးနိုင်သူ။
အခြေခံလစာအဖြစ် မလေးရန်ဂိဒ် ၁၂၀၀မှ ၁၅၀၀ အထိခံစားခွင့်ရှိပြီး အရည်အချင်းနှင့် အလုပ်ပေါ်မူတည်၍ လစာတိုးမြင့် ခံစားခွင့်ရှိသည်။
စိတ်ပါဝင်စားသူများနှင့် အသေးစိတ်သိရှိလိုသူများ အောက်ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်။
ကျေးဇူးတင်ပါသည်။ ၀စ္စလာမ်။
ဖေယာစ်အဟ်မဒ်
အလုပ်အမှုဆောင်အဖွဲ့
အာရကာန် ရိုဟင်ဂျာကောင်စီ မလေးရှား
ဖုန်း။ ။ ၀၁၇ - ၆၃၃ ၆၃၀၀
အဆင့်ဆင့် ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
စိတ်ပါဝင်စားသူများသည် အောက်ပါလျှောက်လွှာကို မှန်ကန်စွာ ဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။

No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.