Thursday, August 30, 2012

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာ နှင့် မောင်တောမြို့ အခြေအနေ

ရခိုင်ပြည်နယ်အနှံ့ အထိကရုဏ်းများ မပြန့်ပွါးခင်ကတည်းက အစ္စလာမ်ဘာသာဝင် ကမန် တိုင်းရင်းသားများ၏ အိုးအိမ်များ၊ ပလီဝတ် ကျောင်းများကို ရခိုင် အစွန်းရောက်များက အစီအစဉ်ရှိရှိ တိုက်ခိုက် မီးရှို့ ဖျက်ဆီးခဲ့သော အထောက်အထား များဖြစ်ပါတယ်။ ရခိုင် အစွန်းရောက်များ၏ ရည်ရွယ်ချက်ကို တွေ့နိုင်ပါတယ်။

သြဂုတ်လ (၂၉) ရက်၊ ၂၀၁၂ ခုနှစ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာ နှင့် မောင်တောမြို့ အခြေအနေ



၂၀၁၂ ခုနှစ် ဇွန်လ ပထမပတ်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်နှင့် ၄င်းပတ်ဝန်းကျင်ရှိ ကမန်မူဆလင်များ နေထိုင်ရာ ကျေးရွာပေါင်း (၇) ရွာကို ရခိုင်အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့ကြသည်။ မီးရှို့ဖျက်ဆီးမှုကြောင့် အဆိုပါကျေးရွာ(၇) ရွာမှ အိမ်ထောင်စု (၁၃၄၅)စု၊ အိမ်ခြေပေါင်း (၁၁၀၀) ကျော်နှင့် လူဦးရေ ၆၉၃၂ ဦးတို့သည် အိုးအိမ်၊ ပိုင်ဆိုင်ပစ္စည်းများနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတို့အားလုံး လုံးလုံးလျားလျား ပျက်စီးသွားခဲ့ပြီး၊ အလွန်တရာ အတိဒုက္ခ ရောက်နေကြပါသည်။ ရမ်းဗြဲမြို့နယ်နေ မူစလင်အများစုသည် အများအားဖြင့် ကမန် တိုင်းရင်းသားများ ဖြစ်ကြပြီး၊ တံငါလုပ်ငန်း၊ အရောင်းအ၀ယ် လုပ်ငန်းနှင့် ကုန်သည်ပွဲစားလုပ် ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ ဖြစ်ကြပါသည်။ ကျောက်နီမော်ဒေသ တစ်ဝိုက်နေ ကမန်မူဆလင် များသည်အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ရေလုပ်ငန်းအပေါ် မှီခိုနေခဲ့ရာ၊ အရေးအခင်း ကာလအပြီး ၄င်းတို့သည် ပင်လယ်၊ မြစ်၊ ချောင်းထဲ မဆင်းရခြင်း၊ ခရီးသွားလာရေး ပိတ်ပင်တားဆီး ခံရခြင်းနှင့် အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအဖြစ် နည်းလမ်းထွက် ပေါက်များကိုလည်း သက်ဆိုင်ရာမှ ပိတ်ပင် တားဆီးလျှက် ရှိသဖြင့် အသက်ရှင် ဘ၀ရပ်တည် စားဝတ်နေရေးအတွက် အလွန်တရာ အတိဒုက္ခ ရောက်နေ ရပါသည်။ ရခိုင်လူမျိုး အကြမ်းဖက်များကြောင့် ကမန်တိုင်းရင်းသားလူမျိုးများ၏ အောက်ဖော်ပြပါ ကျေးရွာများ မီးရှို့ဖျက်ဆီးခံခဲ့ရပါသည်။

The Rohingya Problem: Why? | Speech By Dr. Habib Siddiqui



[Author’s Note: Keynote speech delivered at the International Conference on “Contemplating Burma’s Rohingya People’s Future in Reconciliation and (Democratic) Reform,” held on August 15, 2012 at the Thammasat University, Bangkok.]


As a conscientious global citizen of our planet, I have been writing for the past 32 years since my days as a university student on a plethora of issues, which include history, culture and civilization of the peoples of the South Asia and the Middle East. I have also studied and written on international politics, human rights and terrorism. In my decades of studies I have not found a people that are more persecuted than the Rohingyas of Myanmar, or what used to be called Burma.

