Pages

Thursday, March 21, 2013

မီတ္ထီလာ ပဋိပက ကြီးထွားရန် သင်္ကန်းခြုံ ၀ီရသူ၊ ၉၆၉ အဖွဲ့ ၀င်များနှင့် RNDP ပါတီဝင်များ မဟုတ်မမှန် ၀ါဒဖြန့် လှုံဆော်

 

မီတ္ထီလာဖြစ်ရပ်အား ပိုမိုကြီးထွားစေရန် မစိုးရိမ်တိုက်သစ်မှ သင်္ကန်းခြုံ ၀ီရသူ နှင့် ၉၆၉ အဖွဲ့ ၀င်များ RNDP ပါတီဝင်များ ပူးပေါင်း၍ မဟုတ်မမှန် ၀ါဒဖြန့် လှုံဆော်လျက်ရှိ


Myanmar Muslim Net
မစိုးရိမ်တိုက်သစ်မှ သင်္ကန်းခြုံ ၀ီရသူ က Myanmar Express ဖေ့စ်ဘုတ်စာမျက်နှာတွင် လုပ်ကြံသတင်းများ ထုတ်လွှင့်ခြင်း သတင်းဓါတ်ပုံ နေရာတွင် လက်ပန်းတောင်းတောင် အရေးအခင်းတွင် မီးလောင်ဒဏ်ရာရသော ကိုယ်တော်ပုံအား ဖေါ်ပြ၍ လိမ်လည် ၀ါဒဖြန့်လျက်ရှိပြီး ၉၆၉ အဖွဲ့ဝင်များ
RNDP ပါတီဝင်များ က ပူးပေါင်း ၀ါဒဖြန့်က မီတ္ထီလာဖြစ်ရပ်အား ပိုမိုကြီးထွားစေရန် ဆောင်ရွက်လျက်ရှိနေကြောင်း သတင်းရရှိပါသည်၊ မိတ္ထီလာဖြစ်ရပ် သည် ဒေါက်တာအေးမောင် မှ မြန်မာပြည် အနှံ အရေးအခင်းများ ဖြစ်မှ သာ ရခိုင်ပဋိပက္ခ ရပ်မည်ဟု ပြောပြီး မကြာမှီ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါမိတ္ထီလာမြို့ လူနည်းစု မွတ်စလင်မ် များအပေါ် အနိုင်ကျင့်သည့်ဖြစ်ရပ်ဆိုး မတိုင်မှီ ရက်ပိုင်းအတွင်း မှာ ပင် ၉၆၉ အဖွဲ့ဝင်များက မြို့ အနှံ လှုံဆော်စာများ ဖြန့်ဝေခြင်း မိတ္ထီလာမြို့ အနီးတ၀ိုက် ရှိရွာများ အား သင်္ကန်းခြုံ ၀ီရသူမှ လူမျိုးရေး အစွန်းရောက် တရားများ ဟောပြောပို့ချခြင်းတို့ အား ဆက်တိုက် ပြုလုပ်ပြီး ယခုကဲ့သို့ လူနည်းစု မွတ်စလင်မ် များအပေါ် အနိုင်ကျင့်သည့်ဖြစ်ရပ်ဆိုးများ ဖြစ်ပွားခဲ့ ရခြင်းဖြစ်ကြောင်း အစွန်းရောက်လှုပ်ရှားမှုများအား စောင့်ကြည့်သူများက ပြောကြားပါသည်။

