Pages

Wednesday, August 29, 2012

ရိုဟင်ဂျာလူမျိုး များ ဘင်္ဂလီမဟုတ် | စောလွင် ( ရန်ကုန်တက္ကသိုလ်)

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံအနောက်ဘက် Arakan Region ယခုအခေါ် ရခိုင်ဒေသတွင်ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့သော တိုင်းရင်းသားလူမျိုးစု တစ်စုဖြစ်သည်ကို သမိုင်း အထောက်အထားများ အရ မည်သူမျှငြင်း ၍မရပါ။

ယနေ့ မြန်မာနိုင်ငံ ဦးသန်းစိန်အစိုးရမှ ရိုဟင်ဂျာသည် ဘင်္ဂလီလူမျိုးဖြစ်သည်။ ဘင်္ဂလာဒေခ့်ျမှ ခိုးဝင်လာသူများ သို့တည်းမဟုတ် ကျူးကျော်လာသူများ သို့တည်းမဟုတ် စိမ့်ဝင်လာသူများ အစရှိသဖြင့် ပြောဆိုနေ သည်ကိုတွေ့ရပါသည်။ နိုင်ငံတကာမှ ဖိအားပေးလာလျှင် မတတ်သာ၍ ရိုဟင်ဂျာများ ပြောရမည့်အစား ရိုဟင်ဂျာ နှင့်တွဲ၍ ဘင်္ဂလီကို အသုံးပြုလာသည်ကို တွေ့ရပြန်သည်။ ဤသို့ အသုံးပြုလာရခြင်းမှာ ရိုးသားစွာပြောဆိုခြင်းမဟုတ်ပဲ ကောက်ကျစ်၍ ပြောဆိုနေကြာင်း အဓိပ္ပါယ် ဆောင်နေပါသည်။ အဘယ်ကြောင့်ဆိုသော် လူမျိုးအမျိုး၏ အမည်သည် အမည်နှစ်ခုလုံးဝ မဖြစ်နိုင်ပဲ တစ်မျိုးသာဖြစ်ရမည်။ ရှမ်းလူမျိုးများကိုကြည့်လျှင် တရုတ်နိုင်ငံမှာ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်းရှိသည်။ မောဂ်လူမျိုး ရခိုင်များသည် ဘင်္ဂလားဒေခ့်ျနိုင်ငံတွင် ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရခိုင်လူမျိုးများရှိသည်။ ထိုသူတို့အား တရုတ်မှာ ဖြစ်စေ၊ ဘင်္ဂလားဒေခ်ျ့မှာဖြစ်စေ၊ မြန်မာနိုင်ငံမှာဖြစ်စေ မည်သည့်အရပ်ဒေသမဆို ရှမ်းလူမျိုးသည် ရှမ်း လူမျိုး၊ မောဂ်လူမျိုး (ယခုအခေါ် ရခိုင်)လူမျိုးသည် ရခိုင်လူမျိုးပါပဲ။၊ ရိုဟင်ဂျာသည် ဘင်္ဂလီလူမျိုးမဟုတ်၊ ရိုဟင်ဂျာသည် ရိုဟင်ဂျာဖြစ်သည်။ ဗမာလူမျိုးတယောက်သည် ထိုင်းနိုင်ငံသွားနေထိုင်လျှင် ဗမာထိုင်းလူမျိုးဖြစ်သွားပါမည်လော။ 
ရိုဟင်ဂျာလူမျိုးများ၏ ဘာသာ ဓလေ့ ထုံးစံ ယဉ်ကျေးမှု စကား အပြောအဆို စသည်တို့သည် ဘင်္ဂလားဒေခ်ျ့နိုင်ငံ စစ်တကောင်း ဒေသ ဘင်္ဂလီလူမျိုးများနှင့် ဆင်တူနေသည် စသဖြင့် ရုပ်ပိုင်းနှင့် နာမ်ပိုင်းဆိုင်ရာများကို အပေါ်ယံကြည့်၍ ကောက်ချက် ချ၍မရပေ။ ထိုသို့ အသွင် ပြောင်းလဲမှု ဖြစ်ရအောင် အဘယ်သူတို့က ပြုလုပ်စေခဲ့သနည်း။ အဘယ်အကြောင်း ကြောင့် ဘင်္ဂလီလူမျိုးကဲ့သို့ ဆင်တူဖြစ်နေရသနည်း။ 