Wednesday, August 29, 2012

ရိုဟင်ဂျာလူမျိုး များ ဘင်္ဂလီမဟုတ် | စောလွင် ( ရန်ကုန်တက္ကသိုလ်)

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံအနောက်ဘက် Arakan Region ယခုအခေါ် ရခိုင်ဒေသတွင်ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့သော တိုင်းရင်းသားလူမျိုးစု တစ်စုဖြစ်သည်ကို သမိုင်း အထောက်အထားများ အရ မည်သူမျှငြင်း ၍မရပါ။

ယနေ့ မြန်မာနိုင်ငံ ဦးသန်းစိန်အစိုးရမှ ရိုဟင်ဂျာသည် ဘင်္ဂလီလူမျိုးဖြစ်သည်။ ဘင်္ဂလာဒေခ့်ျမှ ခိုးဝင်လာသူများ သို့တည်းမဟုတ် ကျူးကျော်လာသူများ သို့တည်းမဟုတ် စိမ့်ဝင်လာသူများ အစရှိသဖြင့် ပြောဆိုနေ သည်ကိုတွေ့ရပါသည်။ နိုင်ငံတကာမှ ဖိအားပေးလာလျှင် မတတ်သာ၍ ရိုဟင်ဂျာများ ပြောရမည့်အစား ရိုဟင်ဂျာ နှင့်တွဲ၍ ဘင်္ဂလီကို အသုံးပြုလာသည်ကို တွေ့ရပြန်သည်။ ဤသို့ အသုံးပြုလာရခြင်းမှာ ရိုးသားစွာပြောဆိုခြင်းမဟုတ်ပဲ ကောက်ကျစ်၍ ပြောဆိုနေကြာင်း အဓိပ္ပါယ် ဆောင်နေပါသည်။ အဘယ်ကြောင့်ဆိုသော် လူမျိုးအမျိုး၏ အမည်သည် အမည်နှစ်ခုလုံးဝ မဖြစ်နိုင်ပဲ တစ်မျိုးသာဖြစ်ရမည်။ ရှမ်းလူမျိုးများကိုကြည့်လျှင် တရုတ်နိုင်ငံမှာ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်းရှိသည်။ မောဂ်လူမျိုး ရခိုင်များသည် ဘင်္ဂလားဒေခ့်ျနိုင်ငံတွင် ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရခိုင်လူမျိုးများရှိသည်။ ထိုသူတို့အား တရုတ်မှာ ဖြစ်စေ၊ ဘင်္ဂလားဒေခ်ျ့မှာဖြစ်စေ၊ မြန်မာနိုင်ငံမှာဖြစ်စေ မည်သည့်အရပ်ဒေသမဆို ရှမ်းလူမျိုးသည် ရှမ်း လူမျိုး၊ မောဂ်လူမျိုး (ယခုအခေါ် ရခိုင်)လူမျိုးသည် ရခိုင်လူမျိုးပါပဲ။၊ ရိုဟင်ဂျာသည် ဘင်္ဂလီလူမျိုးမဟုတ်၊ ရိုဟင်ဂျာသည် ရိုဟင်ဂျာဖြစ်သည်။ ဗမာလူမျိုးတယောက်သည် ထိုင်းနိုင်ငံသွားနေထိုင်လျှင် ဗမာထိုင်းလူမျိုးဖြစ်သွားပါမည်လော။ 

ဒါတွေကို ဗဟိုအစိုးရ မသိလေသလား?

ဒါတွေကို ဗဟိုအစိုးရ မသိလေသလား?
ဌေးလွင်ဦး

၂၀၁၂ ဇွန်လ အတွင်းမှာ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျင် မျိုးပြုတ်သုတ်သင်ရေး စီမံချက်ကို မြန်မာအစိုးပိုင်းက အပိုင်ကြံခဲ့တာပါ။- ကမ္ဘာက ၀ိုင်းလိုက်လာတော့-၊ ဒီလို မဟုတ်ရပါ၊ မွတ်ဆလင် လူငယ်တစ် (သုံးယောက်)က ရခိုင်ဗုဒ္ဓဘာသာ အမျိုးသမီးငယ် တစ်ဦးကို လူမဆန်စွာ ပစ္စည်းလု မုဒိန်း ကျင့်သတ်ဖြတ်ခဲ့တာက လူထုဒေါသ အုံကြွပြီး ဖြစ်ရတာပါလို့- ကမ္ဘာကို အံတုပြောဆိုနေပါတယ်။

တောင်ကုတ်မြို့က လူသတ်မှုဟာလည်း အဲ့ဒီက ဆက်ကူးလာတဲ့ ပရောဂ လောင်စာမီး ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။--။ ပြီးတော့ မွတ်ဆလင်တွေကို မုဒိန်းကောင်၊ ရာဇ၀တ်ကောင်များလိုလို ဒီနေ့ထိ ပြော ဆိုနေပါသေးတယ်။---