လက်ပန်းတောင်းတောင် အရေးအခင်းကြောင့် အကျပ်အတည်း ဆိုက်ရောက်နေချိန်ဖြစ်သဖြင့် နိုင်ငံရေး ပါတီဝင်အချို့ က ပူးပေါင်းပါဝင်ခဲ့ကြောင်း ၊ယခုဖြစ်ရပ်များမှာဖြစ်ဖြစ် ခြင်း မကြာမှီ တောင်ကုတ်မှာကဲ့သို့ ပင်
စစ်တပ်အသိုင်းအ၀ိုင်း ဖေဘွတ်စာမျက်နှာများမှ စတင်ကာ ဖြစ်စဉ်ဖြစ်ပွားပုံ ရုပ်သံများအား ထုတ်လွှင့်ပေးခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်လာစေရန် စနစ်တကျ စီစဉ်ခဲ့ခြင်းဖြစ်သောလည်း
လူနည်းစု မွတ်စလင်မ်များဘက်မှ မျှော်မှန်းထားသည့် အတိုင်းတုံပြန်မှု များ မရှိခဲ့ခြင်း ၊ ကိုမင်းကိုနိုင်အပါအ၀င် ပုဂ္ဂိုလ် အချို့တို့၏ ကူညီဆောင်ရွက်မှုများကြောင့် အနိုင်ကျင့် ဖျက်ဆီးမှုများ အရှိန်တန့်လာချိန်တွင်
အရှိန်ပြန်မြှင့်တင်ရန် သင်္ကန်းခြုံ ၀ီရသူ က Myanmar Express ဖေ့စ်ဘုတ်စာမျက်နှာတွင် လက်ပန်းတောင်းတောင် အရေးအခင်းတွင် မီးလောင်ဒဏ်ရာရသော ကိုယ်တော်ပုံအား ဖေါ်ပြ၍ ထပ်မံကြိုးစားခဲ့ခြင်းဖြစ်ကြောင်း
ဆက်လက်ပြောကြားခဲ့ပါသည်။

ယခု လက်ရှိ နိုင်ငံနှင့် အ၀ှမ်း ဖြစ်ပွားနေသော လူနည်းစု မွတ်စလင်မ် များအပေါ် အနိုင်ကျင့်သည့်ဖြစ်ရပ်ဆိုးများသည် စနစ်တကျ စီစဉ်ထားခြင်းဖြစ်ကြောင်း၊ အချိန်တို အတွင်း ပျက်စီးဆုံးရှုံးမှု များပြားကြောင်း၊
၎င်းအပြင် အဆိုပါ ဖြစ်ရပ်ဆိုးများအား ဦးဆောင်နေသော သင်္ကန်းခြုံ ၀ီရသူ နှင့် ၉၆၉ အဖွဲ့ ၀င်များ RNDP ပါတီဝင်များ အား အာဏာပိုင်များက ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ခြင်းမရှိခြင်းသည်
မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအပေါ် အစိုးရ၏ အာဏာသက်ရောက်မှု ပမာဏအား မီးမောင်းထိုးပြသကဲ့သို့ဖြစ်နေပါသည်။

"အဆိုပါ ဖြစ်ရပ်ဆိုးများမဖြစ်မှီ မကြာသေးခင် အတောအတွင်း သာသနာရေး ၀န်ကြီးမှ အစ္စလာမ် အဖွဲ့ကြီး ၅ ဖွဲ့ရုံးသို့ သမိုင်းဝင်လာရောက်တွေ့ဆုံခဲ့ခြင်း ၊ ယခုကဲ့သို့ လူနည်းစု အပေါ် အနိုင်ကျင့်သည့်ဖြစ်ရပ်ဆိုးများမဖြစ်မှီ ကပင် ပြန်လည်ခုခံ
ခြင်းမပြုရန် သတိပေးခြင်းများ ပြုလုပ်ခဲ့ခြင်းက စနစ်တကျ ဆောင်ရွက်နေသော အင်အားစု တစ်ရပ်ရှိကြောင်း အသိအမှတ်ပြုပေးခဲ့ခြင်းဖြစ်သလို အဆိုပါ အဖျက်အင်အားစုများအား ထိရောက်စွာ အရေးမယူပဲ ပြုကျင့်ခံရဖွယ်ရှိသူများကိုသာ
သတိပေးတားမြစ်ခြင်းက နောက်ကွယ်တွင် ပဋိပက္ခကြီး တစ်ခုဆီသို့ ကူးပြောင်းသွားရန် နိုင်ငံတော် အဆင့် တာဝန်ရှိသူများကပါဝင် ဆောင်ရွက်နေပါသလားဟု မေးခွန်းထုတ်စရာရှိလာ ပြီဖြစ်ကြောင်း၊ ယခု ဖြစ်ပွားမှုအား ထိရောက်စွာ ကိုင်တွယ်
တားဆီးခြင်းမပြုပါက အလွန်ကြီးမားသည့် အန္တရာယ်ဆိုးများအား လူနည်းစုများ အနေဖြင့် အတောမသတ် ရင်ဆိုင်သွားနိုင်ဖွယ်ရာရှိကြောင်း ရန်ကုန်မြို့ရှိ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ တိုင်းကိုယ်စားလှယ် တစ်ဦး က myanmarmuslim.net သို့ ပြောကြားခဲ့ပါသည်။

No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.