Pages

Friday, September 28, 2012

ရိုဟင်ဂျာသည် မြန်မာမွတ်စလင် - ဌေးလွင်ဦး


မြန်မာနိုင်ငံတွင်းတွင် မွေးဘွား နေထိုင်သော လူသား သည်မြန်မာနိုင်ငံသား ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်းမှ ကချင် လူမျိုးသည် မြန်မာနိုင်ငံသား ကချင် ဖြစ်သည်။ သူတို့အား တရုတ်နိုင်ငံသား ဂျိန်းဖေါများ ဖြစ်သည်ဟု စွပ်စွဲလျှက် မြန်မာနိုင်ငံမှ သုတ်သင် မောင်းထုတ်ခွင့် မရှိချေ။ အလားတူ မြန်မာနိုင်ငံအတွင်းမှ ကရင် လူမျိုးသည် မြန်မာနိုင်ငံသား ဖြစ်သည်။ သူတို့အား ထိုင်းနိုင်ငံမှ ကလီရန်များ ဖြစ်သည်ဟုစွပ်စွဲ၍ မြန်မာနိုင်ငံမှ မောင်းထုတ်ခွင့် မရှိချေ။
ထို့အတူ မြန်မာနိုင်ငံအတွင်းမှ ရိုဟင်ဂျာ လူမျိုးများသည် မြန်မာနိုင်ငံသား ဖြစ်သည်။ သူတို့ မြန်မာနိုင်ငံ အနောက်ပိုင်း မေယုမြစ်ဝှမ်းဒေသမှ ဌာနေ လူမျိုး ဖြစ်သည်။ သူတို့အား ဘင်္ဂလီများဟု သမုတ်၍ မြန်မာနိုင်ငံမှ မောင်းထုတ်ခွင့် မရှိချေ။
မြန်မာနိုင်ငံဧရိယာ အတွင်းမှ မည်သည့် လူမျိုးသည် မဆို- အစ္စလာမ်သာသနာ အား သက်ဝင်ယုံကြည်သူသည် မြန်မာမွတ်ဆလင်များ ဖြစ်သည်။ အာသန်ရာအလျှောက်၊ မိရိုးဖလာအလျှောက် အစ္စလာမ်သာသနာမှ မည် သည့် အသင်း၊ မည်သည့်ဂိုဏ်းအား လက်ခံထားသည် ဖြစ်စေ မြန်မာမွတ်ဆလင်ပင် ဖြစ်သည်။ မြန်မာ မွတ်ဆလင်သည် မြန်မာနိုင်ငံသားများပင် ဖြစ်၍ မြန်မာမွတ်ဆလင်တိုင်း မြန်မာနိုင်ငံသား အခွင့်အရေးကို တင်းပြည့်ကျပ်ပြည့် ရရှိရမည် ဖြစ်သည်။

ကိုးကွယ်ရာ ဘာသာတရားချင်း တူညီမှုအပေါ်- ထိုင်းနိုင်ငံသား တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသား အခွင့်အရေး ကို ရယူနိုင်မည် မဟုတ်သကဲ့သို့- အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် မှ အစ္စလာမ် သာသနာဝင် တစ်ဦး အနေ ဖြင့်လည်း မြန်မာနိုင်ငံသား အခွင့်အရေးကို ရရှိနိုင်မည် မဟုတ်ပေ။ သို့သော် ဘိုးစဉ်ဘောင်ဆက် မြန်မာနိုင်ငံ တွင်း မွေးဘွားနေထိုင် ကြီးပြင်းခဲ့ပါလျှက်- မြန်မာနိုင်ငံသား အစ္စလာမ် သာသနာဝင် တစ်ဦးဦးအား မတရား သော ပေါ်လစီများ၊ မတရားသော ခွဲခြားမှုများ၊ နှိပ်ကွပ် သုတ်သင်မှုများ၊ စီးပွားရေး အရ ဘောင်ခတ်ထားမှုများ၊ နိုင်ငံရေး၌ ဆောင်ရွက်ပိုင်ခွင့်တို့အား ကန့်သတ်ထားမှုများ- မသမာသော နည်းလမ်းများဖြင့် နာမည်ဖျက်ခြင်း များ အားလုံးကိုလည်း မြန်မာမွတ်ဆလင်တို့မှ လက်ခံနိုင်မည် မဟုတ်ပေ။

မြန်မာနိုင်ငံအ၀ှမ်း နိုင်ငံသား မှတ်ပုံတင်များ တရားဝင် ထုတ်ပေးသော အခါ-၊ ရိုဟင်ဂျာတို့အား အတင်းအဓမ္မ အာဏာပြ၍ ဘင်္ဂလီဟု သတ်မှတ်လျှင် ထိုအရေးသည် ကျွန်ုပ်တို့ မြန်မာမွတ်ဆလင်များ အားလုံးကို စော်ကား ခြင်း ဖြစ်သည်။ အလားတူ ကရင်ပြည်နယ်မှ မွတ်ဆလင်များအား ဘင်္ဂလီဟု သတ်မှတ်ခြင်း၊ မွန်ပြည်နယ်မှ မွတ်ဆလင်များအား ဘင်္ဂလီဟု သတ်မှတ်ခြင်း-- မြန်မာပြည်မမှ မွတ်ဆလင်များအား အိန္ဒိယ သို့မဟုတ် ပါကစ္စတန် သို့မဟုတ် ဘင်္ဂလားဒေ့ရှ် တစ်ခုခုဖြင့် ပေါင်းစပ် သတ်မှတ်ခြင်းများသည် မြန်မာမွတ်ဆလင်များ အကြား သီးခြား လူမျိုးစု များစွာ ဖြစ်တည်လာစေရန် သွေးခွဲခြင်းသာ ဖြစ်၍ ကျွန်ုပ်တို့ လုံးဝ လက်ခံမည် မဟုတ် ပေ။