အမှန်တရားကို ချစ်တဲ့ မြန်မာပြည်သူများ၊ သိက္ခာသမာဓိကို မြတ်နိုးတဲ့ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီး များ၊ ကမ္ဘာသူ ကမ္ဘာသားများ သိစေဘို့-- ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေးရဲ့ ဖြစ်ရပ် မှန်ကို တင်ပြလိုက်ပါမယ်။ (ကျွန်တော်ဟာ ကျောက်နီမော်ကျေးရွာမှာ အကိုဖြစ်သူ ကိုသက်လွင်ဦးနဲ့ အတူ- အလယ်တန်း အထက်တန်းကလေးများကို စာသင်ပေးခဲ့တဲ့ ကျောင်းဆရာ တစ်ဦး ဖြစ်လို့ ရခိုင် ကလေးထဲကရော မွတ်ဆလင်ကလေးထဲကပါ- ချစ်ခင်လေးစားတဲ့ ဆရာတစ်ဦး အဖြစ် အသိမှတ်ပြု တဲ့ တပည့်ပေါင်း များစွာ ရှိပါတယ်။- ဒီသတင်းကို ကိုယ်တိုင် လေ့လာပြီး တင်ပြခြင်း ဖြစ်ပါတယ်။)

ကမ္ဘာကို ဗြောင် မလိမ်ပါနဲ့

ကမ္ဘာကို ဗြောင် မလိမ်ပါနဲ့
ဌေးလွင်ဦး

ဇွန်လ အတွင်း ရခိုင်ပြည်နယ်ထဲမှာ မွတ်စလင်များကို သတ်ချင်တိုင်း သတ်၊ မောင်းထုတ်ချင်တိုင်း မောင်းထုတ်၊ မွတ်စလင်အိမ်များကို အကြီးအကျယ် မီးရှို့ခဲ့ပြီး--၊

ဗုဒ္ဓဘာသာ အမျိုးသားရေး ၀ါဒီတွေက - သူတို့ရဲ့ ရာဇ၀တ်ကျူးလွန်မှုများကို မွတ်ဆလင်များကို တစ်ဘက်သတ် ထိုးချခဲ့ပါတယ်။ မြန်မာတစ်ပြည်လုံးကလည်း အုံးအုံးကျွက်ကျွက် ညံသွားပြီး- တိုင်းရင်းသားတွေကို ကျူးကျော် သူတွေက အတင်းအကြမ်းဖက်သလို ၀ါဒဖြန့်လိုက်ပါတယ်။

အဆိုးဆုံး အခြေအနေထိ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေက ဖန်တီးလိုက်ယုံမျှ မက-၊ ဖြစ်နေဆဲ၊ ငတ်ပြတ် ပြေးလွှားနေဆဲကာလမှာ မြန်မာပြည်ထဲက သွားလေသမျှသော အလူများ အားလုံးကို ဗုဒ္ဓဘာသာများကသာ မောင်ပိုင်စီးလိုက်ပါတယ်။ မေတ္တာရှင် ဘုန်းကြီးများ ကလည်း ရခိုင်မှအပ ကျန်တာအားလုံးကို သေစေချင်စိတ် မျိုးပြုတ်လိုစိတ် အတုံးလိုက် အတစ်လိုက် ဖေါ်ပြခဲ့ကြပါတယ်။

ထေရ၀ါဒဓမ္မကွန်ယက်ဖွင့်ပွဲတွင် အခြေခံဥပဒေအား ဆန့်ကျင်ဟောပြော

ထေရ၀ါဒဓမ္မကွန်ယက်ဖွင့်ပွဲတွင် အခြေခံဥပဒေအား ဆန့်ကျင်ဟောပြော

သြဂုတ်လ၊ ၂၈ ရက်၊ ၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
သတင်း - မြင့်မြတ်သူ

ထေရ၀ါဒ ဓမ္မကွန်ယက် စတင်ဖွဲ့စည်းသောမိန့်ခွန်းတွင် အခြေခံဥပဒေပါ နိုင်ငံတော် ဘာသာသတ်မှတ်ခြင်း ဆိုင်ရာ အခန်းအား ဆန့်ကျင် ဟောပြောမှု တစ်ရပ်အား ထည့်သွင်း ဟောကြားသွားခဲ့ကြောင်း Eleven Media ၏ သြဂုတ်လ ၆ ရက် သတင်းတစ်ပုဒ် တွင် ယခုကဲ့သို ပါရှိခဲ့ပါသည်။

''ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် နိုင်ငံတော်က တရားဝင် သတ်မှတ်ခဲ့တာ ၁၉၆၂ ခုနှစ်ကဆိုတော့ ဒီနှစ်မှာ ၅၂ နှစ်ရှိပါပြီ။ ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ပြန့်ပွားရေးအတွက် ထေရ၀ါဒဓမ္မကွန်ရက် စတင်ဖွဲ့စည်းခဲ့တာပါ''ဟု နာယက ဆရာ တော်တစ်ဦးက ပြောကြားခဲ့ပါသည်

စုံစမ်းရေး ကော်မရှင်ဝင် ၃ ဦးအား ကန့်ကွက်လွာတင်

စုံစမ်းရေး ကော်မရှင်ဝင် ၃ ဦးအား ကန့်ကွက်လွာတင်
  
ရခိုင်ပြည်နယ်ဖြစ်စဉ် စုံစမ်းရေး ကော်မရှင်ဝင် ၃ ဦးအား NDPD ပါတီက သမ္မတထံကန့်ကွက်လွာတင်

သြဂုတ်လ၊ ၂၂ ရက်၊ ၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
သတင်း - SK

ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခဖြစ်စဉ် အမှုမှန်ပေါ်ပေါက်ရေး အတွက်စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းမှုတွင် ပါဝင်သည့် ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်နှင့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးတို့ သုံးဦးသည် အဆိုပါကော်မရှင်တွင် ပါဝင်ရန် သင့်လျော်မှု မရှိကြောင်း၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ(NDPD)က သြဂုတ်၂၁ တွင်သမ္မတထံသို့ ကန့်ကွက်လွှာ တင်သွင်းလိုက် ပြီဖြစ်ကြောင်း ပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက myanmarmuslim.net သို့ပြောကြားသည်။

“ဒီလူတွေဟာ ရိုဟင်ဂျာတွေကို တတိယနိုင်ငံသို့ပို့ဖို့ တရားဝင်ကြေညာ ချက်ထုတ်ထားတဲ့သူတွေ၊ ဒီကော်မရှင်ထဲမှာ အရေးအခင်း(ရခိုင်ဗုဒ္ဓဘာသာ ရိုဟင်ဂျာပဋိပက္ခ)နဲ့ တိုက်ရိုက်ပတ်သက်နေ သူတွေကိုကော်မရှင် မှာထည့်တာ တရားမျှတမှု မရှိနိုင်ပါဘူး။ ဖြစ်ရပ်မှန် မပေါ်ရင်နိုင်ငံအတွက် .......

Tuesday, August 28, 2012

'Thousands of Rohingyas dead' Number of growing casualties played down by authorities, says refugee

'Thousands of Rohingyas dead'
Number of growing casualties played down by authorities, says refugee

MONDAY, AUGUST 27, 2012 - 12:05
Location: KUALA LUMPUR

FOOD BOXES: Rohingya volunteers preparing packages of sardines to be delivered to the Rohingya refugees in Bangladesh — Pix: Arif Kartono

ROHINGYAS in Malaysia are claiming that media reports on the death toll in the Arakan region of Myanmar are grossly inaccurate, saying thousands of Rohingya villagers have become casualties of the growing unrest.

Contractor Abul Kasim, 34. who has been staying in Malaysia for the past 10 years, said the reported numbers were played down by the Myanmar authorities.

Thursday, August 23, 2012

ဘယ်သူက အိမ်ရှင်လဲ | ဌေးလွင်ဦး

အခုတစ်လော ရေပန်းစားလာတဲ့ စကားတစ်ခွန်းက “မွတ်စလင်တွေကလည်း လိမ်လိမ်မာမာ (ပါးပါးနပ်နပ်) နေ ပေါ့၊ အိမ်ရှင်နဲ့ သင့်မြတ်အောင်ပေါင်းပေါ့၊” ဆိုတဲ့ စကားပါပဲ။ ဒီစကားကို အသည်းယားနေတာ ကြာပါပြီ။ ပြောရမှာ များလွန်းလို့ စကားမကြုံနိုင် အလှည့်မရောက်နိုင် ဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့က ကျွန် တော့ မိတ်ဆွေ ဘုန်းကြီးတစ်ပါး ဖုံးဆက်လာတယ်၊ “ဒကာလည်း အတော်လှုပ်ရှားနေတယ် ဆို၊- အေး ဒါတွေ က အစိုးရလှည့်ကွက်တွေပါ၊ ဒီကောင်တွေကတော့ ဒီလိုပဲ အကွက်မျိုးစုံ လုပ်နေမှာပဲ၊ ကိုယ်တွေက သိနေဘို့ လိုတယ်။ မွတ်စလင်တွေကလည်း လိမ်လိမ်မာမာနဲ့ အိမ်ရှင်နဲ့ သင့်မြတ်အောင် အလိုက်သင့်နေတတ်ဘို့ လိုတယ်၊” ဆိုပြီး ပြောလာပြန်ပါတယ်။” ဦဇင်းနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေး အလွန်ရင်းနှီးနေတဲ့ အတွက် ရည်ရွယ် ချက် အဆိုးနဲ့ ပြောတာမဟုတ်ဘူး ဆိုတာ ကျွန်တော်သိနေပါတယ်။ သူ့ခမြာ သူအတွေးရှိသလောက်၊ သူ့ဗဟု သုတ အလျှောက် ကောင်းရာကောင်းကြောင်း ပြောမှန်းလည်း ကျွန်တော် သိနေပါတယ်။ ဒါပေမယ့်-- ဒီစကား က အတော်လေး မှားယွင်းနေတဲ့ စကားဖြစ်နေတော့- ကျွန်တော်လည်း ရေရှည် မြုံမနေသင့်ဘူး ထင်တာနဲ့--