ဤမေးခွန်း၏အဖြေ ကိုပေးရမည်ဆိုလျှင်အဖြေကား လွယ်ကူစွာ နားလည်နိုင်ပါသည်။ ယနေ့ရိုဟင်ဂျာလူမျိုးများ၏ သဘော သဘာဝကို အပေါ်ယံလေ့လာ၍ ဘင်္ဂလီလူမျိုး ဟူ၍ ကောက်ချက် မချသင့်ပါ။ မည်သို့သော လူမျိုးတစ်မျိုး မဆို ရေမြေတောတောင် အနေအထားအရ ပတ်ဝန်းကျင် လူနေမှု အပေါင်းအသင်း နှင့် ကူးလူးဆက်ဆံမှု အပေါ်တွင် မှုတည်နေသည်ကိုတွေ့ရပေမည်။ ထိုသို့ ခေတ်အဆက်ဆက်က မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုး တစ်မျိုးဖြစ်သော ရိုဟင်ဂျာလူမျိုးများကို မြန်မာနိုင်ငံ အစိုးရက တခြားပြည်နယ်နေ တခြားတိုင်းရင်းသားများနှင့် ကူးလူးဆက်ဆံခြင်းကို ဥပဒေအရ သွားလာမှုကို အဟန့်အတား ဖြစ်စေရန် တားမြစ် ချုပ်ချယ်ထားခြင်း၊ မိမိတို့၏နေရင်းမြို့နယ်မှတစ်ခြားမြို့နယ်များသို့ ခရီးသွားလာခြင်းပိတ်ပင်ထားခြင်း၊ ပညာရေးကို သင်ယူလေ့လာခြင်းကို နည်းပရိယယ်အမျိုးမျိုးဖြင့် အဟန့်အတားဖြစ်စေရန်ပြုလုပ်ထားခြင်း၊ ရိုဟင်ဂျာလူမျိုးများကို တစ်ခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ များနှင့် နှီးနှော ဖလှယ် ၍ မရအောင် တနည်းအားဖြင့် ထိတွေ့မှု မရှိအောင် ဥပဒေအရ ဖိနှိပ်ချုပ်ချယ်ထားခြင်း စသည်တို့သည် ယနေ့အထိ ဖြစ်ပါသည်။ လူ့လောကတွင် လူသားတို့၏ ရုပ်ပိုင်း နှင့်နာမ်ပိုင်း ဆိုင်ရာများ မနုဿဗေဒအရ အတွင်းကျကျ လေ့လာမှသာ တိကျသော အဖြေကို ရရှိနိုင်ပေမည်။ ယနေ့ရိုဟင်ဂျာလူမျိုးများ၏ ဘဝဖြစ်စဉ်ကို ဥိးသန်းစိန်၏ပြောကြားချက်အရ Third Generation နိုင်ငံသား ဖြစ်သည် အထိမဟုတ်ပဲ ဘိုးဘေး ဘီဘင် ကို လေ့လာဆန်းစစ်ကြည့်မည်ဆိုလျှင် မြန်မာ နိုင်ငံ ခေတ်အဆက်ဆက်တွင် လူမျိုးတစ်မျိုးကို လူမျိုးတုန်း အမျိုးပြုတ် ဖြစ်သွားအောင် လုပ်လိုသည့်အတွက် နိုင်ငံတော်မှ မကောင်းဆိုးဝါး ပေါ်လစီများကို ရေရှည် ချမှတ်ကာ ဘက်ပေါင်းစုံမှ ဖိနှိပ်ချုပ်ချယ်လာခဲ့သောကြောင့် ဘင်္ဂလီကဲ့သို့ အသွင်ပြောင်းနေခြင်း ဖြစ်ပါသည်။ ဖိနှိပ်ချုပ်ချယ်နေသည်ဟုဆိုရာ၌ ဥပမာအားဖြင့် ဆိုရလျှင် လူနာတစ်ယောက်ဆေးကုသရန်လိုသည် ဆိုပါက ၎င်းလူနာလက်ဝယ်တွင် မြန်မာနိုင်ငံသားဖြစ်ကြောင်းအထောက်အထားခိုင်လုံစွာရှိသော်ငြားလည်း ပြည်မသို့သွားရောက်၍ ဆေးကုခွင့်မပေးပဲ ပြည်မနှင့် ထိတွေ့မှုမရှိစေရန် အောက်ခြေမှ အာဏာပိုင်အဖွဲ့အစည်းများဖြင့် ကွဲခြား အုပ်ချုပ်မှုဖြင့် အဟန့်အတားပြုစေပြီး ထိုအထောက်အထားများဖြင့် ဘင်္ဂလားဒေခ်ျ့နိုင်ငံသို့ လွယ်လင့်တကူသွားခွင့်ပေးခြင်းမျိုးကဲ့သို့သော အဘက်ဘက်မှ ဘင်္ဂလီလူမျိုးများ၏ ရိုးရာ ဓလေ့ထုံးစံများ ရိုဟင်ဂျာလူမျိုးများထံ လွှမ်းမိုးလာအောင် ထိုကဲ့သို့သော အကွက်များဆင်ပေးခြင်းဖြင့် ယခုကဲ့သို့ ဘင်္ဂလီဟူ၍ပြောဆိုနိုင်ရန် နှစ်ရှည်စီမံကိန်းများ ရေးဆွဲ၍ လုပ်လာသည်မှာ နိုင်ငံတော် ဝန်ထမ်းများထမ်းဆောင်ခဲ့သော ပခုံးပြောင်း တာဝန်ဖြစ်ပေသည်။ 

