Wednesday, April 3, 2013

လူမျိုးရေး အကြမ်းဖက်မှု ကာကွယ် တားဆီးရေး အပြည့်အဝ မဆောင် ရွက်ခဲ့ကြောင်း ကင်တာနားပြော

RFA : 2013-04-02

မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်တဲ့ နိမိတ်လက္ခဏာတွေရှိနေပေမဲ့၊ အစိုးရဟာ ကာကွယ်တားဆီးရေး ဆောင်ရွက်မှုတွေကို အပြည့်အဝ မဆောင်ရွက်ခဲ့ဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနားက ပြောလိုက်ပါတယ်။

Thursday, March 21, 2013

မီတ္ထီလာ ပဋိပက ကြီးထွားရန် သင်္ကန်းခြုံ ၀ီရသူ၊ ၉၆၉ အဖွဲ့ ၀င်များနှင့် RNDP ပါတီဝင်များ မဟုတ်မမှန် ၀ါဒဖြန့် လှုံဆော်

 

မီတ္ထီလာဖြစ်ရပ်အား ပိုမိုကြီးထွားစေရန် မစိုးရိမ်တိုက်သစ်မှ သင်္ကန်းခြုံ ၀ီရသူ နှင့် ၉၆၉ အဖွဲ့ ၀င်များ RNDP ပါတီဝင်များ ပူးပေါင်း၍ မဟုတ်မမှန် ၀ါဒဖြန့် လှုံဆော်လျက်ရှိ


Myanmar Muslim Net
မစိုးရိမ်တိုက်သစ်မှ သင်္ကန်းခြုံ ၀ီရသူ က Myanmar Express ဖေ့စ်ဘုတ်စာမျက်နှာတွင် လုပ်ကြံသတင်းများ ထုတ်လွှင့်ခြင်း သတင်းဓါတ်ပုံ နေရာတွင် လက်ပန်းတောင်းတောင် အရေးအခင်းတွင် မီးလောင်ဒဏ်ရာရသော ကိုယ်တော်ပုံအား ဖေါ်ပြ၍ လိမ်လည် ၀ါဒဖြန့်လျက်ရှိပြီး ၉၆၉ အဖွဲ့ဝင်များ
RNDP ပါတီဝင်များ က ပူးပေါင်း ၀ါဒဖြန့်က မီတ္ထီလာဖြစ်ရပ်အား ပိုမိုကြီးထွားစေရန် ဆောင်ရွက်လျက်ရှိနေကြောင်း သတင်းရရှိပါသည်၊ မိတ္ထီလာဖြစ်ရပ် သည် ဒေါက်တာအေးမောင် မှ မြန်မာပြည် အနှံ အရေးအခင်းများ ဖြစ်မှ သာ ရခိုင်ပဋိပက္ခ ရပ်မည်ဟု ပြောပြီး မကြာမှီ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

မိတ္တီလာ မြို့တွင် ဗလီ ၈ လုံးနှင့် နေအိမ်များ ဖျက်ဆီး ခံရ


 
 RB News
21.3.2013

မိတ္တီလာ ။ ။ မိတ္တီလာ မြို့တွင် ယမန်နေ့ နံနက် ပိုင်းတွင် စတင် ခဲ့သည့် ပဋိ ပက္ခသည် ည ၁၀ နာရီ ခန့်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်သော်လည်း အခြေ အနေမှာ တည်ငြိမ် အေးချမ်း မသွားဘဲ အစ္စလာမ် ဘာသာဝင် များအထွဋ် အထိပ် ထားရာ ဗလီ ၀တ်ကျောင်းတော် (၈) လုံး မီးရှို့ ဖျက်ဆီး ခံရကြောင်း သိရှိရ ပါသည်။ ထို့အပြင် အစ္စလာမ် ဘာသာဝင် များ၏ နေအိမ် များလည်း မီးရှို့ ဖျက်ဆီး ခံရကြောင်း သတင်း ရရှိပါသည်။

မီးရှို့ ဖျက်ဆီး ခံရသော ဗလီများမှာ --

Wednesday, March 20, 2013

မိတ္ထီလာမြို့တွင် ဗလီ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတထံ မေတ္တာရပ်ခံချက်

နိုင်ငံတော်သမ္မတခင်ဗျား
ဂါရဝ၊ နိဝါသတရား ရှေ့ထား၍ မေတ္တာရပ်ခံ အပ်ပါသည်။

ငြိမ်းချမ်းသာယာမှု အပေါင်း ခညောင်းပါစေ။
ယနေ့ (၂ဝ.၃၂၀၁၃) နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့တွင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ရမည့် ဖြစ်စဉ်တစ်ခုကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင် အစွန်းရောက် အကြမ်းဖက်အဖွဲ့ (၉၆၉)က သံဃာတော်များ ဦးဆောင်ကာ အစ္စလာမ် ဘာသာဝင်များ၏ အိမ်များ၊ ဆိုင်များ၊ သာသနိက ဗလီအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