ဆင်သေကို ဆိတ်သားရေဖြင့်ဖုံးရန် ကြိုးစားခြင်း | မောင်ရွှေခိုင်

၁၉၈၈-ခုနှစ်၊ (၈၈၈၈)အရေးအခင်းတွင်၊ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ(၃၀၀၀)ကျော် အသက်ဆုံးရှုံးခံခဲ့ရသည်။ ဤ (၃၀၀၀)ကျော်သော သူများသည် မည်သူ၏လက်ချက်ကြောင့် သတ်ဖြတ်ခံခဲ့ရသနည်း။ န၀တ/နအဖ လက်ထက်တွင် တိုင်းရင်းသားဒေသ များ၏ ရွာအမြောက်အများ ဖျက်ဆီးခံခဲ့ရပြီး၊ အမျိုးသမီးများမုဒိန်းကျင့်ခံခဲ့ရကာ၊ လူငယ်/လူရွယ် မြောက်များစွားသတ်ဖြတ်ခံခဲ့ရသည်။ ၂၀၀၃-ခုနှစ်၊ ဒီပဲယင်းအရေးအခင်းတွင်လည်း NLD-အား ထောက်ခံသူ(၁၀၀)ကျော် အသက်ဆုံးရှုံးခံခဲ့ရကြောင်း မျက်မြင်သက်သေများအရ သိရှိရသည်။ “၈၈”အရေးအခင်းနောက်ပိုင်း ကျောင်းသား၊ ပြည်သူများအား ဘ၀တုံးသွားအောင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ ၁၉၉၆-ခုနှစ်၊ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုကို ပြင်းပြင်းထန်ထန်နှိပ်ကွက်ခဲ့သည်။ ၂၀၀၇-ခုနှစ်၊ ရွှေဝါရောင် သံဃာအရေးအခင်းတွင် လည်း သံဃာတော် အမြောက်အများ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး အချို့အသတ်ခံရကြောင်း ဓါတ်ပုံနှင့်တကွ ဖော်ပြသော သတင်းများအရ သိရှိ ရသည်။ ဤကဲ့သို့ ရဟန်းရှင်လူ၊ ကျောင်းသား၊ပြည်သူများကို ညှင်းပမ်း၊နှိပ်စက်ခြင်း၊ ဘ၀တုံးသွားအောင် နှစ်ရှည်ထောင်သွင်းအကျဉ်းချ ခြင်း၊ မညှာမတာသတ်ဖြတ်ခံခဲ့ရခြင်းတို့အတွက် နစ်နာမှု၊ အမှန်တရား၊ တရားဥပဒေသည် အဘယ်မှာနည်း။ အဓိကကျူးလွန်သော တရားခံ များသည် မည်သူနည်း။ အသွင်ကူးပြောင်း ကာလဟုဆိုနေသော ဒီမိုကရေစီခေတ်နှင့် ဒီမိုကရေစီအပြည့်အ၀ကျင့်သုံးနိုင်သော ခေတ်များ တွင် အပြစ်ကျူးလွန်သူများအား မည်ကဲ့သို့ပြစ်ဒဏ်ချမှတ်နိုင်သနည်း။ အပြစ်ကျူးလွန်သူများသည် န၀တ/နအဖ စစ်အစိုးရခေတ် အုပ်ချုပ် သူ ထိပ်ပိုင်းခေါင်းဆောင်များအားလုံး၊ ယခုဦးသိန်းစိန် အစိုးရအဖွဲ့ ၀င်အများစု၊ ကြံ့ဖွံ့ခေါင်းဆောင်များ တိုက်ရိုက်၊သွယ်ဝိုက်၍ အကျူးံဝင်နေ သည်။