ထို့ကြောင့် ယနေ့မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးများသည် တိုင်းရင်းသားလူမျိုးစု တစ်စုဖြစ်ပါလျက်နှင့် ရာစု နှစ်ပေါင်းများစွာကြာလေ၊ အသွင်ပြောင်းလေ ဖြစ်လာသောကြောင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ၏အမြင်တွင် ဘင်္ဂလီလူမျိုးများကဲ့သို့မြင်နေကြရခြင်းဖြစ်ပေသည်။ အမှန်မှာ Arakan History (အခုအခေါ် ရခိုင်သမိုင်း) တွင် ရိုဟင်ဂျာလူမျိုးများကို အစ္စလာမ် ဘာသာဝင် မူဆလင် များဟူ၍ အေဒီ ၈ ရာစုကပင် တွေ့ရကြောင်း သမိုင်းသုတေသီများကဖေါ်ပြထားသည်ကို တွေ့ရှိရပါသည်။ အများအားဖြင့် ပြည်တွင်းပြည်ပ နိုင်ငံရပ်ခြား သမိုင်းသုတေသီများ ရခိုင်သမိုင်းကို ရေးသားရာတွင် ထိုခေတ် ထိုအချိန်မှစ၍ ဘာသာကွဲလူမျိုး များရှိကြောင်း၊ ဘာသာကွဲဆိုရာ၌ ဗုဒ္ဓဘာသာကို ကိုးကွယ်သော မောဂ် လူ မျိုး ( ယခုအခေါ် ရခိုင်လူမျိုး) များနှင့် အခြား မျိုနွယ်စု တောင်ပေါ်တိုင်းရင်းသားများ၊ အစ္စလာမ်ဘာသာကို ကိုးကွယ်သော မူဆလင်လူမျိုးများ ဟူ၍ ဖေါ်ပြထားထားသည်ကိုတွေ့ရသည်။ ဤသို့ မူဆလင်လူမျိုးများဟု ဖေါ်ပြခြင်းမှာ ဘာသာခြားလူမျိုးသမိုင်း သုတေသီများက ဒေသတစ်ခုမှ လူမျိုးအသီးသီး၏ လူမျိုးအမည်များဖေါ်ပြရာတွင် အစ္စလာမ်မဟုတ်သော လူမျိုးများ၏အမည်များကို များသောအားဖြင့် ဖေါ်ပြလေ့ရှိပြီး အစ္စလာမ်ဘာသာကိုကိုးကွယ်သော မူဆလင်များ ၏မူရင်းအမည် များကိုမဖေါ်ပြပဲ မူဆလင်လူမျိုးများဟုဖေါ်ပြလေ့ရှိသည်။ အမှန်စင်စစ် အစ္စလာမ်ဘာသာကို ကိုးကွယ်သူတိုင်းသည် မူဆလင်များဖြစ်သောကြောင့် ဖြစ်ပါသည်။ မူဆလင်သည် လူမျိုးမဟုတ်ပါ။ 