မြန်မာမွတ်ဆလင်များ အနေဖြင့်လည်း အားနာ၍ သော်လည်းကောင်း၊ ကြောက်ရွံ၍ သော်လည်းကောင်း၊ မိမိနှင့် မသက်ဆိုင်ဟု သတ်မှတ်၍ သော်လည်းကောင်း၊ မိမိ၏ အကျိုးစီးပွား ထိခိုက်မည်ဟု တွက်ဆ၍ သော် လည်းကောင်း မတရားမှုတို့အား ငြိမ်ခံနေစရာ မလိုတော့ပေ။ ကမ္ဘာ့ကျေးရွာ ခေတ်ကာလထဲမှ မြန်မာနိုင်ငံ အနေဖြင့် မည်သို့မှ ရှောင်ထွက်၍ မရနိုင်ပေ။

ကျွန်ုပ်တို့၏ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး ဆုတ်ယုတ်မှု တိုးတက်မှု အားလုံးမှာ မြန်မာနိုင်ငံတည်းဟူသည့် သေးငယ်လှသည့် ကမ္ဘာ့အစိတ်အပိုင်းလေး တစ်ခုတည်းတွင် တည်နေခြင်းမဟုတ်- ကမ္ဘာအ၀ှမ်းလုံးနှင့်သာ ပိုမို ပတ်သက် နေသည် ဆိုခြင်းကို မြန်မာမွတ်ဆလင်များ ကောင်းစွာ နားလည်လက်ခံထားပေသည်။

အကယ်၍ ခေါင်းမာသော မျက်ကန်းမျိုးချစ်များမှ မတရားသော ဥပဒေများအား ဆက်လက် ပြဌာန်းလျှင်-၊ မတရားသော ပေါ်လစီများ ဆက်လက် ပြဌာန်းလျှင်၊ မြန်မာတစ်နိုင်ငံ လုံး ကမ္ဘာ့အပြင်ဘက်သို့ မုချရောက်သွား စေရပေမည်။ တနည်းအားဖြင့် မတရားသဖြင့် လူမျိုးတစ်မျိုးမျိုးအား ဆက်လက်ဖိနှိပ်ခြင်း၊ ဖိနှိပ်နိုင်စေရန် အာ ဏာပိုင်များမှ အခွင့်အရေးပေးခြင်း အားလုံး ဆိတ်သုန်းသွားစေရမည်။ ထိုအတွက်လည်း မြန်မာမွတ်ဆလင် များ အနေဖြင့် ဆောင်ရွက်နိုင်သည် ဆိုသည့် အချက်အား မြန်မာတစ်နိုင်ငံလုံး နားလည်လက်ခံသင့်သည်။

ကျွန်ုပ်တို့ အနေဖြင့် မြန်မာနိုင်ငံအား စည်းလုံး ညီညွတ်စေလိုသည်။ စည်ပင်တိုးတက်စေလိုသည်။ အေးချမ်း တည်ငြိမ်စေလိုသည်။ အမုန်းတရားများ ပပျောက်စေလိုသည်။ သို့သော် ထိုအရေးကိစ္စအား ကျွန်ုပ်တို့ တစ် ဘက်တည်းမှ ကြိုစားနေခြင်းမှာ အဓိပ္ပါယ်ကင်းမဲ့သော အားထုတ်မှုသာ ဖြစ်သည်။ ထိုအတွက် တိုင်းပြည် တစ်ခု လုံးအား အမှန်တစ်ကယ် ချစ်မြတ်နိုးသည့် မြန်မာနိုင်ငံသား အားလုံးတွင်လည်း တာဝန်ရှိနေသည်။ ရိုးသား ဖြူ စင်သည့် ခေါင်းဆောင်းတိုင်းတွင် တာဝန်ရှိသည်။

ရိုးသားဖြူစင်ခြင်းကို အခြေမခံဘဲ- မဟာဗုဒ္ဓ၀ါဒ လူမျိုးကြီး စနစ်ကို ထူထောင်လိုသူ အားလုံးနှင့် ကျွန်ုပ်တို့ ထိပ် တိုက် ဖြေရှင်းရန် ကျွန်ုပ်တို့ဘက်မှ အဆင်သင့် ရှိနေကြောင်းလည်း မြန်မာပြည်သူ တစ်ရပ်လုံးအား အသိပေး လိုသည်။

ဒီနေ့မှ စ၍ မြန်မာမွတ်ဆလင်များ အနေဖြင့် သိမ်ငယ်စိတ်၊ အားနာစိတ်၊ ကြောက်ရွံ့စိတ် များကို ပါယ်ဖျောက် ပစ်ရန်လည်း အသိပေးလိုသည်။ လူသား အချင်းချင်း အပြန်အလှန် တန်းတူညီမျှ လေးစားချစ်ခင်ရေးမှ အပ- မတရားမှုများအား တိုက်ဖျက်ရန် မြန်မာမွတ်ဆလင် အားလုံး ပူးပေါင်းပါဝင်ရန်လည်း မေတ္တာရပ်ခံပါသည်။

ဌေးလွင်ဦး

Myanmar Muslim Civil Rights Movement

1 comment:

  1. လီးပဲ နေမယ် ဘင်္ဂလီက ဘင်္ဂလီပဲ ရိုဟင်ဂျာမရှိဘူး
    မင်းတို့ ကုလားတွေ ဘင်္ဂလီက ခိုးဝင်တာမဟုတ်လို့ လီးလို့ရောက်လာရတာလား

    ReplyDelete

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.