Tuesday, March 19, 2013

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်နှစ်ခုမှ ပိုင်ရှင်မဲ့ လက်လုပ် တူမီးလုပ်သေနတ်များ အစုလိုက် အပြုံလိုက်သိမ်းဆည်းရမိ

Source: Yangon Media Group

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်နှစ်ခုမှ တစ်ပတ်အတွင်း ပိုင်ရှင်မဲ့ လက်လုပ်တူမီးလုပ်သေနတ်များ အစုလိုက် အပြုံလိုက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာနှင့် မျောက်တောင်ကျေးရွာကြား ပြိုင်လောင်းတောင်တန်း အနီး တောစပ်ခြုံတောမှ တူမီးလုပ် သေနတ် ၂၈ လက် အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပြီး အလားတူ မတ်လ ၁၂ ရက်နေ့တွင်လည် ဘူးသီးတောင်မြို့နယ်၊ လက်ဝဲ ဒက်ပြင်ရှည်ကျေးရွာ အုပ်စု၊ ညောင်ခြုံကျေးရွာ အနီး တောင်ကျော် လမ်းဘေးခြုံစပ် အတွင်း တူမီး လုပ်သေနတ် ၁၈ လက်ကို ဘူးသီး တောင် ရဲစခန်းလှည်းကင်းမှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြေပုံမြို့တွင် ရိုပာင်ဂျာ ပပျောက်ရေးကော်မတီဖွဲ့

ရန်ကုန်၊ မတ် ၁၅

မြေပုံမြို့နယ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုပြီးပါက ရိုဟင်ဂျာ အမြစ်ပြတ် ချေမှုန်းမယ်ဆိုတဲ့ ဆန့်ကျင်ရေး ပြုလုပ်မယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ဒီနေ့တောင် ကျောင်းဘုန်းကြီး aကျာင်းမှာ အစည်းအဝေး လုပ်တယ်။ မြေပုံမှာ ရိုဟင်ဂျာ အမြစ်ဖြတ်ချေမှုန်းမယ် ဆိုပြီး အစည်းအဝေးလုပ်တာ။ ဆယ်တန်းစာမေးပွဲပြီးရင် အစီအစဉ်စမယ်လို့ ကြားတယ် ဟု မြေပုံဒေသခံ တစ်ဦးက ဆိုပါတယ်။

Monday, March 18, 2013

ရိုဟင်ဂျာလွှတ်တော်ကိုယ်စားလှယ် အစည်းအဝေးတက်ရောက် နိုင်ခြင်းမရှိသေး

သီဟ
RB News
18.3.2013


စစ်တွေ ။ ။ ပထမ အကြိမ် ရခိုင် ပြည်နယ် လွှတ်တော်၏ ဆဋ္ဌမ ပုံမှန် အစည်း အဝေးကို ယနေ့ (မတ်လ ၁၈ ရက်) နေ့မှ စတင် ကျင်းပနေရာ အစ္စလာမ် ဘာသာဝင် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ်နှစ် ဦး ဖြစ်သည့် မောင်တော မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးအောင်မျိုးမင်းနှင့် ဘူး သီး တောင်မြို့ နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါက်တာ ဘရှီရ် အဟမတ် တို့သည် လုံခြုံရေး အခြေ အနေကြောင့် အစည်း အဝေးသို့ တက်ရောက် နိုင်ခြင်း မရှိကြောင်း သတင်း ရရှိပါသည်။

မင်းပြားတွင် ရိုဟင်ဂျာ (၃) ဦးအသတ်ခံရ

RB News

17.3.2013

မင်းပြား ။ ။ ရခိုင် ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တို ဘာလ များတွင် အကြမ်း ဖက်မှု များ ဖြစ်ပွား ပြီးသည့် နောက်ပိုင်းတွင် ရိုဟင်ဂျာ လူမျိုး များအား သွားလာခွင့် ကန့်သတ် ထားခဲ့ ရာ စား ၀တ် နေရေး အတွက် အခက် အခဲများ နေ့စဉ် ကြုံတွေ့ လျက်ရှိ ကြသည်။

Saturday, March 16, 2013

Rohingya Students' Union




RNDP အထွေထွေ အတွင်းရေးမှုးမှ ရိုဟင်ဂျာ မွတ်ဆလင် အခွင့် အရေး ကာကွယ် မည်ဟုပြော

ကျော်စွာဝင်း
RB News
16.3.2013

ကင်ဘာရာ ။ ။ ၂၀၁၃ ခု မတ်လ ၁၅ - ၁၆ ရက်နေ့တွင် သြစတေးလျနိုင်ငံ ကင်ဘာရာမြို့ Australia National University ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ရခိုင်တိုင်းရင်းသား များတိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးစောလှမှ ရိုဟင်ဂျာ မွတ်ဆလင်များ အပါအ၀င် မည်သူ့ကိုမဆို ဖိနှိပ်နေခြင်းအား မိမိအနေဖြင့်မ ကြိုက်ကြောင်း၊ ထိုသို့ဖိနှိပ်မှုတို့အား ဆန့်ကျင်သွား မည် ဖြစ်ကြောင်း ပြော ကြား လိုက်ပါသည်။