ယနေ့ မောဂ်လူမျိုး (ရခိုင်လူမျိုး) များသည် Arakan ဒေသ၏မူရင်းတိုင်းရင်းသားများမဟုတ်ပါ။ ထိုခေတ်ထိုအချိန်တွင် ချန္ဒြား (စန္ဒြား)မင်းဆက် ဟိန္ဒူ လူမျိုးများဖြစ်ပေသည်။ ဤအဆိုကို မည်သူမှငြင်း၍ ရမည်မဟုတ်ပါ။ ယနေ့ ရခိုင် မောဂ်လူမျိုးများသည် အိန္ဒိယတိုက်ငယ် “မာဂဓ” ဒေသမှ Arakan ဒေသသို့ ရေကြည်ရာမြက်နုရာ ဒေသအလိုက်ရွှေ့ပြောင်း အခြေစိုက်ရောက်ရှိလာခြင်းပင်ဖြစ်သည်။ ထိုဒေသတွင် မူရင်း ဌာနေ တိုင်းရင်းသားများ၏ဒေသနယ်မြေများကို အပိုင်စီးယူခြင်းပင်ဖြစ်ပါသည်။ ထိုအချိန်တွင် တိုင်းရင်းသား နိုင်ငံသားဟူ၍ ကွဲခြားမှုမရှိခဲ့ပါ။ 

အေဒီ ၈- ရာစု နောက်ပိုင်း အာရဗ်ကျွန်းဆွယ်မှ အစ္စလာမ်ဘာသာထွန်းကား လာချိန်တွင် အာရဗ်ကုန်သည် များမှ Arakan ဒေသ မူရင်းဌာနေ နေ ဟိန္ဒူလူမျိုးများသည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားစေပြီး၊ အစ္စလာမ် ဘာသာဝင် မူဆလင်များဖြစ်လာသကဲ့သို့၊ ထိုနည်းတူ ယနေ့ ဘင်္ဂလီလူမျိုးများသည် ထိုခေတ် ထိုအချိန်တွင် ဘင်္ဂလားဒေသတွင်နေထိုင်သော သူများသည် ဟိန္ဒူလူမျိုးများ ဖြစ်ပြီး အစ္စလာမ်ဘာသာ ထွန်းကားချိန်တွင်အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားသော မူဆလင်များပင်ဖြစ်ကြသည်။ ထိုသို့ ဘင်္ဂလား ဒေသကို အစွဲပြု၍ ထိုဒေသတွင်နေထိုင်သော သူများကို ဘင်္ဂလီလူမျိုးဟု ယနေ့အထိ ခေါ်ဆိုနေပြီး၊ ယနေ့ ရိုဟင်ဂျာများကို Arakan ဒေသတွင် အာရဗ်ဘာသာစကား “ရာဟာမ်” “ရိုဟင်ချောရ်” ကိုအစွဲပြု၍ ထိုဒေသတွင် နေထိုင်သော သူများကို ရိုဟင်ဂျာ ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ 

ယနေ့ ရခိုင်လူမျိုးများသည် အိန္ဒိယတိုက်ငယ် မာဂဓ ဒေသမှ ရွှေ့ပြောင်း လာရောက် အခြေချ နေထိုင်သူများသည် မောဂ်လူမျိုး မဖြစ်ပဲ ရခိုင်ပြည်နယ် ရခိုင် တိုင်းရင်းသား စစ်စစ်ဖြစ်နိုင်လျှင်၊ ထိုခေတ် ထိုအချိန်မှ စန္ဒြားမင်းဆက်မျိုးနွယ်ဟိန္ဒူဘာသာဝင်များ အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားသူ မူဆလင်များသည် Arakan Region ရခိုင်ပြည် တိုင်းရင်းသား မဖြစ်နိုင်ခြင်းမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ခြင်းတစ်ခုတည်းကြောင့်သာဖြစ်သည်ကို ဘာသာရေးလွတ်လပ်ခွင့် ရှိ မရှို တွေဝေ စဉ်းစား ဆင်ခြင်နိုင်ပါရန် တင်ပြလိုက်ပါသည်။
စောလွင် ( ရန်ကုန်တက္ကသိုလ်)

No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.